Connect with us

Hi, what are you looking for?

News

ပျူစောထီးများ စစ်ကောင်စီကိုအမြန်စွန့်ခွာပြီး လက်နက်အပ်ရန် NUGကာကွယ်ရေးဝန်ကြီးဌာန ​ကြေညာ

ထိုသို့ ပူးပေါင်းလာသူများအား လိုအပ်သောကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။

▪️နိုင်ငံရေးအမြင်မတူသူများနှင့် CDM ပြုလုပ်ခွင့်မရသူများအား ပစ်မှတ်ထားမည်မဟုတ်သော်လည်း စစ်ကောင်စီနှင့် ပူးပေါင်းအကြမ်းဖက်သူများကို စစ်ရေးအရ အရေးယူမည်ဟု ဖော်ပြ

ပျူစောထီးနှင့် ​ထောက်တိုင်အကြမ်းဖက် လက်နက်ကိုင် အဖွဲ့များအနေဖြင့် အမြင်မှန်ရလျက် အကြမ်းဖက်ဝါဒီစစ်ကောင်စီကို အမြန်ဆုံးစွန့်ခွာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့တော်လှန်ရေး အင်အားစုများထံ လက်နက်များအပ်နှံ၍ အချိန်မီ ပူးပေါင်းကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။

ထိုသို့ ပူးပေါင်းလာသူများအား လိုအပ်သောကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။

အကြမ်းဖက်ဝါဒီစစ်ကောင်စီသည် တစ်နေ့တခြား ပြုန်းတီးလျက်ရှိသော ၎င်း၏ အင်အားကို ဖြည့်တင်းရန် အလို့ငှာ ပျူစောထီးအပါအဝင်​ထောက်တိုင် အကြမ်းဖက်အဖွဲ့များအား ဖွဲ့စည်းလေ့ကျင့် လက်နက်တပ်ဆင်ပေးလျက် အရပ်သားပြည်သူများအပေါ် ဖိနှိပ်သတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ အကြမ်းဖက်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ ပြည်သူအချင်း ချင်း ရန်ပြုတိုက်ခိုက်စေခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့တော်လှန်ရေးအင်အားစု များကို စစ်ပြိုင်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

၎င်း ပျူစောထီးနှင့် စစ်ကောင်စီ ​ထောက်တိုင် အကြမ်းဖက်အဖွဲ့အစည်း ဝင်များသည် စစ်အာဏာ သိမ်းမှုနှင့် စစ်အာဏာရှင်စနစ်ကို ကိုယ်တိုင် လိုလားထောက်ခံသောကြောင့်လည်းကောင်း၊ စစ်အုပ်စု၏ အတင်းအကြပ် ဖိအားပေးခံရခြင်း၊ အကျပ်ကိုင်ခံရခြင်း၊ အသက်အန္တရာယ် ခြိမ်းခြောက်ခံရခြင်းများကြောင့်လည်းကောင်း၊ စီးပွားရေးနှင့် အခွင့်အရေး တစ်စုံတစ်ရာ ရလိုခြင်းကြောင့် လည်းကောင်း ၊ ပျူစောထီး သို့မဟုတ် အလားတူ ဒေါက်တိုင် အကြမ်းဖက်အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်နေကြသည်ကို တွေ့ရှိရသည်ဟု ဖော်ပြသည်။

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဒီမိုကရေစီကို သက်ဝင်ယုံကြည်သူမှန်လျင် နိုင်ငံရေးအမြင်မတူ ကွဲပြားသူများ ဘ၀ပေးအခြေအနေကြောင့် CDM ပြုလုပ်ခွင့်မရသူများအား စစ်ရေးဆိုင်ရာပစ်မှတ် သို့မဟုတ် အကြမ်းဖက် အဖွဲ့အစည်းဝင်များအဖြစ် သတ်မှတ်အရေးယူဆောင်ရွက်သွားမည်မဟုတ် သော်လည်း စစ်ကောင်စီနှင့် ပူးပေါင်းလျက် အကြမ်းဖက်မှုကို ကိုယ်တိုင် ကျူးလွန်ခြင်း၊ အားပေး ပါဝင်ကူညီခြင်းများ ပြုလုပ်ဆောင်ရွက်ပါက ကင်းလွတ်ခွင့်ပြုသွားမည်မဟုတ်ဘဲ တရားဥပဒေအရ လည်းကောင်း၊ စစ်ရေးအရလည်း ကောင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ပျူစောထီးနှင့် ​ထောက်တိုင်လက်နက်ကိုင်များ ကျူးလွန်လျက်ရှိသည့် ကျေးရွာများ နေအိမ်များအား မီးရှို့မှု၊ အကြမ်းဖက်သတ်ဖြတ်မှု၊ အသက်မပြည့်သေးသည့် ကလေး စစ်သားများ အသုံးပြုမှု၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှု စသည့် စစ်ရာဇဝတ်မှုများကို ကာကွယ်ရေးဝန်ကြီးဌာနက မှတ်တမ်းတင် စောင့်ကြည့်လျက်ရှိပြီး စစ်ကောင်စီ၏ အကြမ်း ဖက် ခံရမှုကြောင့် ထိခိုက်ခံစားခဲ့ရသူများအတွက် တရားမျှတမှု ပြန်လည်ယူဆောင်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook