Connect with us

Hi, what are you looking for?

News

ရှေ့နေ ဒေါ်ရွက်နုအောင်ကို ထောင်တစ်သက်ချလို့ရတဲ့ အကြမ်းဖက်ပုဒ်မနဲ့ စစ်ကောင်စီအမှုဖွင့်

ဒေါ်ရွက်နုအောင်ဟာ စစ်အာဏာသိမ်းပြီးနောက်ဖမ်းဆီးတရားစွဲခံထားရတဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်တွေ အတွက် ရှေ့နေ လိုက်ပါဆောင်ရွက်ပေးနေသူ အမျိုးသမီးတစ်ဦးလည်းဖြစ်ပါတယ်။

အိုးဘိုထောင် ရုံးချိန်းကနေအပြန် ဖမ်းဆီးခံလိုက်ရတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မ ၅၀ (ည) နဲ့ အမှုဖွင့်ဖမ်းဆီးထားပါတယ်။

ရှေ့နေ ဒေါ်ရွက်နုအောင်ဟာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် စွပ်စွဲခံထားရတဲ့အမှုတွေကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ရှေ့နေဖြစ်ပါတယ်။

မနေ့က အိုးဘိုထောင်တွင်းအထူးတရားရုံးမှာ စစ်ဆေးတဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ရုံးချိန်းအပြီး ပြန်အလာ လမ်းမှာတင် ဖမ်းဆီးခံရတာပါ။

ဒေါ်ရွက်နုအောင်ဟာ စစ်အာဏာသိမ်းပြီးနောက်ဖမ်းဆီးတရားစွဲခံထားရတဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်တွေ အတွက် ရှေ့နေ လိုက်ပါဆောင်ရွက်ပေးနေသူ အမျိုးသမီးတစ်ဦးလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် မန္တလေးတိုင်း NLD ဥပဒေအကြံပေးလည်းဖြစ်ပါတယ်။

အခုစွဲဆိုထားတဲ့ အကြမ်းဖက်ပုဒ်မ ၅၀ (ည) ဟာ နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးအင်အားစုတွေကို ငွေကြေးထောက်ပံ့တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးထားသူတွေကို စစ်ကောင်စီက အများဆုံး စွဲဆိုတဲ့ပုဒ်မလည်းဖြစ်ပါတယ်။

ဒီပုဒ်မဟာ အနိမ့်ဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ အမြင့်ဆုံး ထောင်တစ်သက်အထိချလို့ရတဲ့ပုဒ်မလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook