Connect with us

Hi, what are you looking for?

News

မြောင်မြို့နယ်ဝင်​ရောက်လာ​သော စစ်​​ကောင်စီတပ်အား ​ဒေသတွင်းမဟာမိတ်ပူး​ပေါင်းအဖွဲ့များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ မြောင်မြိုနယ်သို့ဝင်လာသော အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသတွင်း မဟာမိတ်ပူးပေါင်းအဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်သားသုံးဥိီးသေဆုံးကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOMက ထုတ်ပြန်သည်။

▪️စစ်​ကောင်စီတပ်သား သုံးဦး​သေ

ယနေ့ (ဧပြီ ၃၀ရက်) နံနက်ပိုင်းက ချောင်းဦးနယ် ကျောက်ဆစ်ကန်ရွာမှ လက်ယက်မကျေးရွာကြား မြောင် နယ်သို့ ဝင်လာသော အကြမ်းဖက်စစ်သား ၁၀၀ ကျော်နှင့် မြောင်မြို့နယ်(ပကဖ)အဖွဲ့ဝင် မြောင်မြို့နယ်ပြည်သူ့ကာ ကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM ဦးဆောင်သော မြောင်နယ် PDF မဟာမိတ်အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း CDSOMက ပြောသည်။

တိုက်ပွဲစတင်ချိန်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များဘက်မှ စနိုက်ပါဖြင့် သုံးချက်ပစ်ခတ်ရာ နံနက် ၉ နာရီနှင့် ၁၀နာရီခွဲတွင် စစ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း၊ ထို့နောက် စစ်အုပ်စုဘက်မှ (၄၀)မမ နှစ်လုံး နှင့် (၆၀) မမ သုံးလုံး၊ စနိုက်ပါဖြင့် ငါးချက်နှင့် စက်လက်နက်ကြီးဖြင့် ၁၅ ချက်ခန့် ဖြင့် ထပ်မံပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများ ခေတ္တနားနေစဥ် ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်ရာ အကြမ်းဖက်အုပ်စုများ ချက်ခြင်းနေရာပြောင်းသွားကြကြောင်း CDSOM ပြောသည်။

နေ့လယ် ၂နာရီ ၃၅ မိနစ်ခန့်တွင် လက်ယက်မကျေးရွာသို့ ရောက်ရှိနေသော အကြမ်းဖက်အုပ်စုမှ ကင်းပုန်းဝပ်မည် ထင်ရသော ယူကလစ်တောအတွင်းသို့ ရှော့တိုက်ဒုန်းတစ်လုံးပစ်အပြီး မှန်းထားသောနေရာသို့ ထိမှန်ခဲ့ကြောင်း၊ ထို့နောက် လေမိုးများကျလာသဖြင့် ကျွန်ုပ်တို့ မဟာမိတ်အဖွဲ့များ အောင်မြင်စွာ ဆုတ်ခွာလာခဲ့ကြောင်း၊ ယနေ့တိုက်ပွဲတွင် အကြမ်းဖက် စစ်သား သုံးဦးသေဆုံးပြီး မဟာမိတ်အဖွဲ့များမှ အထိအခိုက်အကျအဆုံးမရှိကြောင်း CDSOMက အသိပေးသည်။

Public Service Announcement

Public Service Announcement

ယနေ့တိုက်ပွဲတွင် မြောင်မြို့နယ် (ပကဖ)အဖွဲ့ဝင် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOMမှ ဦးဆောင်၍ မဟာမိတ်များအဖြစ် ကိုတိုက်ဂါး၊ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ Myinmu Civil Revolution Force – CRF၊ PDF – Taloke၊ MGN Ranger၊ BGF၊ TGR၊ မြောင်အမျိုးသမီးတပ်ရင်း Myaung Women Warriors – M2W၊ နောင်ရိုးတပ်ဖွဲ့၊ CDSOM အနောက်ပိုင်း ၀၀၅၊ CDSOM မြောက်ပိုင်း 012 နှင့် တူမီးဖိုက်တာ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၁၊ ၂ တပ်ခွဲ ၃ ပြည်သူ့တပ်မတော်မြောင်၊ ကန္တာရသိမ်းငှက်အဖွဲ့နှင့် CRA -2 တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားနေစဥ်အတွင်း တောတောင်ထဲအထိ ထမင်းဟင်းများ လာပို့ပေးကြသော၊ နောက်တစ်နေရာပြောင်း၍ တိုက်ခိုက်ချိန်မှာလည်း ကွမ်း၊ ဆေးလိပ် အအေးနှင့် ရေများခက်ခက်ခဲခဲ လာရောက်ပို့ပေးကြသော ပြည်သူများအား အထူးပင်ကျေးဇူးတင်ကြောင်း CDSOMက ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook