Connect with us

Hi, what are you looking for?

News

နယူးယောက်မြန်မာမိသားစုများနှင့်တွေ့ဆုံပွဲတွင် ရေးသားထားသော Slogan စာသားနှင့်ပတ်သက်၍ NUG ဝန်ကြီးတောင်းပန်

‘Denying NUG is Denying Democracy’(NUG ကို ငြင်းပယ်ခြင်းက ဒီမိုကရေစီကို ငြင်းပယ်ခြင်းဖြစ်သည်)ဟု​သော စာသား​ရေးသားထားခြင်းနှင့်ပတ်သပ်၍ ​နွေဦး​တော်လှန်​ရေးတွင်ပါဝင်​နေ​သော တက်ကြွလှုပ်ရှားသူအချို့ကလည်း​ဝေဖန်​ထောက်ပြခဲသည်။

အမေရိကန်သို့ရောက်ရှိနေသော NUG ကိုယ်စားလှယ်အဖွဲ့နှင့် နယူးယောက်မြန်မာမိသားစုများ တွေ့ဆုံပွဲတွင် ရေးသားထားသော Slogan စာသားနှင့်ပတ်သက်၍ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက တောင်းပန်လိုက်သည်။

ဧပြီ ၁၃ ရက်က ဝန်ကြီးဦးအောင်မျိုးမင်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နယူးယောက်မြို့ရှိ မြန်မာမိသားစုတို့တွေ့ဆုံပွဲတွင် ‘Denying NUG is Denying Democracy’(NUG ကို ငြင်းပယ်ခြင်းက ဒီမိုကရေစီကို ငြင်းပယ်ခြင်းဖြစ်သည်)စာသားကို ဝန်ကြီးများရှင်းလင်းပွဲခုံရှေ့၌ ထားရှိခဲ့ခြင်းဖြစ်သည်။

“စီစဉ်သူ​တွေက နိုင်ငံတကာအစိုးရ​တွေကို ရည်ရွယ်​ရေးသားထားတာဖြစ်ဟန်ရှိ​ပါတယ်။ စီစဉ်သူ​​တွေ ရေးသားခဲ့ကြတဲ့ slogan ဖြစ်ပေမယ့် အခမ်းအနားအချိန်ကို​နောက်ကျပြီး​ရောက်သွားတဲ့အတွက် သတိမထားလိုက်မိတာကို ဝန်ခံပါရ​စေ။ သတိမထားမိခဲ့တဲ့အတွက် ကျွန်တော်မှာလည်း တာဝန်ရှိပါတယ်။ ဒီစာသားကြောင့် အနှောက်အယှက်ဖြစ်စေခဲ့ရတဲ့အတွက် တောင်းပန်ရင်းနဲ့ နောင်ဒီလိုမဖြစ်အောင် သတိပြုဆင်ခြင်ပါမယ်ဆိုတဲ့အကြောင်းကို ကတိပြုလိုပါတယ်” ဟု ဝန်ကြီး ဦးအောင်မျိုးမင်းက ၎င်း၏လူမှုကွန်ရက်မှတဆင့် လူထုကို အသိပေးသည်။

ထို့အပြင် လက်ရှိတော်လှန်ရေးသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG တစ်ခုတည်း၏ တော် လှန်ရေးမဟုတ်ဘဲ ပြည်သူလူထုတရပ်လုံး၏ တော်လှန်ရေးဖြစ်ကြောင်းနှင့် NUG သည် တော် လှန်ရေးအတွက် ယာဉ်ရထားတစ်စင်း၊ နည်းလမ်းတစ်ခုနှင့် အစိတ်အပိုင်း တစ်ရပ်သာဖြစ် ကြောင်း ဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အထက်ပါ နယူးယောက်မြန်မာမိသားစုနှင့်တွေ့ဆုံပွဲသို့ တက်ရောက်သူ ၁၀၀ ခန့်ရှိခဲ့ပြီး နယူး​ယောက်မှ ​တော်လှန်​ရေးမိသားစု​များ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးကာ အပြန်အလှန်ခွန်အားယူကြသည့်ပွဲလေးဖြစ်ကြောင်း ဝန်ကြီးက ရေးသားထားသည်။

