Connect with us

Hi, what are you looking for?

News

သရက်​ချောင်းမြို့နယ်မှ စစ်​ကောင်စီ စစ်​ဆေး​ရေးဂိတ်တစ်ခုကိုPDFများတိုက်ခိုက်စစ်သား ၇ ဦး​သေဆုံး

စစ်​ကောက်စီဂိတ်စခန်းကို တိုပ်ခိုက်​နေစဉ် သရက်ချောင်းမြို့မှ စစ်ကူလာသည့် စစ်​ကောင်စီတပ်ကား ၃ စီးကိုလည်းမိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်ဟုသိရသည်။ တိုက်ပွဲ ဖြစ်ပွားချိန် ၂နာရီခန့်ကြာမြင့်ခဲ့သည်ဟုလည်းသိရသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော​သေနတ် ဓါတ်ပုံ-ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့)

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပန်းပြင်ရွာနှင့် သရက်နှစ်ခွရွာကြားရှိ စစ်ကောင်စီစစ်ရေးဂိတ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ လေးဖွဲ့က ဝင်ရောက်တိုက်ခိုက်စီးနင်းရာ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးခဲ့​ကြောင်း သရက်ချောင်းအခြေစိုက် ဒေါင်းမင်းစစ်ဆင်ရေး (TCY-PDF)က ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါစစ်ကောင်စီစစ်​ဆေး​ရေးဂိတ်စခန်းကို ဧပြီ ၂၀ ရက် မနက် ၅နာရီခန့်က ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သေနတ် တစ်လက် သိမ်းဆည်းရမိသည်ဟု ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

စစ်​ကောက်စီဂိတ်စခန်းကို တိုပ်ခိုက်​နေစဉ် သရက်ချောင်းမြို့မှ စစ်ကူလာသည့် စစ်​ကောင်စီတပ်ကား ၃ စီးကိုလည်းမိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်ဟုသိရသည်။ တိုက်ပွဲ ဖြစ်ပွားချိန် ၂နာရီခန့်ကြာမြင့်ခဲ့သည်ဟုလည်းသိရသည်။

ထိုတိုက်ပွဲကို သရက်ချောင်းမြို့နယ်၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့(TYC-PDF)၊သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးပျောက်ကြားတပ်ဖွဲ့၊ Dawei Defense Force နှင့် ထားဝယ်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook