Connect with us

Hi, what are you looking for?

News

ဘုံသဘောတူညီချက် ၅ ချက်ကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ပြန်လည်သုံးသပ်မယ်

ဒီတွေ့ဆုံဆွေးနွေးမှုမှာဟာ ဘုံသဘောတူညီချက်တွေကို မြန်မာစစ်ကောင်စီက အကောင်အထည်ဖော်ဖို့နှေးကွေးတဲ့အပြင် ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အတွက် ဖြစ်ပေါ်လာရတာလို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး

မြန်မာအရေးကြားဝင်ဖြေရှင်းပေးနိုင်ဖို့ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက် ကို ပြန်လည်သုံးသပ်ဖို့အတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မေလ ၁၁ ရက်မှာအလွတ်သဘောတွေ့ဆုံဆွေးနွေးကြဖို့ရှိနေပါတယ်။

ဒီတွေ့ဆုံဆွေးနွေးမှုမှာဟာ ဘုံသဘောတူညီချက်တွေကို မြန်မာစစ်ကောင်စီက အကောင်အထည်ဖော်ဖို့နှေးကွေးတဲ့အပြင် ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အတွက် ဖြစ်ပေါ်လာရတာလို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့အလွတ်သဘောတွေ့ဆုံမှုဟာ အမေရိကန်သမ္မတနဲ့ အာဆီယံ ခေါင်းဆောင်တွေ ရဲ့ထိပ်သီးတွေ့ဆုံပွဲမတိုင်ခင်ဖြစ်ပါတယ်။ အမေရိကန်သမ္မတနဲ့ အာဆီယံ ခေါင်းဆောင်တွေဟာ မေ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ဝါရှင်တန်မှာတွေ့ဆုံကြဖို့ရှိနေပါတယ်။

အဲဒီထိပ်သီးတွေ့ဆုံပွဲမတိုင်ခင် မြန်မာ့အရေးအတွက် ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ပြန်သုံးသပ်ကြမှာပါ။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိပုံကို မစ္စနိုလင်းဟေဇာကို ဥပမာထားပြီး မီဒီယာကို ဖြေထားပါတယ်။

Public Service Announcement

Public Service Announcement

မစ္စနိုလင်းဟေဇာဟာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာက ခန့်အပ်ခံရပေမယ့် စစ်ကောင်စီက အသိအမှတ်ပြုလက်ခံတာမရှိသေးဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဖနွမ်းပင်မှာကျင်းပတဲ့ မြန်မာကိုလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအစည်းအဝေးကိုလည်း မစ္စနိုလင်းဟေဇာဟာ စစ်ကောင်စီက အသိအမှတ်မပြုတဲ့အတွက် တက်ရောက်ခွင့်မရခဲ့ဘူးလို့သိရပါတယ်။

ဒါဟာ ဘုံသဘောတူညီချက်တွေကို စစ်ကောင်စီဘက်က ပူးပေါင်းမှုမရှိတဲ့ ဥပမာတစ်ခုသာဖြစ်ပြီး တစ်နှစ်အတွင်းမှာလည်း အပေါင်းလက္ခဏာဆောင်တဲ့တိုးတက်မှု မရှိခဲ့ဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုပါတယ်။

ဒါကြောင့် ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီ အကောင်အထည်ဖော်ဖို့အတွက် အမြင်သဘောထားတွေ ချမှတ်ရမယ်လို့လည်း ပြောပါသေးတယ်။

တရားမဝင်တဲ့ စစ်ကောင်စီဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို တစ်ချက်မှ မလိုက်နာတဲ့အတွက် အဲဒီဘုံသဘောတူညီချက်တွေဟာကျဆုံးသွားပြီလို့ ကုလသမဂ္ဂအရေးကျွမ်းကျင်သူတွေနဲ့ စုဖွဲ့ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီကတော့ ပြီးခဲ့တဲ့လအတွင်းက ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် အာဆီယံဟာ NUG ၊ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့နဲ့ ပူးပေါင်းပြီး နည်းလမ်းသစ်ရှာသင့်တယ်လို့လည်းအကြံပြုထားပါတယ်။

အာဆီယံ ဘုံသဘောတူညီ ၅ ချက် ကို ပြီးခဲ့တဲ့ နှစ် ဧပြီလအတွင်းက စစ်ကောင်စီခေါင်းဆောင်တက်ရောက်တဲ့ အာဆီယံ အစည်းအဝေးမှာ ချမှတ်ခဲ့တာပါ။

အဲဒီ ၅ ချက်မှာ မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေရပ်တန့်ဖို့ ၊ ပြည်တွင်းက သက်ဆိုင်ရာအစုအဖွဲ့တွေကြားတွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ၊ မြန်မာ့အရေး ကြားဝင်ဖြေရှင်းပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ဖို့ ၊ မြန်မာကိုအာဆီယံလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့ နဲ့ အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကိုလာရောက်ပြီးသက်ဆိုင်သူတွေနဲ့တွေ့ဆုံနိုင်ဖို့အချက်တွေပါဝင်ပါတယ်။

ကိုးကား − The Straits Times

ဆက်စပ်သတင်းများ

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

သတင်း

တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။

သတင်း

ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် အင်အားကြီးနိုင်ငံများနှင့် ကုလသမဂ္ဂတို့ ကြီးကြီးမားမား ကျဆုံးနေကြောင်း တီမောလက်စ်တေနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ် ဟော်တာ (José Ramos-Horta) က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ နိုင်ငံတကာအနေဖြင့် အာဆီယံ (ASEAN) ၏ ပဋိပက္ခဖြေရှင်းရေး နည်းလမ်းများကို စံနမူနာယူသင့်ကြောင်း...