Connect with us

Hi, what are you looking for?

News

ဖုန်းဖြင့်ဆဲဆိုစိန်​​ခေါ်​သော​ ရေမျက်နီရဲစခန်းကို ထီလင်းPDF သွား​ရောက်တိုက်ခိုက် စစ်သား၁ဦး​သေ၊ ၂ဦးဒဏ်ရာရ

သွားရောက်တိုက်ခိုက်ခဲ့သည့် YDF (ထီးလင်း) ဘက်မှ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်းသိရသည်။

(ထီးလင်း PDF တပ်ဖွဲ့ဝင်များ)

ဖုန်းဖြင့် ဆဲဆို စိန်ခေါ်ခဲ့သော ရေမျက်နီရဲစခန်းအား အထူးကွန်မန်ဒိုတပ်ဖွဲ့မှသွားရောက်တိုက် ခိုက်ရာ စစ်ကောင်စီတပ်သားတစ်ဦးသေပြီး နှစ်ဦးဒဏ်ရာရသည်ဟု YDF (ထီးလင်း) က ထုတ်ပြန် သည်။

စစ်ကောင်စီတပ်သားများ အင်အားဖြည့်တင်း ထားသော ရေမျက်နီရဲစခန်းကို ယနေ့(မေ ၂ ရက်) နံနက် ၅ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ်(၃ဝ) ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားများထိခိုက်သေဆုံးမှုထပ်တိုးနိုင်ကြောင်း လည်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

“အဲဒီရဲစခန်းကို အင်အားတိုးထားတာ စခ ၂၀ ကျော်လောက်ရှိတယ်။တစ်ပတ်နီးပါးရှိပြီပေါ့။ဒီနေ့လည်း ကျောမြို့ (ကပစ ၂၃ ) က စစ်ကားနှစ်စီး ရေမျက်နီရဲစခန်းကို နေ့လည်ပိုင်းမှာရောက် လာတယ်။အင်အားထပ်တိုးတယ်လို့ သုံးသပ်တယ်”ဟု ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

(ထီးလင်း PDF တပ်ဖွဲ့ဝင်များ)

သွားရောက်တိုက်ခိုက်ခဲ့သည့် YDF (ထီးလင်း) ဘက်မှ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်းသိရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၁၁ က ထီးလင်းမြို့နယ်တွင်း စစ်ကြောင်းနှစ်​ကြောင်းဖြင့် အနောက် တောင်ကြောတစ်လျှောက် နှင့် အရှေ့ တောင်ဘက် တစ်ကြော ဖြန့်ကျက်၍စစ်ထိုးနေသည်ဟု YDF ထီးလင်း က အသိပေးသည်။

ဧပြီ ၁၇ ရက်က ထီးလင်းမြို့နယ် ကျင်းကျေးရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းမှူးသေဆုံးကာ လက်နက်ခဲယမ်းအများအ ပြားသိမ်းဆည်းနိုင်ခဲ့သည်။

ထီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး​နေရာ ဧပြီ ၂၅ ရက်တွင် တစ်ကြိမ်၊ ဧပြီ ၂၉ ရက်တွင် တစ်ကြိမ် YDF(Htilin)နှင့် ထိတွေ့တိုက်ပွဲများဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

Facebook