Connect with us

Hi, what are you looking for?

News

ကျားရွာ(တောင်ရွာ)ကို အကြမ်းဖက်စစ်အုပ်စုက သုံးရက်ဆက်မီးရှို့ဖျက်ဆီး၍ ဘုန်းကြီးကျောင်းအပါအဝင် ရွာလုံးကျွတ်မီးလောင်ဆုံးရှုံး

အကြမ်းဖက်စစ်တပ်၏ မီးရှို့ ဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာနေအိမ်များအပြင် တောင်ရွာဘုန်းကြီးကျောင်းဝင်းအတွင်းမှ အဓိကကျောင်းဆောင်ကြီးတစ်ဆောင်လည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

(အကြမ်းဖက်အုပ်စု၏ မီးရှို့ဖျက်ဆီးခြင်းခံရပြီးနောက် ကျားရွာ(တောင်ရွာ)အား တွေ့ရစဥ်။ဓာတ်တ်ပုံ - ဒေသခံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျားရွာ(တောင်ရွာ)ကို အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများက သုံးရက်ဆက်တိုက်မီးဝင်ရှို့ခဲ့ရာ ဘုန်းကြီးကျောင်းအပါအဝင် ရွာလုံးကျွတ် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

(အကြမ်းဖက်အုပ်စု၏ မီးရှို့ဖျက်ဆီးခြင်းခံရပြီးနောက် ကျားရွာ(တောင်ရွာ)အား တွေ့ရစဥ်။ဓာတ်တ်ပုံ – ဒေသခံ)

ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၇၀ခန့်သည် ဧပြီ ၂၉ ရက်ကစတင်ကာ ယမန်နေ့ (မေလ ၁ ရက်)နံနက်ပိုင်းအထိ ကျားရွာ(တောင်ရွာ)အား သုံးရက်ဆက်တိုက် အကြမ်းဖက်ဝင်ရောက်မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်မလာမီ ကျားရွာ(တောင်ရွာ)မှ ဒေသခံပြည်သူများသည် ကြိုတင်ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများက ကျေးရွာအား မီးမရှို့မီ နေအိမ်များမှ တန်ဖိုးကြီးပစ္စည်းပေါင်းများစွာကို ပုဇင်းခေါင်းကား နှစ်စီးဖြင့် ခိုးယူသယ်ဆောင်ကာ တွေ့သမျှ ဆိုင်ကယ်များကိုပါ ယူဆောင်သွားကြကြောင်း၊ ကျားရွာတောင်ရွာသည် အိမ်ခြေ ၃၀၀ခန့် ရှိပြီး မေလ ၁ ရက်က ထပ်မံ မီးရှို့ခံရသည့်အတွက် ရွာလုံးကျွတ်နီးပါး မီးရှို့ ဖျက်ဆီးခံခဲ့ရကြောင်းဒေသခံများက ပြောသည်။

(အကြမ်းဖက်အုပ်စု၏ မီးရှို့ဖျက်ဆီးခြင်းခံရပြီးနောက် ကျားရွာ(တောင်ရွာ)အား တွေ့ရစဥ်။ဓာတ်တ်ပုံ – ဒေသခံ)

“စည်ကားလှတဲ့ရွာ​လေး​ပါ။​ ရွာထဲကအိမ်တွေဆို ကျွန်းတိုင်ကြီး​တွေနဲ့ပါ။ စိတ်မကောင်းဘူး။”ဟု ရွှေဘိုဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

အကြမ်းဖက်စစ်တပ်၏ မီးရှို့ ဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာနေအိမ်များအပြင် တောင်ရွာဘုန်းကြီးကျောင်းဝင်းအတွင်းမှ အဓိကကျောင်းဆောင်ကြီးတစ်ဆောင်လည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ကျားရွာ(တောင်ရွာ)သည် ရွှေဘိုနယ် အနောက်မြောက်ခြမ်း၊ခင်ဦးနယ်အစပ်တွင် တည်ရှိသည်။ ကျားရွာသည် အလယ်ရွာ၊ အနောက်ရွာ၊ တောင်ရွာ၊ မြောက်ရွာဟူ၍ လေးရွာ ရှိပြီး စုစုပေါင်း အိမ်ခြေ ၁,၅၀၀ခန့် ရှိသည်။

အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများအား အကြမ်းဖက်ဝင်ရောက် မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည်။

(အကြမ်းဖက်အုပ်စု၏ မီးရှို့ဖျက်ဆီးခြင်းခံရပြီးနောက် ကျားရွာ(တောင်ရွာ)အား တွေ့ရစဥ်။ဓာတ်တ်ပုံ – ဒေသခံ)

အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ကျေးရွာများမှ ပြည်သူလူထုနေအိမ်များ အပါအဝင် နေရာပေါင်း ၄၀ကျော်၌ မီးရှို့ဖျက်ဆီးမှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့၍ နှစ်ပတ်အတွင်း အိမ်ခြေ ၂၂ ၃၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရကြောင်း Data for Myanmar က သတင်းထုတ်ပြန်ထားသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၂ ဧပြီ ၃၀ရက်အတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများက နေရာပေါင်း ၂၉၆ နေရာမှ လူနေအိမ် ခန့်မှန်းခြေ ၁၁,၄၁၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။ Data for Myanmarက ဧပြီ ၁၃ရက်အထိ ထုတ်ပြန်ခဲ့သည့် စာရင်းမှာ နေရာပေါင်း ၂၅၄ နေရာမှ နေအိမ် ၉,၁၈၇လုံးကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု ဖော်ပြခဲ့ရာ ယခုနှစ်ပတ်အတွင်း အိမ်ခြေ ၂ထောင်ကျော်ကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ဆွဲလဲအိုကျေးရွာဘုန်းကြီးကျောင်းမှာ တရားစခန်းကျင်းပနေတဲ့ ဓမ္မာရုံကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ သံဃာတော်တွေအပါအဝင် သေဆုံးသူ ၂၀ကျော် ရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။