Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူများ၏ဆန္ဒကို အလေးထားရန်နှင့်စစ်တပ်ကို ထောက်ခံပံ့ပိုးနေမှု ချက်ချင်းရပ်တန့်ရန် တရုတ်ကို တော်လှန်ရေးအင်အားစုများသတိပေး

တရုတ်အစိုးရသည် မြန်မာပြည်နှင့်ပတ်သက်၍ မိမိနိုင်ငံအကျိုးစီးပွား၊ မြန်မာ ပြည်သူများအကျိုးစီးပွား နှစ်ခုစလုံးကို အမှန်တကယ် ကာကွယ်ထိန်းသိမ်း လိုပါက ဖက်ဆစ်ဝါဒီ အကြမ်းဖက်စစ်အုပ်စုကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး မြန်မာပြည်သူများ၏သဘောထားဆန္ဒနှင့်အညီ ရပ်တည်ရန် လိုအပ်ကြောင်း ဒေါက်တာတေဇာစန်းက တိုက်တွန်းသည်။

မြန်မာပြည်သူများ၏ဆန္ဒကို အလေးထားရန်နှင့် ဖက်ဆစ်ရာဇဝတ်ကောင်များ ကို ထောက်ခံပံ့ပိုးနေခြင်းကို ချက်ချင်းရပ်တန့်ရန် တော်လှန်ရေးအင်အားစုများ က တရုတ်အစိုးရကို သတိပေးတိုက်တွန်း လိုက်သည်။

တရုတ်အစိုးရအနေဖြင့် မြန်မာဖက်ဆစ်စစ်အုပ်စုကို ဆက်လက်ထောက်ခံပံ့ပိုး နေမည်ဆိုပါက တရုတ်သည် မြန်မာပြည်သူလူထုတရပ်လုံး၏ ဘုံရန်သူစာရင်း သွားမည်ဖြစ်ကြောင်းနှင့် နောက် ဆက်တွဲအကျိုးဆက်များကိုလည်း မလွှဲမသွေ ဆက်လက်ကြုံတွေ့လာရမည်ဖြစ်ကြောင်း တော် လှန်ရေးအင်အားစုများက သတိပေးထားသည်။

“အခု ဒီအကြမ်းဖက်စစ်အုပ်စုရဲ့ လာရာဇစ်မြစ်နဲ့ သူတို့ကိုင်စွဲထားတဲ့ ဝါဒဟာ ‘ဖက်ဆစ်ဝါဒ’ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ ဒီဖက်ဆစ်အုပ်စု တည်တံ့အာဏာရှိ နေသရွေ့ မြန်မာ့အိမ်နီးချင်း ဘယ်နိုင်ငံကိုမှ ရေရှည်ကောင်းကျိုးပြုမှာ မဟုတ်ဘူးဆိုတာ လွတ်လပ်ရေးရပြီး နောက်ပိုင်း (၇၅) နှစ်ကျော် သမိုင်းက သက်သေတည်ပြီးလည်း ဖြစ်ပါတယ်” ဟု မန္တလေးသပိတ်ခေါင်း ဆောင် ဒေါက်တာတေဇာစန်းက လူမှုကွန်ရက်၌ ရေးသားထားသည်။

တရုတ်အစိုးရသည် မြန်မာပြည်နှင့်ပတ်သက်၍ မိမိနိုင်ငံအကျိုးစီးပွား၊ မြန်မာ ပြည်သူများအကျိုးစီးပွား နှစ်ခုစလုံးကို အမှန်တကယ် ကာကွယ်ထိန်းသိမ်း လိုပါက ဖက်ဆစ်ဝါဒီ အကြမ်းဖက်စစ်အုပ်စုကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး မြန်မာပြည်သူများ၏သဘောထားဆန္ဒနှင့်အညီ ရပ်တည်ရန် လိုအပ်ကြောင်း ဒေါက်တာတေဇာစန်းက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် အကြမ်းဖက် အာဏာလု စစ်အုပ်စုသည် မြန်မာပြည်သူတရပ်လုံး ရင်ထဲအသည်းထဲမှ ရွံရှာမုန်းတီးစက်ဆုပ်နေကြသည့် ဘုံရန်သူဖြစ်နေပြီး ယင်းစစ်အုပ်စုသည် မည်သို့မျှ နိုင်နိုင်ခြေ လုံးဝ မရှိသော ပြည်သူ့တော်လှန်ရေး ကြီးကို ရင်ဆိုင်နေရကြောင်းလည်း အထက်ပါ သပိတ်ခေါင်းဆောင်က ဆိုသည်။

ထို့အပြင် ကလေးမြို့ ပင်မသပိတ်အင်အားစု၏ ယနေ့ချီတက်ဆန္ဒပြသော သပိတ်စစ်ကြောင်းတွင် မြန်မာပြည်သူများ၏ဆန္ဒကို အလေးထားရန်နှင့် ဖက်ဆစ်ရာဇဝတ်ကောင်များကို ထောက်ခံပံ့ပိုးနေခြင်းကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့ကြပြီး စစ်ကောင်စီခန့်နိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်နိုင်ငံခြားရေး တို့တွေ့ဆုံနေသည့်ဓာတ်ပုံကိုလည်း မီးရှို့ပြခဲ့သည်။

အိမ်နီးချင်းတရုတ်သည် မတ်လကုန်ပိုင်းတွင် စစ်ကောင်စီခန့်နိုင်ငံခြားရေး ဝန်ကြီး ၀ဏ္ဏမောင်လွင်ကို ဘေဂျင်းသို့ ဒုတိယအကြိမ်ခေါ်ယူတွေ့ဆုံခဲ့ပြီး တရုတ်သည် မြန်မာကို ၎င်း၏ အိမ်နီးချင်းသံတမန်ရေးတွင် အရေးပါသည့်နေရာ ၌ အမြဲထားရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ပြောဆိုခဲ့သည်။

ထို့အပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ(CMEC)အရှိန်မြှင့်တင်ရေး နှင့် အဓိကစီမံကိန်းကြီးများ အကောင်အထည်ဖော်ရေးအပါအဝင် ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရေး၊ ဆွေးနွေးဖလှယ်ရေးတို့ကိုလုပ်ဆောင်ရန် အသင့်ရှိကြောင်း ဝမ်ယိက အသိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook