Connect with us

Hi, what are you looking for?

News

အရပ်သားအ​ယောင်​ဆောင်ဖြတ်သန်းသွားလာ​သော စစ်သားသုံးဦးကို KNDF တပ်ရင်း ၃ ဖမ်းဆီး

KNDFတပ်ရင်း ၃ သည် စစ်တပ်ထုတ်ကုန်များရောင်းဝယ်ဖောက်ကားခြင်းမပြုရန် အသိပေးချက်ထုတ်ပြန်ထားပြီးလည်းဖြစ်သည်။ ယခုလို အရေးယူမှုသည် ပြည်သူတစ်ဦးတစ်ယောက်၏ စီးပွားရေးကို ဖျက်ဆီးခြင်းမဟုတ်ကြောင်းလည်းဆိုထားသည်။

အရပ်သားအ​ယောင်​ဆောင်လာ​သောစစ်​ကောင်စီတပ်သားသုံးဦးကိုKNDFကဖမ်းဆီးထားစဥ် ။ ဓါတ်ပုံ-KNDF-B03

ကရင်နီနယ်မြေအတွင်း အရပ်သားယောင်ဆောင်ဖြတ်သန်းသွားသည့် စစ်သား၃ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) တပ်ရင်း -၃ က သတင်းထုတ်ပြန်သည်။

KNDF တပ်ရင်း-၃ တပ်ခွဲ ၂ နယ်မြေအတွင်း လူစိမ်း ၃ ဦးဖြတ်သန်းသွားလာသည်ကို တာဝန်ကျရဲဘော်များက မသင်္ကာ၍ စစ်ဆေးရာတွင် စစ်ကောင်စီတပ်သားများဖြစ်နေခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့​ကြောင်း ဓါတ်ပုံနှင့်တစ်ကွ ​မေလ ၈ ရက်ညတွင်သတင်းထုတ်ပြန်သည်။ အဆိုပါစစ်သားသုံးဦးကိုမည်သို့အ​ရေးယူမည် ဆိုသည်ကိုမူ​ဖော်ပြထားခြင်းမရှိ​ပေ။

စစ်တပ်ထုတ်ကုန်ဒဂုံဘီယာများကိုဖျက်ဆီးစဥ်။ ဓါတ်ပုံ-KNDF-B03

ထိုအပြင် KNDFတပ်ရင်း -၃ ထိန်းချုပ်ထားသည့် ဖယ်ဇုံဒေသတွင်း စစ်တပ်ထုတ်ကုန်များ သယ်ဆောင်ခြင်း၊ ရောင်းချခြင်းနှင့် သုံးစွဲခြင်းများ မပြုရန် စစ်ဆေးမှုများဆောင်ရွက်နေပြီး စစ်တပ်ထုတ်ကုန်များ အသုံးမပြုရန်လည်း နိုးဆော်ထားသည်။ ထို​ကြောင့် ဖြတ်သန်းသွားလာ​သောကားများကိုစစ်​ဆေး၍ စစ်တပ်ထုတ်ကုန်ဖြစ်​သောဒဂုံဘီယာနှင့်ရူဘီ​စီးကရက်များကို ဖျက်ဆီးခဲ့သည်ကိုလည်း သတင်းဓါတ်ပုံတွင်​ဖော်ပြထားသည်။

စစ်တပ်ထုတ်ကုန် ရူဘီစီးကရက်ကို ဖျက်ဆီးခဲ့သည်။ ဓါတ်ပုံ-KNDF -B03

စစ်တပ်ထုတ်ကုန်များရရှိသည့် ငွေသည် ပြည်သူ့ရဲဘော်များ သတ်ဖြတ်မည့် ကျည်ဆံ၊ ပြည်သူ့အိုးအိမ်ဖျက်ဆီးမည့် လက်နက်များကို ပြန်ဝယ်ရန်ဖြစ်သည်။ စစ်တပ်ထုတ်ကုန်ဝယ်ယူမည့်ဆိုလျှင် မီးရှို့ခံရသည့် ပြည်သူ၊ စစ်တပ်မှ မတရားမုဒိန်းကျင့်သတ်ဖြတ်ခဲ့ အမျိုးသမီးငယ်များနှင့် လက်နက်ကြီးထိမှန်ခဲ့သည့် ကလေးငယ်များကို သတိရပေးရန်လည်း KNDFကတိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ဖယ်ခုံမြို့နယ်အတွင်သွားလာ​နေ​သောကားများကိုစစ်​ဆေး​နေစဥ် ။ ဓါတ်ပုံ-KNDF-B03

KNDFတပ်ရင်း ၃ သည် စစ်တပ်ထုတ်ကုန်များရောင်းဝယ်ဖောက်ကားခြင်းမပြုရန် အသိပေးချက်ထုတ်ပြန်ထားပြီးလည်းဖြစ်သည်။ ယခုလို အရေးယူမှုသည် ပြည်သူတစ်ဦးတစ်ယောက်၏ စီးပွားရေးကို ဖျက်ဆီးခြင်းမဟုတ်ကြောင်းလည်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

Facebook