Connect with us

Hi, what are you looking for?

LuduNwayOo

News

သွေးသောက်အဖွဲ့ခေါင်းဆောင် သန်လျင်မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရန်နိုင်ရွှေ သုတ်သင်ရှင်းလင်းခံရ

ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ ငထွေရူးလမ်း၊ ဘော်လီဘောကွင်းတွင် ချစ်မိုးမှာ ယနေ့ ညနေ ၅ နာရီ ၅၅ မိနစ်အချိန်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဆီးစပ်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

(သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရန်နိုင်ရွှေအား တွေ့ရစဥ်)

ရန်ကုန်တိုင်း သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ သွေးသောက်အဖွဲ့ခေါင်းဆောင် ရန်နိုင်ရွှေအား သုတ်သင်ရှင်းလင်းခဲ့ဟု သန်လျင်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(ပကဖ) ထုတ်ပြန်သည်။

ယနေ့(မေ ၁ ရက်) ညနေ ၆ နာရီ ၁၅ မိနစ်တွင် ဖို့မြေလမ်းထိပ်၌ သေနတ်ဖြင့် ကိုးချက် ပစ်ခတ်ပြီးရှင်းလင်းခဲ့သည်ဟု ဆိုသည်။

“ရန်နိုင်ရွှေဟာ တရားမဝင်အကြမ်းဖက်စစ်ကောင်စီထောက်တိုင် အကြီးစားဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်၊ သွေးသောက်အဖွဲ့ခေါင်းဆောင်အဖြစ် သန်လျင်မြို့တွင်ဆောင်ရွက်နေသူဖြစ်သည့်အပြင် ၂၀၂၀ရွေးကောက်ပွဲတွင် ကြံ့ဖွတ်အမတ်လောင်းအဖြစ် ဝင်ရောက်အရွေးခံခဲ့သူတစ်ဦးလည်းဖြစ်သည်”ဟု သန်လျင် (ပကဖ)က ပြောသည်။

ထို့အပြင် သန်လျင်မြို့လယ်မှ KBZ ဘဏ် ၏ ATM စက်များနှင့် ကားကိုပါ ကျည်ဆယ်တောင့်ဖြင့်ပစ်ခတ်ခဲ့သည့်အပြင် တောင်ပိုင်ခရိုင်ယာဉ်ထိန်းရုံးအား ပစ်ခတ်ခဲ့ပြီး ရဲတစ်ဦးဒဏ်ရာပြင်းထန်ခဲ့ကြောင်းလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“ဒီည ၇ နာရီလောက်မှာ သန်လျင်တံတားဘက်ကနေ ရန်ကုန်အတက်ကို ပိတ်လိုက်တယ်”ဟု သန်လျင် ဒေသခံတစ်ဦးက People’s Springသို့ ပြောသည်။

ထို့အပြင် ဒလမြို့နယ်မှ စစ်ကောင်စီနှင့်ပူးပေါင်းကာ ဒေသခံပြည်သူများအား အနိုင်ကျင့်နေသည့် ကရင်(ခ) ချစ်မိုးမှာ ယနေ့ ညပိုင်းတွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ ငထွေရူးလမ်း၊ ဘော်လီဘောကွင်းတွင် ချစ်မိုးမှာ ယနေ့ ညနေ ၅ နာရီ ၅၅ မိနစ်အချိန်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဆီးစပ်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စကခ(၁၆)လက်အောက်ခံ တပ်ရင်း(၆၉)မှ တပ်ရင်းမှူးကိုလည်း နိုဝင်ဘာလ ၂၇ ရက်နေ့က တိုက်ပွဲတွင် စစ်သုံ့ပန်အဖြင့် ဖမ်းမိထားကြောင်း MNDAA က ရှင်းပြထားသည်။

သတင်း

အဆိုပါ ကားအား မင်းလှမြို့နယ် စိန်ကန့်လန့်−မြို့ချောင်း ရိုးမဖြတ်ကျော်လမ်း ခါချဉ်တောင်အနီးတွင် ယမန်နေ့(ဇူလိုင်လ ၁၉ရက်) ညနေ ၅နာရီ ၂၀မိနစ်တွင် ဖမ်းဆီးမီးရှို့ခဲ့ခြင်းဖြစ်သည်ဟုသာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ(၅) ကလည်းယ​နေ့ သတင်းထုတ်ပြန်သည်။

သတင်း

သန်လျင်မြို့နယ်၌ ပြုလုပ်ခဲ့သည့်နေရာသည် စစ်ကောင်စီများက ပြည်သူများ၏ဆိုင်ကယ်များကို အတင်းအကျပ် စစ်ဆေးသည့်နေရာဖြစ်ပြီး ယင်းတိုက်ခိုက်မှုတွင်လည်း ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။

နိုင်ငံတကာ

အစ္စရေးက လေကြောင်း တိုက်ခိုက်မှုတွေအတွင်း ပါလက်စတိုင်း အရပ်သားတွေ သေဆုံးမှုနဲ့ ပတ်သက်လို့ တိတိကျကျ မှတ်ချက် မပေးပေမယ့် အစ္စလာစ်မစ် ဂျီဟတ် စစ်သွေးကြွ ဦးစီးအရာရှိ ၃ ဦးကိုတော့ သုတ်သင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။