Connect with us

Hi, what are you looking for?

LuduNwayOo

News

ဘုံသဘောတူညီချက် ၅ ချက်ကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ပြန်လည်သုံးသပ်မယ်

ဒီတွေ့ဆုံဆွေးနွေးမှုမှာဟာ ဘုံသဘောတူညီချက်တွေကို မြန်မာစစ်ကောင်စီက အကောင်အထည်ဖော်ဖို့နှေးကွေးတဲ့အပြင် ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အတွက် ဖြစ်ပေါ်လာရတာလို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး

မြန်မာအရေးကြားဝင်ဖြေရှင်းပေးနိုင်ဖို့ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက် ကို ပြန်လည်သုံးသပ်ဖို့အတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မေလ ၁၁ ရက်မှာအလွတ်သဘောတွေ့ဆုံဆွေးနွေးကြဖို့ရှိနေပါတယ်။

ဒီတွေ့ဆုံဆွေးနွေးမှုမှာဟာ ဘုံသဘောတူညီချက်တွေကို မြန်မာစစ်ကောင်စီက အကောင်အထည်ဖော်ဖို့နှေးကွေးတဲ့အပြင် ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အတွက် ဖြစ်ပေါ်လာရတာလို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့အလွတ်သဘောတွေ့ဆုံမှုဟာ အမေရိကန်သမ္မတနဲ့ အာဆီယံ ခေါင်းဆောင်တွေ ရဲ့ထိပ်သီးတွေ့ဆုံပွဲမတိုင်ခင်ဖြစ်ပါတယ်။ အမေရိကန်သမ္မတနဲ့ အာဆီယံ ခေါင်းဆောင်တွေဟာ မေ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ဝါရှင်တန်မှာတွေ့ဆုံကြဖို့ရှိနေပါတယ်။

အဲဒီထိပ်သီးတွေ့ဆုံပွဲမတိုင်ခင် မြန်မာ့အရေးအတွက် ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ပြန်သုံးသပ်ကြမှာပါ။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိပုံကို မစ္စနိုလင်းဟေဇာကို ဥပမာထားပြီး မီဒီယာကို ဖြေထားပါတယ်။

Public Service Announcement

Public Service Announcement

မစ္စနိုလင်းဟေဇာဟာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာက ခန့်အပ်ခံရပေမယ့် စစ်ကောင်စီက အသိအမှတ်ပြုလက်ခံတာမရှိသေးဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဖနွမ်းပင်မှာကျင်းပတဲ့ မြန်မာကိုလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအစည်းအဝေးကိုလည်း မစ္စနိုလင်းဟေဇာဟာ စစ်ကောင်စီက အသိအမှတ်မပြုတဲ့အတွက် တက်ရောက်ခွင့်မရခဲ့ဘူးလို့သိရပါတယ်။

ဒါဟာ ဘုံသဘောတူညီချက်တွေကို စစ်ကောင်စီဘက်က ပူးပေါင်းမှုမရှိတဲ့ ဥပမာတစ်ခုသာဖြစ်ပြီး တစ်နှစ်အတွင်းမှာလည်း အပေါင်းလက္ခဏာဆောင်တဲ့တိုးတက်မှု မရှိခဲ့ဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုပါတယ်။

ဒါကြောင့် ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီ အကောင်အထည်ဖော်ဖို့အတွက် အမြင်သဘောထားတွေ ချမှတ်ရမယ်လို့လည်း ပြောပါသေးတယ်။

တရားမဝင်တဲ့ စစ်ကောင်စီဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို တစ်ချက်မှ မလိုက်နာတဲ့အတွက် အဲဒီဘုံသဘောတူညီချက်တွေဟာကျဆုံးသွားပြီလို့ ကုလသမဂ္ဂအရေးကျွမ်းကျင်သူတွေနဲ့ စုဖွဲ့ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီကတော့ ပြီးခဲ့တဲ့လအတွင်းက ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် အာဆီယံဟာ NUG ၊ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့နဲ့ ပူးပေါင်းပြီး နည်းလမ်းသစ်ရှာသင့်တယ်လို့လည်းအကြံပြုထားပါတယ်။

အာဆီယံ ဘုံသဘောတူညီ ၅ ချက် ကို ပြီးခဲ့တဲ့ နှစ် ဧပြီလအတွင်းက စစ်ကောင်စီခေါင်းဆောင်တက်ရောက်တဲ့ အာဆီယံ အစည်းအဝေးမှာ ချမှတ်ခဲ့တာပါ။

အဲဒီ ၅ ချက်မှာ မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေရပ်တန့်ဖို့ ၊ ပြည်တွင်းက သက်ဆိုင်ရာအစုအဖွဲ့တွေကြားတွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ၊ မြန်မာ့အရေး ကြားဝင်ဖြေရှင်းပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ဖို့ ၊ မြန်မာကိုအာဆီယံလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့ နဲ့ အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကိုလာရောက်ပြီးသက်ဆိုင်သူတွေနဲ့တွေ့ဆုံနိုင်ဖို့အချက်တွေပါဝင်ပါတယ်။

ကိုးကား − The Straits Times

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖယ်ရှားခဲ့ပြီး ဆယ်စုနှစ်တစ်ခုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုဉ်းစေခဲ့ကြောင်း ဖော်ပြသည်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာတရုတ်ကနှစ်နိုင်ငံပူးပေါင်းပြီးအွန်လိုင်း လိမ်လည်မှု လုပ်ငန်းတွေ အမြစ်ဖျက် ချိုးနှိမ်ရေး ကိစ္စကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း ဝမ်က ပြောပါတယ်။

သတင်း

လစ်သူရေးနီးယားသည် မြန်မာ့ဒီမိုကရေစီအရေးကိုတက်ကြွစွာ ကူညီအားပေးနေသည့် နိုင်ငံဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်၏ ပြီးခဲ့သည့် အမေရိကန်ခရီးစဥ်အတွင်းတွင် လစ်သူရေးနီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် တရားဝင်တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။