Connect with us

Hi, what are you looking for?

LuduNwayOo

News

ထန်းတပင်နားက PDF စခန်းဝင်စီးခံရလို့
တပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးမှုရှိ

စစ်ကောင်စီတပ်ဟာ ညဘက်ပိုင်းတွေမှာ ဒရုန်းနဲ့ ထောက်လှမ်းတာတွေ ဆက်တိုက်လုပ်နေပြီး ရွာတွေဘက်မှာ တောနင်းပြီး သွားလာသူတွေကို စစ်ဆေးမှုတွေလုပ်ဆောင်လျက်ရှိနေတယ်လို့ တောအူးသတင်းစဉ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

တောင်ငူခရိုင် ထန်းတပင်မြို့အနီးက PDF စခန်းတစ်ခုကို ဒီနေ့ညနေပိုင်း စစ်ကောင်စီက ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့လို့ PDF တပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေရှိနေတယ်လို့ တောအူးသတင်းစဉ်ကနေ သိရပါတယ်။

ဒီကနေ့ မေလ ၄ ရက် ညနေ ၃ နာရီခွဲအချိန်က ထန်းတပင်မြို့အနီးက PDF စခန်းတစ်ခုကို စစ်ကောင်စီက အင်အား ၅၀ ကျော်နဲ့ ဝင်ရောက်စီးနင်းပြီး လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ PDF တပ်သားတစ်ဦးကျဆုံးသွားခဲ့ကာ တစ်ဦးကတော့ ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။

“၆၀ မမ ၄၀ မမနဲ့ လက်နက်ငယ်အများကြီး ဝင်ပစ်ကြတာ တစ်ယောက်ထိသွားတယ် တစ်ယောက်ကျသွားတယ်။ ကျွန်တော်တို့ရှိတယ် အထင်နဲ့ ဝင်ပစ်ကြတာ စခန်းက စွန့်ခွာခဲ့ရပြီ။ ပစ္စည်းတချို့ ပါသွားခဲ့တယ်။ စိတ်မကောင်းများစွာပါပဲ စိတ်ဓာတ်လည်း ကျမိတယ်” လို့ PDF တပ်သားတစ်ဦးက ပြောပါတယ်။

အဲ့ဒီ PDFစခန်း ဝင်စီးမခံရခင် ဒီကနေ့ မနက် (၅)နာရီခန့်က ဘယ်ထိအုပ်စု ထီးခီး အနီးမှာ စစ်ရေးလှုပ်ရှားလာပြီး နယ်ကျော်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KNLA PDF ပူးပေါင်းတပ်တွေအကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သေးပြီး တိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်ကောင်စီဟာ လက်နက်ငယ်တွေနဲ့ ပစ်ဖောက်ခဲ့တယ်လို့ တောအူးသတင်းစဉ်မှာ ဖော်ပြထားတာပါ။

Public Service Announcement

Public Service Announcement

အဲ့ဒီထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်မှုစာရင်းကိုတော့ မသိရှိရသေးပဲ စုံစမ်းနေတုန်းပဲလို့ တောအူးသတင်းစဉ်က ဆိုထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၂ ရက်က စစ်ကောင်စီတပ်ဖွဲ့တွေဟာ စစ်ကားနှစ်စီးနဲ့ ထန်းတပင်မြို့ကနေ ရေလျံစခန်းကို အင်းအာတက်ဖြည့်လာကြပြီး မေလ ၃ ရက်နေ့ မနက် ၃ နာရီခန့်မှာတော့ လယ်ဂူးရွာ ခူထီးလိုချောင်းကို ဖြတ်တက်လာကာ တောင်အောက်ခြေအထိ နယ်မြေကျော်ပြီး စစ်ရေးလှုပ်ရှားလာလို့ KNLA ပူးပေါင်းအဖွဲ့နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ ညဘက်ပိုင်းတွေမှာ ဒရုန်းနဲ့ ထောက်လှမ်းတာတွေ ဆက်တိုက်လုပ်နေပြီး ရွာတွေဘက်မှာ တောနင်းပြီး သွားလာသူတွေကို စစ်ဆေးမှုတွေလုပ်ဆောင်လျက်ရှိနေတယ်လို့ တောအူးသတင်းစဉ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။