Connect with us

Hi, what are you looking for?

News

ထန်းတပင်နားက PDF စခန်းဝင်စီးခံရလို့
တပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးမှုရှိ

စစ်ကောင်စီတပ်ဟာ ညဘက်ပိုင်းတွေမှာ ဒရုန်းနဲ့ ထောက်လှမ်းတာတွေ ဆက်တိုက်လုပ်နေပြီး ရွာတွေဘက်မှာ တောနင်းပြီး သွားလာသူတွေကို စစ်ဆေးမှုတွေလုပ်ဆောင်လျက်ရှိနေတယ်လို့ တောအူးသတင်းစဉ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

တောင်ငူခရိုင် ထန်းတပင်မြို့အနီးက PDF စခန်းတစ်ခုကို ဒီနေ့ညနေပိုင်း စစ်ကောင်စီက ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့လို့ PDF တပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေရှိနေတယ်လို့ တောအူးသတင်းစဉ်ကနေ သိရပါတယ်။

ဒီကနေ့ မေလ ၄ ရက် ညနေ ၃ နာရီခွဲအချိန်က ထန်းတပင်မြို့အနီးက PDF စခန်းတစ်ခုကို စစ်ကောင်စီက အင်အား ၅၀ ကျော်နဲ့ ဝင်ရောက်စီးနင်းပြီး လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ PDF တပ်သားတစ်ဦးကျဆုံးသွားခဲ့ကာ တစ်ဦးကတော့ ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။

“၆၀ မမ ၄၀ မမနဲ့ လက်နက်ငယ်အများကြီး ဝင်ပစ်ကြတာ တစ်ယောက်ထိသွားတယ် တစ်ယောက်ကျသွားတယ်။ ကျွန်တော်တို့ရှိတယ် အထင်နဲ့ ဝင်ပစ်ကြတာ စခန်းက စွန့်ခွာခဲ့ရပြီ။ ပစ္စည်းတချို့ ပါသွားခဲ့တယ်။ စိတ်မကောင်းများစွာပါပဲ စိတ်ဓာတ်လည်း ကျမိတယ်” လို့ PDF တပ်သားတစ်ဦးက ပြောပါတယ်။

အဲ့ဒီ PDFစခန်း ဝင်စီးမခံရခင် ဒီကနေ့ မနက် (၅)နာရီခန့်က ဘယ်ထိအုပ်စု ထီးခီး အနီးမှာ စစ်ရေးလှုပ်ရှားလာပြီး နယ်ကျော်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KNLA PDF ပူးပေါင်းတပ်တွေအကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သေးပြီး တိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်ကောင်စီဟာ လက်နက်ငယ်တွေနဲ့ ပစ်ဖောက်ခဲ့တယ်လို့ တောအူးသတင်းစဉ်မှာ ဖော်ပြထားတာပါ။

Public Service Announcement

Public Service Announcement

အဲ့ဒီထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်မှုစာရင်းကိုတော့ မသိရှိရသေးပဲ စုံစမ်းနေတုန်းပဲလို့ တောအူးသတင်းစဉ်က ဆိုထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၂ ရက်က စစ်ကောင်စီတပ်ဖွဲ့တွေဟာ စစ်ကားနှစ်စီးနဲ့ ထန်းတပင်မြို့ကနေ ရေလျံစခန်းကို အင်းအာတက်ဖြည့်လာကြပြီး မေလ ၃ ရက်နေ့ မနက် ၃ နာရီခန့်မှာတော့ လယ်ဂူးရွာ ခူထီးလိုချောင်းကို ဖြတ်တက်လာကာ တောင်အောက်ခြေအထိ နယ်မြေကျော်ပြီး စစ်ရေးလှုပ်ရှားလာလို့ KNLA ပူးပေါင်းအဖွဲ့နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ ညဘက်ပိုင်းတွေမှာ ဒရုန်းနဲ့ ထောက်လှမ်းတာတွေ ဆက်တိုက်လုပ်နေပြီး ရွာတွေဘက်မှာ တောနင်းပြီး သွားလာသူတွေကို စစ်ဆေးမှုတွေလုပ်ဆောင်လျက်ရှိနေတယ်လို့ တောအူးသတင်းစဉ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။