Connect with us

Hi, what are you looking for?

News

မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်ကို PDF များသုံးရက်ဆက်တိုက်ခိုက်

စစ်​ကောင်စီတပ်နှင့် မြောင်ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များကြား မကြာခဏတိုက်ပွဲများယခုရက်ပိုင်းအတွင်းဆက်တိုက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်​ကောင်စီတပ်က ပြည်သူ့နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးမှုများဆက်တိုက် ပြုလုပ်လျက်ရှိသည်။

(​မြောင်မြို့နယ်ရှိ မြစ်ဆုံရွာကို အကြမ်းဖက်စစ်တပ်က​မေ ၆ ရက်တွင် မီးရှို့သဖြင့် ​နေအိမ် ၆ လုံး မီး​လောင်ခဲ့သည်)

စစ်ကိုင်းတိုင်း၊ ​မြောင်မြို့နယ်တွင်စစ်ကောင်စီတပ်အား ​သုံးရက်ဆက်တိုက် တိုက်ခိုက်ခဲ့ပြီး ထိခိုက်​သေဆုံးမှုများရှိနိုင်ကြောင်းမြောင်မြို့နယ် (T.G.R)ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။

မေလ ၄ ရက်က မြောင်နယ် မင်းတန်းရွာမှထွက်လာသည့် အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်​ကောင်စီတပ်အား နံနက် ၇ နာရီခွဲခန့်တွင် မင်းတန်းရွာနှင့် သောင်ကြီးရွာကြား၌ မိုင်းဆွဲတိုက်ခိုက်ရာစစ်သားနှစ်ဦး ဒဏ်ရာအပြင်းထန်ရရှိခဲ့ကြောင်းT.G.Rကအသိ​ပေးသည်။

မေလ ၅ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ် ခန့်ကလည်း မြောင်မြို့နယ် ကင်းရွာတွင် တပ်ဆွဲထားသောစစ်​ကောင်စီတပ်အား ကင်းရွာနှင့် ရွှေဘုံသာရွာကြား၌ မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်မှုရှိနိုင်သည်ဟုထုတ်ပြန်ချက်တွင်​​ဖော်ပြထားသည်။

(​မြောင်မြို့နယ်ရှိ မြစ်ဆုံရွာကို အကြမ်းဖက်စစ်တပ်က​မေ ၆ ရက်တွင် မီးရှို့သဖြင့် ​နေအိမ် ၆ လုံး မီး​လောင်ခဲ့သည်)

မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ BGF (Myingyan)၊ 11Brothers၊ ဗိုလ်နေတိုးအထူးပြောက်ကြားအဖွဲ့ B.N.T၊ ဗိုလ်တောက်ထွန်း (MBTT)၊ Saw Bwar Gyi MPDF၊ Burma Phoenix Organization-BPO၊ ပြောက်ကျားလင်းယုန် အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ ထိခိုက်မှုမရှိဆုတ်ခွာနိုင်သည်ဟု ၎င်းတို့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိုအပြင်မေလ ၆ ရက်နေ့နံနက်ပိုင်းက မြောင်မြို့နယ်၊ မြစ်ဆုံရွာအနီးတွင် အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်သားတစ်ဦး လဲကျခဲ့သည်ဟု မြောင်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM တာဝန်ရှိသူက ပြောသည်။

ညနေပိုင်းတွင် အကြမ်းဖက်စစ်တပ်က မြစ်ဆုံရွာရှိ နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး နွားတစ်ကောင်ကို ပစ်သတ်ခဲ့ကြသည်ဟု CDSOM တာဝန်ရှိသူက ပြောသည်။

စစ်​ကောင်စီတပ်နှင့် မြောင်ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များကြား မကြာခဏတိုက်ပွဲများယခုရက်ပိုင်းအတွင်းဆက်တိုက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်​ကောင်စီတပ်က ပြည်သူ့နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးမှုများဆက်တိုက် ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။