Connect with us

Hi, what are you looking for?

News

မော်ဒယ်သရုပ်ဆောင်ဟိန်းထက်ရဲ့ အဘိုးဖြစ်သူကို သွေးသောက်အဖွဲ့ ပစ်သတ်

သွေးသောက်အဖွဲ့ဆိုတာကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမှာ NLD ပါတီဝင်တွေ၊ ထောက်ခံသူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။

People's Spring
People's Spring

MRTV – 4 ဇာတ်လမ်းတွဲ မင်းသားတစ်လက်ဖြစ်တဲ့ ဟိန်းထက်ရဲ့အဘိုးဖြစ်သူကို မင်္ဂလာဒုံမြို့နယ်က နေအိမ်မှာ ရန်ကုန်သွေးသောက်အဖွဲ့က ပစ်သတ်လိုက်တယ်လို့သိရပါတယ်။

မင်္ဂလာဒုံမြို့နယ် ၊ရွှေနံသာကျေးရွာအုပ်စု က နေအိမ်မှာ ဒီနေ့မွန်းလွဲပိုင်း ၂ နာရီလောက်မှာ သွေးသောက်အဖွဲ့က ပစ်သတ်သွားတာပါ။

မင်းသားဟိန်းထက်ကလည်း” ကျနော့်အိမ်ကို လူတစ်စု သေနတ်နဲ့လာပစ်သွားတယ်။အဖိုး သေနတ်မှန်ပြီး ဆုံးသွားပြီ” လို့ သူရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

မင်းသားဟိန်းထက်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး မှာပါဝင်လို့ ဖမ်းဝရမ်းထုတ်ခံရသူပြီး လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေသူဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သွေးသောက်အဖွဲ့ဆိုတာကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမှာ NLD ပါတီဝင်တွေ၊ ထောက်ခံသူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူဘက်ကိုရပ်တည်ခဲ့တဲ့ တော်လှန်အနုပညာရှင် ဒေါင်းရဲ့ ဒုတိယမြောက် ထိုင်း ဇာတ်လမ်းတွဲကို ဇူလိုင် ၂၄ ရက်မှာ စတင်ထုတ်လွှင့်တော့မှာပါ။

သတင်း

တော်လှန်အနုပညာရှင်ဒေါင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပရိသတ်တွေနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို ဇွန် ၆ ရက်မှပြုလုပ်မှာပါ။

သတင်း

ရန်ကုန််တိုင်း၊ မှော်ဘီမြို့နယ်က ခြံကို ရောက်ရှိနေချိန် မီးကြိုးတွေ ဖြတ်တောက်အခိုးခံလိုက်ရတာဖြစ်ကြောင်း သရုပ်ဆောင်ခင်လှိုင်က Tiktok က သူ့ရဲ့ Khin Hlaing ဆိုတဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရုပ်သံနဲ့တကွ ဒီကနေ့မှာ အသိပေးခဲ့တာပါ။

သတင်း

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မြိုင်ကလေးမှာ သင်္ကြန်ပွဲလာရောက်ဖျော်ဖြေတဲ့ ဇာတ်ပို့သရုပ်ဆောင်မင်းဇော် ဖျော်ဖြေရေးစင်မြင့်မှာလဲကျရာက ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။