Connect with us

Hi, what are you looking for?

LuduNwayOo

News

အာရှလမ်းမကြီးမှာအရပ်သားကားတွေကို ပစ်ခတ်တာမလုပ်ဖို့ KNLA စစ်ဦးစီးချုပ်ညွှန်ကြား

ဒီညွှန်ကြားချက်ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU ) ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ ဆုံးဖြတ်ချက်အရလည်းဖြစ်ပါတယ်။

မြဝတီ − ကော့ကရိတ် အာရှလမ်းမကြီးပေါ်မှာသွားလာနေတဲ့ ခရီးသည်တင်ကားတွေ ၊ကုန်တင်ကားနဲ့ အရပ်သားကားတွေကို ပစ်ခတ် မီးရှို့တာတွေမလုပ်ဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

KNLA တပ်မဟာ ၆ နဲ့တပ်မဟာ ၇ တပ်မဟာမှူးတွေထံ ညွှန်ကြားထားတာလို့သိရပါတယ်။

ဒီညွှန်ကြားချက်ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU ) ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ ဆုံးဖြတ်ချက်အရလည်းဖြစ်ပါတယ်။

Public Service Announcement

ညွှန်ကြားချက်ကို အောက်ခြေက တပ်မှူး ၊တပ်သားတွေ ထံကို ထပ်မံညွှန်ကြားဖို့နဲ့ လိုက်နာမှုမရှိရင် လိုအပ်သလိုအရေးယူဆောင်ရွက်သွားမှာလို့ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီရဲ့ ညွန်ကြားချက်မှာ ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ အာရှလမ်းမကြီးကိုအသုံးချကာ ကရင်ပြည်နယ်ထဲ စစ်အင်အားတိုးချဲ့နေတာကြောင့် ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကစပြီး မြဝတီ − ကော့ကရိတ် အာရှလမ်းမကြီး လမ်းပိုင်း သွားလာတာကို ယာယီရပ်ဆိုင်းပေးထားကြဖို့ KNU က ပြည်သူတွေထံ မေတ္တာရပ်ခံထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အာရှလမ်းမကြီး လမ်းပိုင်းတစ်နေရာမှာ တိုက်ပွဲဖြစ်ပြီး ကုန်တင်ယာဉ်နှစ်စီးမီးလောင်ပျက်စီးခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် ယခုနှစ်အတွင်း ပြည်သူ ၃၀ဦးကို ဖမ်းဆီးခဲ့ရာ ၁၀ဦးအား ပြန်လွှတ်ပေးခြင်းမရှိသေးဟု မင်းတပ် CDFက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီလက်ထဲရှိ ဖမ်းဆီးထိန်းသိမ်းခံ အထက်ပါအရပ်သားပြည်သူများ၏ အသက်အန္တရာယ်မှာ ကြီိးမားစွာခြိမ်းခြောက်ခံနေရကြောင်း HDCO က ဆိုသည်။

သတင်း

တနင်္သာရီတိုင်းတွင် KNLA က​ဒေသခံ​တော်လှန်​ရေးတပ်ဖွဲ့များနှင့်ပူး​ပေါင်း၍ စစ်​ကောင်စီတပ်ကို ယခုလပိုင်းအတွင်းပိုမိုတိုက်ခိုက်​လာရာ စစ်​ကောင်စီတပ်အထိနာ​နေသည်။

သတင်း

စစ်ကောင်စီထောက်တိုင်များလည်း ပြည်သူများအား ဆက်လက် ဖိအားပေးနေပါက အရေးယူဆောင်ရွက်သွားမည်ဟု ​ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။