Connect with us

Hi, what are you looking for?

LuduNwayOo

News

ရွှေဘိုမြို့နယ်၊ ပလိုင်းရွာတွင်တပ်စွဲထား​သောစစ်တပ်နှင့်ပျူများကို PDFများတိုက်ခိုက်၈ဦးထက်မနည်း​သေ

အကြမ်းဖက်အဖွဲ့က ပြန်လည်ပစ်ခတ်သဖြင့် အသက် ၃၂ နှစ်အရွယ် ရဲဘော် ကိုချမ်းငြိမ်းအောင်(ခ)လက်မနှေးသည် လက်နက်ကြီးထိမှန်ကျဆုံးခဲ့ရသည်ဟု ​ရွှေဘို PDFက ပြောသည်။

(စစ်​ကောင်စီတပ်နှင့်ညပျူ​စောထီးများကို ဒရုန်းမှရိုက်ကူးထားစဥ်)

လက်နက်ကြီးထိမှန်၍ PDF ရဲ​ဘော်တစ်ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာတွင် တပ်စွဲထားသော စစ်​ကောင်စီတပ်နှင့်ပျူ​စောထီးများအား မဟာမိတ်၁၀ ဖွဲ့က နှစ်ကြိမ်တိုင် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်မှ ၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ​ရွှေဘို PDF နှင့် C&T SHWEBO အဖွဲ့ တို့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ မေလ ၇ရက်နေ့က ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်တပ်နှင့် ပျူကို မဟာမိတ်၁၀ ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ အကြမ်း
ဖက်အဖွဲ့ဘက်မှ ၈ ဦးသေဆုံးနိုင်ကြောင်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ထပ်မံ၍ နယ်မြေရှင်းလင်းရန် ထွက်လာသော အကြမ်းဖက်စ်တပ်အဖွဲ့၏ ဆိုင်ကယ်(၄)စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးထိခိုက် ဒဏ်ရာရခဲ့သ​ည်ဟု C&T SHWEBO အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်အဖွဲ့က ပြန်လည်ပစ်ခတ်သဖြင့် အသက် ၃၂ နှစ်အရွယ် ရဲဘော် ကိုချမ်းငြိမ်းအောင်(ခ)လက်မနှေးသည် လက်နက်ကြီးထိမှန်ကျဆုံးခဲ့ရသည်ဟု ​ရွှေဘို PDFက ပြောသည်။

အထက်ပါ​စစ်ဆင်ရေးအား​ရွှေဘိုPDF ၊ C&T SHWEBO၊ Snake Eyes PDF၊ Alpha 7၊ မဟူရာဇီးကွက်(ဒီပဲယင်း)၊ပြုံးရွှင်(ဒီပဲယင်း)၊အရာ‌တော်နောင်ရိုး၊ဗိုလ်ကျားရိုင်း၊‌ ဒေါင်းမာန်နှင့် မဟာမိတ်ဖြစ်ကြသောနဂါးပျံ သိဒ္ဓိရှင်တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က အသိပေးသည်။

မဟာမိတ်အဖွဲ့များသည် မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့များက ရွှေဘိုမြို့နယ် ဇီးဖြူကုန်းရွာနှင့်ဆိပ်ခွန်ရွာကြားတွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းအား တိုက်ခိုက်ခဲ့ပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် စကစဘက်မှ (၃၀) ဝန်းကျင်ခန့် ထိခိုက်သေဆုံးခဲ့သည်။ လက်နက်ကြီးထိမှန်၍ ပြည်သူ (၃)ဦး သေဆုံးပြီး (၆)ဦး ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။