Connect with us

Hi, what are you looking for?

News

အင်းမရွာသို့ စစ်ကူလာသည့် စစ်ကောင်စီခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂၀ကျော်သေဆုံးနိုင်ဟု ချောင်းဦး PDF ​ပြော

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီလက်နက်ကိုင်စစ်သားတစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသည့်အရေအတွက်မသိရကြောင်း၊ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး(မစိုးရိမ်ရ)ဒဏ်ရာ ရရှိခဲ့ကြောင်း ချောင်းဦး PDF က ပြောသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် အင်းမကျေးရွာသို့ စစ်ကူလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်၏ ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၂၀ကျော် သေဆုံးနိုင်ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဧပြီ ၂၃ ရက်) နံနက် ၇ နာရီခန့်က ချောင်းဦးမြို့နယ်၊ ကင်မွန်းတော် ပျူစောထီးရွာမှ ပျူစောထီးသောင်းကျန်းသူများနှင့် အဆိုပါရွာတွင် ရောက်ရှိနေသော စစ်ကောင်စီလက်နက်ကိုင် ပူးပေါင်းအင်အား ၆ဝ ဦးခန့်က ချောင်းဦးမြို့နယ် အင်းမကျေးရွာသို့ အကြမ်းဖက်စီးနင်းရန် လာရောက်နေကြောင်း သတင်းအရ ချောင်းဦး(ပကဖ)အင်အားစုဖွဲ့ရေးနှင့် စစ်ဆင်ရေးတာဝန်ခံ၏ အနီးကပ်ကွပ်ကဲမှုဖြင့် ချောင်းဦး PDF တပ်ခွဲ (၁)မှ ရဲဘော်များက သွားရောက်ခုခံကာကွယ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းအင်အား ကွာခြားမှု၊ အသင့်ပြင်ဆင်ထားပြီးသော မိုင်းများကို အကြမ်းဖက်စစ်ကောင်စီဘက်မှ Jammer နည်းပညာအသုံးပြုနှောက်ယှက်သဖြင့် ဖောက်ခွဲတိုက်ခိုက်နိုင်ခြင်းမရှိခဲ့သောကြောင့် ၃ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် နံနက် ၁၀နာရီခွဲခန့်တွင် ရဲဘော်များ အင်းမကျေးရွာမှ ဆုတ်ခွာခဲ့ရကြောင်း၊ စစ်ကောင်စီ သောင်းကျန်းသူများသည် အင်းမကျေးရွာအတွင်း မွှေနှောက်လုယက်ပြီးနောက် ပြည်သူ့နေအိမ် ၇၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ကျေးရွာအတွင်း ပိတ်မိကျန်ရစ်ခဲ့သော ရွာသားတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း ​ ထုတ်ပြန်အသိပေးသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီလက်နက်ကိုင်စစ်သားတစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသည့်အရေအတွက်မသိရကြောင်း၊ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး(မစိုးရိမ်ရ)ဒဏ်ရာ ရရှိခဲ့ကြောင်း ချောင်းဦး PDF က ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များ အင်းမကျေးရွာမှ ပြန်လည်ထွက်ခွာသွားပြီး​နောက် ချောင်းဦးမြို့မှ စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်မှာ ကင်မွန်းတော်ရွာဘက်သို့ အင်အားဖြည့်တင်းရန် ခြေလျင်လာရောက်နေကြောင်း သတင်းရရှိသဖြင့် ချောင်းဦး PDF မိုင်းတပ်စုမှ ရဲဘော်များက ချောင်းဦးမြို့စပ် တစ်နေရာတွင် စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၂၇ ဦး သေဆုံးပြီး ​ခြောက်ဦး ထိခိုက်ဒဏ်ရာပြင်းထန်ကြောင်း၊ ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ချောင်းဦးမြို့ထဲသို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

အင်းမကျေးရွာသို့ စစ်ကူလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သည် ချောင်းဦးမြို့၏အနောက်ဘက်၊ချောင်းဦး -အမြင့်လမ်း၏မြောက်ဘက် အနီးတွင် ယမန်နေ့ ညနေ ၅နာရီဝန်းကျင်က တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီးစစ်ကောင်စီ တပ်သားအများအပြားသေဆုံးနိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

“ပထမတစ်လုံးကွဲတယ်။ သေနတ်တွေနဲ့ဆက်တိုက်ပစ်နေတဲ့အသံတွေကြားရသေးတယ်။ ခဏနေတော့ဒုတိယတစ်လုံးထပ်ကွဲတယ်။ပစ်သံကလုံးဝမကြားရတော့ဘူး။ အဲ့ကားတွေက အသွားတုန်းကလူအပြည့်ပဲ။ မိုင်းဆွဲခံရပြီးအပြန်ကျတော့ ထိုင်ပြီးပါသွားတဲ့သူတွေက လေးယောက်လောက်ပဲထိုင်လိုက်လာပြီးကျန်တာတွေက ပက်လက်တွေပါလာတာ”ဟု ဒေသခံတစ်ဦးက ​ဒေသတွင်းမိုးသားရိပ်မီဒီယာသို့ ဖြေကြားထားသည်။

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် ယမန်နေ့(ဧပြီ ၂၃ ရက်) နံနက် ၁၀နာရီ၅၀မိနစ်ခန့်က ချောင်းဦးမြို့နယ် အင်းမကျေးရွာကိုလက်နက်ကြီးလက်နက် ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်ပြီး အိမ်ပေါင်း ၇၀ ကျော်ပျက်စီးဆုံးရှုံးကာ ကျေးရွာနေ ပြည်သူတစ်ဦးဖြစ်သူ ဦးဝင်းမြင့်ကိုလည်း ပစ်ခတ်သတ်ဖြတ်သွားကြောင်း ​ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းနဲ့ ကံပြားလမ်းပိုင်းမှာ တိုက်ခိုက်ခံရတဲ့ ချင်းတောင်ပိုင်း စစ်ကူမယ့် စစ်တပ်ယာဉ်တန်းတွေ လောင်းရှည်မြို့က အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်နေပြီလို့ လူထုနွေဦးက စုစမ်းသိရပါတယ်။

Facebook