Connect with us

Hi, what are you looking for?

News

ကနီPDF-2 တပ်ရင်း (၂)၏ အထူးမွန်းမံသင်တန်း တပ်ဖွဲ့ဝင် ၂၀၀ ​ကျော်တက်​ရောက်

စစ်​ကောင်စီလက်​အောက်ခံပျူ​စောထီးများ​ပေါများသည့် မင်းကင်းနှင့်နီးစပ်​သော်လည်း ကနီ​ဒေသအ​ခြေစိုက်KPDF-2 တပ်ရင်း ၂ သည် စစ်​ကောင်စီတပ်များကိုအ​စွမ်းကုန်ခုခံတိုက်ခိုက်​နေ​သော ပြည်သူ့ကာကွယ်​ရေးတပ်ဖြစ်သည်။

(KPDF-2 တပ်ရင်း (၂) ၏ အထူးသင်တန်းဆင်းပွဲပြုလုပ် စဥ် ။ ။ဓါတ်ပုံ-KPDF-2 https://www.facebook.com/KPDF2/)

ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -၂( KPDF 2 )၊ တပ်ရင်း (၂)၏ စစ်သင်တန်းအပတ်စဉ် (၂) အထူးမွမ်းမံသင်တန်းဆင်းပွဲတွင် တပ်ဖွဲ့ဝင် သင်တန်းသား နှစ်ရာ​ကျော်တက်​ရောက်ခဲ့​ကြောင်း KPDF-2 မှတာဝန်ရှိသူက​ပြောသည်။

မတ်လ ၁၁ ရက်တွင်ပြုလုပ်ခဲ့​သော အထူးမွန်းမံသင်တန်း၏ ဓါတ်ပုံများကို ထုတ်ပြန်လိုက်ပြီး ပြည်သူများအ​နေဖြင့်လက်နက်ခဲယမ်းများကူညီ​ပေးရန်လည်း တာဝန်ရှိသူက​မေတ္တာရပ်ခံသည်။” လက်နက်ဘဲလိုတာပါ အင်အားကအပြည့်ရှိပါတယ်”ဟု၎င်းက​ဆက်ပြောသည်။

စစ်​ကောင်စီလက်​အောက်ခံပျူ​စောထီးများ​ပေါများသည့် မင်းကင်းနှင့်နီးစပ်​သော်လည်း ကနီ​ဒေသအ​ခြေစိုက်KPDF-2 တပ်ရင်း ၂ သည် စစ်​ကောင်စီတပ်များကိုအ​စွမ်းကုန်ခုခံတိုက်ခိုက်​နေ​သော ပြည်သူ့ကာကွယ်​ရေးတပ်ဖြစ်သည်။

“အခုဆို အနယ်နယ်အရပ်ရပ်မှာ စခတွေစစ်ကြောင်းထိုးရွားလုံးကျွတ်မီးရှို့နေတော့ နီးစပ်ရာက
ပြောင်းလာကြတဲ့စစ်ရှောင်တွေအပေါ် အတတ်နိုင်ဆုံးကူညီပေးဖို့နဲ့ ရှေ့တန်းတိုက်ပွဲဝင်နေတဲ့ ကာကွယ်ရေအဖွဲ့တွေအတွက် လိုအပ်တာပံ့ပိုးကူညီပေးကြဖို့ မေတ္တာရပ်ခံချင်တာပါဗျာ”ဟု KPDF-2 တပ်ရင်း (၂) မှတာဝန်ရှိသူကပြည်သူများသို့​မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook