Connect with us

Hi, what are you looking for?

LuduNwayOo

News

မော်ဒယ်သရုပ်ဆောင်ဟိန်းထက်ရဲ့ အဘိုးဖြစ်သူကို သွေးသောက်အဖွဲ့ ပစ်သတ်

သွေးသောက်အဖွဲ့ဆိုတာကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမှာ NLD ပါတီဝင်တွေ၊ ထောက်ခံသူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။

People's Spring
People's Spring

MRTV – 4 ဇာတ်လမ်းတွဲ မင်းသားတစ်လက်ဖြစ်တဲ့ ဟိန်းထက်ရဲ့အဘိုးဖြစ်သူကို မင်္ဂလာဒုံမြို့နယ်က နေအိမ်မှာ ရန်ကုန်သွေးသောက်အဖွဲ့က ပစ်သတ်လိုက်တယ်လို့သိရပါတယ်။

မင်္ဂလာဒုံမြို့နယ် ၊ရွှေနံသာကျေးရွာအုပ်စု က နေအိမ်မှာ ဒီနေ့မွန်းလွဲပိုင်း ၂ နာရီလောက်မှာ သွေးသောက်အဖွဲ့က ပစ်သတ်သွားတာပါ။

မင်းသားဟိန်းထက်ကလည်း” ကျနော့်အိမ်ကို လူတစ်စု သေနတ်နဲ့လာပစ်သွားတယ်။အဖိုး သေနတ်မှန်ပြီး ဆုံးသွားပြီ” လို့ သူရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

မင်းသားဟိန်းထက်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး မှာပါဝင်လို့ ဖမ်းဝရမ်းထုတ်ခံရသူပြီး လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေသူဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သွေးသောက်အဖွဲ့ဆိုတာကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမှာ NLD ပါတီဝင်တွေ၊ ထောက်ခံသူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။

သတင်း

ဘုရားသုံးဆူမြို့ရှိ အလှပြင်ဆိုင်တစ်ခုအတွင်း ရောက်ရှိနေသော စစ်ကောင်စီလက်အောက်ခံ ခလရ(၉၇)တပ် ဒုတပ်ရင်းမှူး အေးချမ်းအား နဂါးနီးစစ်ကြောင်းကပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရသည်။

သတင်း

ပျူစောထီးခေါင်းဆောင်ဝင်းနိုင်ဆိုသူ၏ ဆရာနှင့်တပည့်များ၊ ပျူစောထီးစာရင်းများကိုလည်းရရှိထားပြီးဖြစ်ရာ အချိန်မီပြည်သူ့လူထုနှင့် ပူးပေါင်းကြရန် တော်လှန်တပ်ဖွဲ့များက တိုက်တွန်းထားကာ ဆက်လက်လုပ်ဆောင်နေပါက ပြတ်ပြတ်သားသားအရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

သတင်း

ပဲခူးတိုင်း သာယာဝတီခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များအား ပစ်ခတ်အရေးယူလျှက်ရှိရာ အောက်တိုဘာ ၂၉ ရက်ကလည်း ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာအုပ်စုမှ ပျူစောထီးအဖွဲ့ဝင် ကျော်သူနှင့် အတူးဆိုသူနှစ်ဦးကို ဘော်ဘင်ဆည်အနီး၌ ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။