Connect with us

Hi, what are you looking for?

News

အာရှလမ်းမကြီးမှာအရပ်သားကားတွေကို ပစ်ခတ်တာမလုပ်ဖို့ KNLA စစ်ဦးစီးချုပ်ညွှန်ကြား

ဒီညွှန်ကြားချက်ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU ) ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ ဆုံးဖြတ်ချက်အရလည်းဖြစ်ပါတယ်။

မြဝတီ − ကော့ကရိတ် အာရှလမ်းမကြီးပေါ်မှာသွားလာနေတဲ့ ခရီးသည်တင်ကားတွေ ၊ကုန်တင်ကားနဲ့ အရပ်သားကားတွေကို ပစ်ခတ် မီးရှို့တာတွေမလုပ်ဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

KNLA တပ်မဟာ ၆ နဲ့တပ်မဟာ ၇ တပ်မဟာမှူးတွေထံ ညွှန်ကြားထားတာလို့သိရပါတယ်။

ဒီညွှန်ကြားချက်ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU ) ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ ဆုံးဖြတ်ချက်အရလည်းဖြစ်ပါတယ်။

Public Service Announcement

ညွှန်ကြားချက်ကို အောက်ခြေက တပ်မှူး ၊တပ်သားတွေ ထံကို ထပ်မံညွှန်ကြားဖို့နဲ့ လိုက်နာမှုမရှိရင် လိုအပ်သလိုအရေးယူဆောင်ရွက်သွားမှာလို့ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီရဲ့ ညွန်ကြားချက်မှာ ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ အာရှလမ်းမကြီးကိုအသုံးချကာ ကရင်ပြည်နယ်ထဲ စစ်အင်အားတိုးချဲ့နေတာကြောင့် ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကစပြီး မြဝတီ − ကော့ကရိတ် အာရှလမ်းမကြီး လမ်းပိုင်း သွားလာတာကို ယာယီရပ်ဆိုင်းပေးထားကြဖို့ KNU က ပြည်သူတွေထံ မေတ္တာရပ်ခံထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အာရှလမ်းမကြီး လမ်းပိုင်းတစ်နေရာမှာ တိုက်ပွဲဖြစ်ပြီး ကုန်တင်ယာဉ်နှစ်စီးမီးလောင်ပျက်စီးခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ခမရ(၅၅၇)တပ်သား ၂ဦး လက်နက် ၃လက်ယူလာပြီး အလင်းဝင်လာ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။