Connect with us

Hi, what are you looking for?

News

ရွှေဘိုမြို့နယ်၊ ပလိုင်းရွာတွင်တပ်စွဲထား​သောစစ်တပ်နှင့်ပျူများကို PDFများတိုက်ခိုက်၈ဦးထက်မနည်း​သေ

အကြမ်းဖက်အဖွဲ့က ပြန်လည်ပစ်ခတ်သဖြင့် အသက် ၃၂ နှစ်အရွယ် ရဲဘော် ကိုချမ်းငြိမ်းအောင်(ခ)လက်မနှေးသည် လက်နက်ကြီးထိမှန်ကျဆုံးခဲ့ရသည်ဟု ​ရွှေဘို PDFက ပြောသည်။

(စစ်​ကောင်စီတပ်နှင့်ညပျူ​စောထီးများကို ဒရုန်းမှရိုက်ကူးထားစဥ်)

●လက်နက်ကြီးထိမှန်၍ PDF ရဲ​ဘော်တစ်ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာတွင် တပ်စွဲထားသော စစ်​ကောင်စီတပ်နှင့်ပျူ​စောထီးများအား မဟာမိတ်၁၀ ဖွဲ့က နှစ်ကြိမ်တိုင် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်မှ ၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ​ရွှေဘို PDF နှင့် C&T SHWEBO အဖွဲ့ တို့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ မေလ ၇ရက်နေ့က ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်တပ်နှင့် ပျူကို မဟာမိတ်၁၀ ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ အကြမ်း
ဖက်အဖွဲ့ဘက်မှ ၈ ဦးသေဆုံးနိုင်ကြောင်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ထပ်မံ၍ နယ်မြေရှင်းလင်းရန် ထွက်လာသော အကြမ်းဖက်စ်တပ်အဖွဲ့၏ ဆိုင်ကယ်(၄)စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးထိခိုက် ဒဏ်ရာရခဲ့သ​ည်ဟု C&T SHWEBO အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်အဖွဲ့က ပြန်လည်ပစ်ခတ်သဖြင့် အသက် ၃၂ နှစ်အရွယ် ရဲဘော် ကိုချမ်းငြိမ်းအောင်(ခ)လက်မနှေးသည် လက်နက်ကြီးထိမှန်ကျဆုံးခဲ့ရသည်ဟု ​ရွှေဘို PDFက ပြောသည်။

အထက်ပါ​စစ်ဆင်ရေးအား​ရွှေဘိုPDF ၊ C&T SHWEBO၊ Snake Eyes PDF၊ Alpha 7၊ မဟူရာဇီးကွက်(ဒီပဲယင်း)၊ပြုံးရွှင်(ဒီပဲယင်း)၊အရာ‌တော်နောင်ရိုး၊ဗိုလ်ကျားရိုင်း၊‌ ဒေါင်းမာန်နှင့် မဟာမိတ်ဖြစ်ကြသောနဂါးပျံ သိဒ္ဓိရှင်တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က အသိပေးသည်။

မဟာမိတ်အဖွဲ့များသည် မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့များက ရွှေဘိုမြို့နယ် ဇီးဖြူကုန်းရွာနှင့်ဆိပ်ခွန်ရွာကြားတွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းအား တိုက်ခိုက်ခဲ့ပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် စကစဘက်မှ (၃၀) ဝန်းကျင်ခန့် ထိခိုက်သေဆုံးခဲ့သည်။ လက်နက်ကြီးထိမှန်၍ ပြည်သူ (၃)ဦး သေဆုံးပြီး (၆)ဦး ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook