Connect with us

Hi, what are you looking for?

News

မှောင်ခိုကားလာဝယ်သူဟု အယောင်ဆောင်လာသည့် ဒုရဲအုပ်မင်းမင်းဦးအား သထုံပြည်သူ့ပြောက်ကျားများအဖွဲ့ ဖမ်းဆီး

ဖမ်းဆီးမှုဖြစ်စဥ်အရ ဧပြီ ၂၃ ရက် နံနက် ၁၀ နာရီခန့်တွင် သထုံခရိုင် KNU/KNLA တပ်မဟာ (၁)၊ တပ်ရင်း(၂) လက်အောက်ခံ PDF တပ်ရင်း (၂) ၊ တပ်ခွဲ (၁) ၏ သိမ်ဆိပ် လေးကေလမ်းပေါ်ရှိထုံးဘိုကြီး၊ ထုံးဘိုလေးရွာကြားရှိ စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ် သထုံခရိုင် သိမ်ဆိပ်လေးကေလမ်း၌ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒုရဲအုပ်မင်းမင်းဦးအား ဖမ်းဆီးမိကြောင်း သထုံပြည်သူ့ပြောက်ကျားများအဖွဲ့က ယနေ့(ဧပြီ ၂၆ ရက်) ထုတ်ပြန် သည်။

ဖမ်းဆီးမှုဖြစ်စဥ်အရ ဧပြီ ၂၃ ရက် နံနက် ၁၀ နာရီခန့်တွင် သထုံခရိုင် KNU/KNLA တပ်မဟာ (၁)၊ တပ်ရင်း(၂) လက်အောက်ခံ PDF တပ်ရင်း (၂) ၊ တပ်ခွဲ (၁) ၏ သိမ်ဆိပ် လေးကေလမ်းပေါ်ရှိထုံးဘိုကြီး၊ ထုံးဘိုလေးရွာကြားရှိ စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ဖမ်းမိခဲ့သည့် ဒုရဲအုပ် မင်းမင်းဦးသည် မှောင်ခိုကားလာဝယ်သူဟု အယောင် ဆောင်ကာ သထုံခရိုင်အတွင်းရှိ စစ်ကောင်စီတပ်များအား ငွေကြေးထောက်ပံ့မှုများရှိသည်ကို စစ်ဆေးတွေ့ရှိရသည်ဟု ဆိုသည်။

ဆက်လက်စစ်ဆေးရာ မောင်းနှင်လာသော ကားအတွင်းမှ ခြောက်လုံးပြူးသေနက် တစ်လက်၊ ပိုက်ဆံ သိန်း ၂၀နှင့်အထက်နှင့် ကားနံပါတ်အတုများထပ်မံတွေ့ရှိရကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးရမိထားသောဒုရဲအုပ် မင်းမင်းဦးအား KNU ဥပဒေအရအရေးယူဆောင်ရွက်လိုက် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

Facebook