Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးတစ်ဦး၏ သားကို PDF ဖမ်းမိသော်လည်း အန္တရာယ်ကင်းစွာ ပြန်လွှတ်ပေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်စည်းကမ်းဆိုင်ရာ ကျင့်ဝတ်နှင့်အညီ စီစစ်မေးမြန်းခဲ့ပြီး လိုရာခရီးကိုဆက်စေခဲ့သည်ဟု ထုတ်ပြန်ထားသည်။

▪️တပ်ကြပ်ကြီ အသိမှန်ဝင်ရန် PDF တိုက်တွန်း

စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးတစ်ဦး၏ သားဖြစ်သူကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဖမ်းမိခဲ့သော်လည်း အသက်မပြည့်သေးသည့် လူငယ်ဖြစ်နေခြင်းနှင့် အာဏာရှင်ဖြုတ်ချရေးလမ်းစဉ်သာအဓိကဖြစ်၍ ယင်းလူငယ်ကို အန္တရာယ်ကင်းစွာ ပြန်လွှတ်ပေးလိုက်သည်။

ပူတာအိုမြို့ ခလရ(၄၆) မှ တပ်ကြပ်ကြီးတစ်ဦး၏သား
ဖြစ်သူကို မြေလတ်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြေလတ်- PDF MGN District က နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးအတွက် ခရီးသည်တင်ကားများအား ရှောင်တ ခင်စစ်ဆေးစဥ် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

တပ်ကြပ်ကြီး၏ သားသည် အသက်၁၈နှစ်မပြည့်သေးသည့် လူငယ်ဖြစ်ခြင်းနှင့် စစ်အာဏာရှင်တော်လှန်ရေးသည် အနာဂတ်လူငယ် လူငယ်တို့အတွက် အာဏာရှင်ဖြုတ်ချရေးလမ်းစဉ်ဖြစ်ခြင်းကြောင့်ဟုဆိုကာ နှစ်ရက်တာစစ်ဆေးခေါ်ယူကျွေးမွေးခဲ့ပြီး ပြန်လွှတ်ခဲ့သည်ဟု မြေလတ်- PDF MGN District က ယနေ့(မေ ၉ရက်) ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်စည်းကမ်းဆိုင်ရာ ကျင့်ဝတ်နှင့်အညီ စီစစ်မေးမြန်းခဲ့ပြီး လိုရာခရီးကိုဆက်စေခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)များကို အနိုင်မရတိုင်း အရပ်သားများနှင့် PDF မိသားစုဝင်များကိုပါ ဖမ်းဆီးနှိပ်စက်နေသော်လည်း ယခုအခါ ပြည်သူ့ကာကွယ်ရေးရဲဘော်များကစစ်ကောင်စီမိသားစုဝင်တစ်ဦးကို အသက်အန္တရာယ်ကင်းစွာ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

” ရှေ့တန်းမျက်နှာပြင်မှ တပ်ကြပ်ကြီးသိရှိနိုင်ပါစေ” ဟုလည်း မြေလတ်- PDF MGN District က ပြောဆိုထားသည်။

နိုင်ငံတော်အာဏာကိုလက်နက်အားကိုးဖြင့် သိမ်းထားသည့် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူနှင့် အမြန်ဆုံးပူးပေါင်းရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်တွန်းထားကြသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