Connect with us

Hi, what are you looking for?

LuduNwayOo

News

ဟားခါး – ဖလမ်းကြားတိုက်ပွဲ စစ်ကောင်စီတပ် ၁၈ဦးထက်မနည်းသေဆုံး၊ ချင်းပူးပေါင်းတပ်မှ ရဲဘော်ကိုးဦးကျဆုံး

“ဒီနေ့ ကိုးယောက်ကျတဲ့အထဲမှာ ငါးဦးကတော့ CNA တပ်ဖွဲ့ဝင်တွေဖြစ်ကြောင်း သူတို့ CNA တပ်သားတွေဆီကနေ အတည်ပြုနိုင်ခဲ့တယ်။ ကျန်တဲ့ လေးယောက်က CDF ပေါ့။ CDF ထဲမှာ ဟားခါး CDF လည်းပါတယ် ထန်တလန် CDFလည်းပါတယ်” ဟု ဒေသခံက ပြောသည်။

ယနေ့ညပိုင်း တိုက်ပွဲဆက်ဖြစ်နိုင်ဟု ဒေသခံပြော

ချင်းပြည်နယ် ဟားခါး – ဖလမ်းအကြားတွင် ယနေ့နံနက်က တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၈ဦး သေဆုံးပြီးအများအပြား ဒဏ်ရာရရှိသကဲ့သို့ ချင်းပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း ရဲဘော်ကိုးဦး ကျဆုံးခဲ့သည်ဟု ချင်းဒေသခံတစ်ဦးက ပြောသည်။

ဟားခါး -ကလေးလမ်း ဖလမ်းမြို့နယ် တလန်ဇာရ်ရွာအနီးတွင် ယနေ့ (မေလ ၅ရက်)နံနက်ပိုင်းမှ စတင်၍ ချင်းအမျိုးသားတပ်မတော်(CNA)၊ ချင်းကာကွယ်ရေးတပ်(CDF) ပူးပေါင်း အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“ကလေး – ဟားခါးလမ်းမကြီး စစ်တပ်က ကလေးဘက်သွားမယ်ထင်တယ်။ ဟားခါးကနေ ကလေးဘက်ကို ပြန်တဲ့လမ်းကြောင်း ။ ဒီမနက်၁၁နာရီအထိတော့ တိုက်ပွဲမှာ (စစ်ကောင်စီဘက်က) အနည်းဆုံး ၁၈ယောက် သေပြီးတော့ ထိခိုက်ဒဏ်ရာရတဲ့သူများတယ်လို့ မြေပြင်သတင်းအရ သိရတယ်”ဟု ချင်းဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ချင်းပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော်ကိုးဦးကျဆုံးခဲ့သည်ဟု ဒေသခံက ပြောသည်။

“ဒီနေ့ ကိုးယောက်ကျတဲ့အထဲမှာ ငါးဦးကတော့ CNA တပ်ဖွဲ့ဝင်တွေဖြစ်ကြောင်း သူတို့ CNA တပ်သားတွေဆီကနေ အတည်ပြုနိုင်ခဲ့တယ်။ ကျန်တဲ့ လေးယောက်က CDF ပေါ့။ CDF ထဲမှာ ဟားခါး CDF လည်းပါတယ် ထန်တလန် CDFလည်းပါတယ်” ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ လူအင်အား လက်နက်အင်အားမမျှသည့် အခြေအနေတွင် ချင်းတပ်ဖွဲ့ဝင်များ ကျဆုံးမှု များခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံက သုံးသပ်သည်။

“ဒီညမှာလည်း တိုက်ပွဲဖြစ်ပွားနိုင်တဲ့ အခြေအနေ ရှိတယ်လို့ သူတို့ဘက်က ပြောတယ်”ဟု ၎င်းက ဆိုသည်။

ဟားခါးမှ ဖလမ်းမြို့သို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ယာဉ်တန်းအား မေလ ၃ရက်က စပြီး ချင်းပူးပေါင်းတပ်က ချုံခိုတိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းဌာန The Chin Journalက ဖော်ပြထားသည်။ စစ်ကောင်စီတပ်များသည် မေလ ၄ရက်တွင် ဖလမ်းမြို့နယ် ရမ်ထလိုရွာမှ နေအိမ် ၁၀လုံးကို မီးရှို့ခဲ့ပြီး ယနေ့တွင်လည်း တလန်ဇာရ်ရွာမှ နေအိမ် ၁၀လုံးကျော် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။