‘Denying NUG is Denying Democracy’(NUG ကို ငြင်းပယ်ခြင်းက ဒီမိုကရေစီကို ငြင်းပယ်ခြင်းဖြစ်သည်)ဟု​သော စာသား​ရေးသားထားခြင်းနှင့်ပတ်သပ်၍ ​နွေဦး​တော်လှန်​ရေးတွင်ပါဝင်​နေ​သော တက်ကြွလှုပ်ရှားသူအချို့ကလည်း​ဝေဖန်​ထောက်ပြခဲသည်။

“ကျမတို့ခေါင်းထဲသံမှိုစွဲအောင် မှတ်ထားရမှာက – NUG ကြောင့် နွေဦးဖက်ဆစ်တော်လှန်ရေးဖြစ်ပေါ်လာခြင်းမဟုတ်။ NUG ကြောင့် ဒီမိုကရေစီအတွက် အသက်ပေး တိုက်ပွဲဝင်နေကြခြင်းမဟုတ်။ ဖက်ဆစ်အာဏာရှင်စနစ်ကို ရွံ့မုန်းခြင်းကြောင့်၊ ဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်နေကြခြင်းဖြစ်တယ်” ဟု ဘူသိ့များ​သော နိုင်ငံ​ရေးတက်ကြွလှုပ်ရှားသူတစ်ဦဖြစ်​သော မအက်စတာဇာနောက ၎င်း၏​ဖေစ်ဘွခ်တွင်​ရေးသား​ထောက်ပြထားသည်။

​နွေဦး​တော်လှန်​ရေး ကနဦး ရန်ကုန်တွင် စစ်အာဏာရှင်ဆန်ကျင်​ရေး အ​စောဆုံးဆန္ဒပြပွဲများတွင်ပါဝင်ခဲ့​သူတစ်ဦးဖြစ်ပြီး ၊Time Magazine ၏၂၀၂၁ ခုနှစ် သြဇာအလွှမ်းမိုးနိုင်ဆုံးပုဂ္ဂိုလ် ၁၀၀ တွင် ​ရွေးချယ်ခံခဲ့​သော အက်စတာ​ေ​ဇေနောက ဆက်လက်၍လည်း”NUG ဟာ လက်ရှိကြားကာလရဲ့ ယာယီပြည်သူ့ကိုယ်စားလှယ်တွေဖြစ်တယ်။ ပြည်သူကို ကိုယ်စားမပြုနိုင်တဲ့ တစ်နေ့ အဆုံးသတ်ရလိမ့်မယ်။ NUG အဆုံးသတ်သွားခဲ့ရင်တောင် ပြည်သူရဲ့ ဒီမိုကရေစီ ဆာငတ်ခြင်းကတော့ ပျယ်ပျောက်သွားမှာမဟုတ်ပါဘူး။ အခုလိုပြောတာ NUG ကို တိုက်ခိုက်ခြင်းမဟုတ်ပါ။ နောက်ထပ် ခေတ်သစ်ဖက်ဆစ်မျိုးစေ့ကို တော်လှန်ရေးခေါင်းစဉ်အောက်က အစုအဖွဲ့တွေအတွင်းမှာ လုံးဝ(လုံးဝ) မမြင်တွေ့လိုတော့တဲ့အတွက် ဖြစ်ပါတယ်။ အရေးတော်ပုံအောင်ရမယ်! “ဟု​​ထောက်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2026 လှုပ်ရှားမှုအနေနဲ့ နယူးယောက်မြို့ UN ရုံးချုပ်ရှေ့မှာ မြန်မာပြည်ဖွားတိုင်းရင်းသားတွေရဲ့ လူ‌ထုထောက်ခံချီတက်ပွဲ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။