Connect with us

Hi, what are you looking for?

LuduNwayOo

News

ပျူစောထီးများ စစ်ကောင်စီကိုအမြန်စွန့်ခွာပြီး လက်နက်အပ်ရန် NUGကာကွယ်ရေးဝန်ကြီးဌာန ​ကြေညာ

ထိုသို့ ပူးပေါင်းလာသူများအား လိုအပ်သောကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။

▪️နိုင်ငံရေးအမြင်မတူသူများနှင့် CDM ပြုလုပ်ခွင့်မရသူများအား ပစ်မှတ်ထားမည်မဟုတ်သော်လည်း စစ်ကောင်စီနှင့် ပူးပေါင်းအကြမ်းဖက်သူများကို စစ်ရေးအရ အရေးယူမည်ဟု ဖော်ပြ

ပျူစောထီးနှင့် ​ထောက်တိုင်အကြမ်းဖက် လက်နက်ကိုင် အဖွဲ့များအနေဖြင့် အမြင်မှန်ရလျက် အကြမ်းဖက်ဝါဒီစစ်ကောင်စီကို အမြန်ဆုံးစွန့်ခွာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့တော်လှန်ရေး အင်အားစုများထံ လက်နက်များအပ်နှံ၍ အချိန်မီ ပူးပေါင်းကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။

ထိုသို့ ပူးပေါင်းလာသူများအား လိုအပ်သောကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။

အကြမ်းဖက်ဝါဒီစစ်ကောင်စီသည် တစ်နေ့တခြား ပြုန်းတီးလျက်ရှိသော ၎င်း၏ အင်အားကို ဖြည့်တင်းရန် အလို့ငှာ ပျူစောထီးအပါအဝင်​ထောက်တိုင် အကြမ်းဖက်အဖွဲ့များအား ဖွဲ့စည်းလေ့ကျင့် လက်နက်တပ်ဆင်ပေးလျက် အရပ်သားပြည်သူများအပေါ် ဖိနှိပ်သတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ အကြမ်းဖက်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ ပြည်သူအချင်း ချင်း ရန်ပြုတိုက်ခိုက်စေခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့တော်လှန်ရေးအင်အားစု များကို စစ်ပြိုင်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

၎င်း ပျူစောထီးနှင့် စစ်ကောင်စီ ​ထောက်တိုင် အကြမ်းဖက်အဖွဲ့အစည်း ဝင်များသည် စစ်အာဏာ သိမ်းမှုနှင့် စစ်အာဏာရှင်စနစ်ကို ကိုယ်တိုင် လိုလားထောက်ခံသောကြောင့်လည်းကောင်း၊ စစ်အုပ်စု၏ အတင်းအကြပ် ဖိအားပေးခံရခြင်း၊ အကျပ်ကိုင်ခံရခြင်း၊ အသက်အန္တရာယ် ခြိမ်းခြောက်ခံရခြင်းများကြောင့်လည်းကောင်း၊ စီးပွားရေးနှင့် အခွင့်အရေး တစ်စုံတစ်ရာ ရလိုခြင်းကြောင့် လည်းကောင်း ၊ ပျူစောထီး သို့မဟုတ် အလားတူ ဒေါက်တိုင် အကြမ်းဖက်အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်နေကြသည်ကို တွေ့ရှိရသည်ဟု ဖော်ပြသည်။

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဒီမိုကရေစီကို သက်ဝင်ယုံကြည်သူမှန်လျင် နိုင်ငံရေးအမြင်မတူ ကွဲပြားသူများ ဘ၀ပေးအခြေအနေကြောင့် CDM ပြုလုပ်ခွင့်မရသူများအား စစ်ရေးဆိုင်ရာပစ်မှတ် သို့မဟုတ် အကြမ်းဖက် အဖွဲ့အစည်းဝင်များအဖြစ် သတ်မှတ်အရေးယူဆောင်ရွက်သွားမည်မဟုတ် သော်လည်း စစ်ကောင်စီနှင့် ပူးပေါင်းလျက် အကြမ်းဖက်မှုကို ကိုယ်တိုင် ကျူးလွန်ခြင်း၊ အားပေး ပါဝင်ကူညီခြင်းများ ပြုလုပ်ဆောင်ရွက်ပါက ကင်းလွတ်ခွင့်ပြုသွားမည်မဟုတ်ဘဲ တရားဥပဒေအရ လည်းကောင်း၊ စစ်ရေးအရလည်း ကောင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ပျူစောထီးနှင့် ​ထောက်တိုင်လက်နက်ကိုင်များ ကျူးလွန်လျက်ရှိသည့် ကျေးရွာများ နေအိမ်များအား မီးရှို့မှု၊ အကြမ်းဖက်သတ်ဖြတ်မှု၊ အသက်မပြည့်သေးသည့် ကလေး စစ်သားများ အသုံးပြုမှု၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှု စသည့် စစ်ရာဇဝတ်မှုများကို ကာကွယ်ရေးဝန်ကြီးဌာနက မှတ်တမ်းတင် စောင့်ကြည့်လျက်ရှိပြီး စစ်ကောင်စီ၏ အကြမ်း ဖက် ခံရမှုကြောင့် ထိခိုက်ခံစားခဲ့ရသူများအတွက် တရားမျှတမှု ပြန်လည်ယူဆောင်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။