Connect with us

Hi, what are you looking for?

သတင်း

သန်လျင်တွင် တပ်ကြပ်ကြီးတဦး ဦးဆောင်ပြီးပေါ်တာဆွဲနေ

ရန်ကုန်မြို့၊ သန်လျင်မြို့၌ ယခု စက်တင်ဘာအတွင်း ပေါ်တာဆွဲ ဖမ်းဆီးမှုများပြားနေပြီး စစ်တပ် တပ်ကြပ်ကြီးတဦး ဦးဆောင်နေကြောင်း သန်လျင်မြို့နယ်သတင်းများဖော်ပြနေသည့် Thanlyin Media မှတာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

ဓာတ်ပုံ - ပျူစောထီးများ ဦးဆောင်၍ ပေါ်တာဆွဲနေသည့် စစ်ကောင်စီတပ်ကြပ်ကြီးအောင်ဇော်ဝင်း(ခ)ဂန်ကြီး

စက်တင်ဘာ-၁၅၊၂၀၂၅။ရောင်နီ/People’s Spring

ရန်ကုန်မြို့၊ သန်လျင်မြို့၌ ယခု စက်တင်ဘာအတွင်း ပေါ်တာဆွဲ ဖမ်းဆီးမှုများပြားနေပြီး စစ်တပ် တပ်ကြပ်ကြီးတဦး ဦးဆောင်နေကြောင်း သန်လျင်မြို့နယ်သတင်းများဖော်ပြနေသည့် Thanlyin Media မှတာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

“သန်လျင်မှာက စစ်တပ်ရဲ့လက်ကိုင်တုတ် ပျူစောထီးအဖွဲတွေရှိတယ်။ စစ်တပ်က တပ်ကြပ်ကြီးအဆင့် အောင်ဇော်ဝင်း(ခ)ဂန်ကြီးဆိုတဲ့ ထောင်ကထွက်ပြီး စစ်တပ်ထဲဝင်လာတဲ့ ကောင်က သန်လျင်က လူမိုက်တွေ ပျူစောထီးတွေကို ထိန်းချုပ်ထားပြီးတော့ ပေါ်တာဆွဲတာတွေ ၊အကြွေးတောင်းတာတွေလုပ်လာတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါတပ်ကြပ်ကြီးသည် သန်လျင်တံတားအဆင်းရှိ စစ်ကောင်စီဂိတ်တွင် တာဝန်ကျနေခြင်းဖြစ်ပြီး ပျူစောထီးများအား‌‌ ပုံစံအမျိုးမျိုးဖြင့် အသွင်ယူစေကာ ပေါ်တာဆွဲနေခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒီကောင်က အခုတော်တော်ဆိုးနေတာ၊ရိုင်းတာလည်းတော်တော်ရိုင်းတယ်။ထစ်ခနဲ့ဆို ရိုက်တာနှက်တာ ပြည်သူ့ကို ဒီကောင်ကမတရားလုပ်နေတာ။ ဒီရက်ပိုင်း အဖမ်းအဆီးတွေကိုလည်း ဒီကောင်ဦးဆောင်ပြီးလုပ်နေတာ။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ထို့အပြင် ထူးခြားဖြစ်စဉ်ဖြစ်ချိန် သန်လျင်တံတားကိုပိတ်၍စစ်ဆေးပါက အမျိုးသမီးများကို ရိုင်းရိုင်းဆိုင်းဆိုင်း ပြောဆိုလေ့ရှိကြောင်း ဒေသခံများက သတင်းပေးပို့သည်ဟု ၎င်းကဆိုသည်။

သန်လျင်မြို့၌ ယခင်ကကျေးရွာများတွင်သာ ပေါ်တာဆွဲသည့်ဖြစ်စဉ်များရှိခဲ့သော်လည်း စက်တင်ဘာလအတွင်း သန်လျင်မြို့ပေါ်၌ ပေါ်တာဆွဲသည့် ဖြစ်စဉ်များကြုံနေရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ဒီလထဲမှာ အတည်ပြုလို့ရတာ ဆယ်ဦးရှိတယ်။ဒါကျနော်တို့လက်လှမ်းမိသလောက် အတည်ပြုလိုရတာပေါ့နော်။ဒီထက်များရင်လည်းများနိုင်တယ်။” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

ဆိုင်ကယ်ကယ်ရီမောင်းသူများတွင်လည်း ပျူစောထီးများရှိသောကြောင့် ဆိုင်ကယ်ကယ်ရီ ငှားရာတွင် ဂရုစိုက်သင့်ကြောင်း ဒေသခံတဦးကပြောသည်။

သန်လျင်မြို့၌ ပေါ်တာဆွဲသည့် ဖြစ်စဉ်များဖြစ်နေသည်မှာ မှန်ကန်ပြီး ဖမ်းဆီးခံရပါက ပိုက်ဆံဖြင့်ပင် ပြန်ရွေး၍ မရကြောင်း ဒေသခံအမျိုးသမီးတဦးက ဆိုသည်။

“ပြည်သူ့တွေအနေနဲ့ အလုပ်အပြန်တွေကို ဂရုစိုက်ပြန်ဖို့ ၊မိမိ မသိတဲ့ဆိုင်ကယ် ကယ်ရီတွေကို မစီးဖို့၊ လူပြတ်တဲ့နေရာတွေ ကို ရှောင်ရှားဖို့ အသိပေးချင်ပါတယ်။”ဟု အထက်ပါတာဝန်ရှိသူက သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

စာဖတ်သူများ မင်္ဂလာပါ။ ဒီကနေ့ဟာ (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံရဲ့လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ပါတဲ့။ ဒီကနေ့မှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌနေရာကို ရယူထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးညွန်ဝင်းဆွေဆိုသူက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ပေါ်တာဆွဲတာတွေ ကြမ်းနေချိန် စစ်တပ်က ဇာတ်သဘင်နဲ့ စတိတ်ရှိုးဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်ဖို့ စီစဥ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။