●ပြည်သူလူထုအားဖြင့် ဝယ်ပေးရန် KNDFမေတ္တာရပ်ခံ
အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံစစ်ဖြင့် တိုက်နေရာမှ ထိုးစစ်စတင်နိုင်ရေးအတွက် လက်နက်ကြီးဝယ်ယူနိုင်ရန် ပြည်သူလူထု၏ ထောက်ပံ့မှုအရေးတကြီးလိုအပ်နေသည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်( KNDF)က တောင်းဆိုသည်။
ကရင်နီပြည်နယ်တွင် စစ်ကောင်စီအား အထိနာအောင်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအနက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်( KNDF)က ယခင်ကနှင့်မတူသော တိုက်ခိုက်ရေးဗျူဟာကို အသုံးပြုရန် စိတ်အားထက်သန်နေပြီး လက်နက်ကြီးဝယ်ယူနိုင်ရေး ကြိုးစားနေခြင်းဖြစ်သည်။
” ကျွန်တော်တို့တွေစစ်ကောင်စီရဲ့အလာကိုမစောင့်ဘဲ တစ်ခါတလေ ထိုးစစ်ဆင်တာတွေလုပ်တယ်။ အဲ့အချိန်စစ်ကောင်စီလက်နက်ကြီးနဲ့ယှဥ်ရင် ကျွန်တော်တို့က တစ်ရာပုံတစ်ပုံတောင်မသုံးနိုင်ဘူး။ လက်နက်ကြီးမရှိတော့ ကျားထိုးမယ့်အပိုင်းလည်း ထိုးမရဘူး။ ကျွန်တော်တို့ရဲဘော်တွေလည်း ထိခိုက်ရတာတွေများတယ်။ ဒါကြောင့် ကျွန်တော်တို့ လက်နက်ကြီး အရေးတကြီးလိုအပ်နေလို့ လူထုဘက်ကနေ ထောက်ပံ့ပေးဖို့ တောင်းဆိုပါတယ်”ဟု KNDFတပ်ရင်း(၂)မှ တာဝန်ရှိသူတစ်ဦးကPeople’s Springသို့ပြောသည်။

Public Service Announcement

လက်နက်ကြီး ဝယ်ယူရန် လိုအပ်သော ငွေကြေးရရှိနိုင်ရေးအတွက် KNDFတပ်ရင်း(၂)နှင့် တပ်ရင်း (၆)က CDM ဗိုလ်ကြီး ညီသုတနှင့်အတူ Project 7 အမည်ဖြင့် ရံပုံငွေရှာဖွေရေး campaign ပြုလုပ်နေသည်။
“တိုက်ပွဲဖြစ်စဉ်တွေ သုံးသပ်တဲ့အခါ အဝေးပစ်လက်နက်နည်းနေတာကြောင့် အနီးကပ်တက်ရင်း မိုင်းထိပြီး ရဲဘော်တွေ ကိုယ်အင်္ဂါဆုံးရှုံးရပါတယ်။ ဒီအတွက် စက်လက်နဲ့ RPG လိုလက်နက်တွေ ပိုပြီး လိုအပ်လာပါတယ်”ဟု ကရင်နီဒေသတိုက်ပွဲအခြေအနေကို ဗိုလ်ကြီးညီသုတက ရှင်းပြရင်း လက်နက်ကြီးဖိုး ထောက်ပံ့လှူဒါန်းရန်တိုက်တွန်းထားသည်။

7 ဆိုသည်မှာ RPG 7 ကို ရည်ညွှန်းခြင်းဖြစ်ပြီးလတ်တလောတွင် KNDF တပ်ရင်းနှစ်ရင်းစာအတွက် ကျပ်သိန်းတစ်ထောင်လိုအပ်နေသည်ဟု ဗိုလ်ကြီးညီသုတကပြောထားသည်။
Project-7 အတွက် ပြည်သူ့အလှူငွေကို ဗိုလ်ကြီးညီသုတ၏ NyiThuta’s Diary Page မှတဆင့် KNDF တပ်ရင်းရံပုံငွေအဖွဲ့က တိုက်ရိုက်လက်ခံသွားမည်ဖြစ်သည်။ လှုုဒါန်းရန်အတွက် အောက်ပါ Link https://fb.watch/cSOORrMPsA/ သို့ ဆက်သွယ်နိုင်သည်ဟု KPDFက အသိပေး ထားသည်။
ကရင်နီပြည်နယ်၌ယခုရက်ပိုင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိုးစစ်ဆင်နေသည့်ကြားမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ခုခံစစ်ကြောင့် စစ်ကောင်စီ အထိနာနေသည်။
KNDFနှင့် မဟာမိတ်များ ပူးပေါင်းတိုက်ခိုက်ခဲ့သည့် မေ ၆ရက်က ရှားတောတိုက်ပွဲတွင် စစ်ကောင်စီဘက်က ခမရ(၄၂၈)ဒုတပ်ရင်းမှူးအပါအဝင် ခြောက်ဦးသေဆုံးခဲ့သည်။ မေ ၇ ရက်က ဖရူဆိုတိုက်ပွဲတွင်လည်း စစ်ကောင်စီယာဥ်တန်းကို ဖျက်ဆီးနိုင်ခဲ့ပြီး ၂ဝ ကျော်သေဆုံးကာ နှစ်ဦး အရှင်ဖမ်းမိသည်ဟု KNDFက ထုတ်ပြန်ထားသည်။
” ဒါမျိုးမြင်ရင်(မေ ၇ရက်တိုက်ပွဲတွင် စစ်ကောင်စီအထိနာသွားသည့် ဗီဒီယိုဖိုင်)ဘယ်လိုခံစားရလဲ။ စစ်တပ်က ဒီလိုနဲ့ပဲ တအအိပြိုဆင်းလာပြီ။ ကယားပြည်နယ်(ကရင်နီပြည်နယ်)
မှာ ဒါမျိုးတွေများများမြင်ချင်ရင် Project-7 ကို ထောက်ပံ့ကြဗျို့” ဟု ဗိုလ်ကြီးညီသုတက တိုက်တွန်းထားသည်။


















































