Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးတစ်ဦး၏ သားကို PDF ဖမ်းမိသော်လည်း အန္တရာယ်ကင်းစွာ ပြန်လွှတ်ပေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်စည်းကမ်းဆိုင်ရာ ကျင့်ဝတ်နှင့်အညီ စီစစ်မေးမြန်းခဲ့ပြီး လိုရာခရီးကိုဆက်စေခဲ့သည်ဟု ထုတ်ပြန်ထားသည်။

▪️တပ်ကြပ်ကြီ အသိမှန်ဝင်ရန် PDF တိုက်တွန်း

စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးတစ်ဦး၏ သားဖြစ်သူကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဖမ်းမိခဲ့သော်လည်း အသက်မပြည့်သေးသည့် လူငယ်ဖြစ်နေခြင်းနှင့် အာဏာရှင်ဖြုတ်ချရေးလမ်းစဉ်သာအဓိကဖြစ်၍ ယင်းလူငယ်ကို အန္တရာယ်ကင်းစွာ ပြန်လွှတ်ပေးလိုက်သည်။

ပူတာအိုမြို့ ခလရ(၄၆) မှ တပ်ကြပ်ကြီးတစ်ဦး၏သား
ဖြစ်သူကို မြေလတ်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြေလတ်- PDF MGN District က နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးအတွက် ခရီးသည်တင်ကားများအား ရှောင်တ ခင်စစ်ဆေးစဥ် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

တပ်ကြပ်ကြီး၏ သားသည် အသက်၁၈နှစ်မပြည့်သေးသည့် လူငယ်ဖြစ်ခြင်းနှင့် စစ်အာဏာရှင်တော်လှန်ရေးသည် အနာဂတ်လူငယ် လူငယ်တို့အတွက် အာဏာရှင်ဖြုတ်ချရေးလမ်းစဉ်ဖြစ်ခြင်းကြောင့်ဟုဆိုကာ နှစ်ရက်တာစစ်ဆေးခေါ်ယူကျွေးမွေးခဲ့ပြီး ပြန်လွှတ်ခဲ့သည်ဟု မြေလတ်- PDF MGN District က ယနေ့(မေ ၉ရက်) ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်စည်းကမ်းဆိုင်ရာ ကျင့်ဝတ်နှင့်အညီ စီစစ်မေးမြန်းခဲ့ပြီး လိုရာခရီးကိုဆက်စေခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)များကို အနိုင်မရတိုင်း အရပ်သားများနှင့် PDF မိသားစုဝင်များကိုပါ ဖမ်းဆီးနှိပ်စက်နေသော်လည်း ယခုအခါ ပြည်သူ့ကာကွယ်ရေးရဲဘော်များကစစ်ကောင်စီမိသားစုဝင်တစ်ဦးကို အသက်အန္တရာယ်ကင်းစွာ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

” ရှေ့တန်းမျက်နှာပြင်မှ တပ်ကြပ်ကြီးသိရှိနိုင်ပါစေ” ဟုလည်း မြေလတ်- PDF MGN District က ပြောဆိုထားသည်။

နိုင်ငံတော်အာဏာကိုလက်နက်အားကိုးဖြင့် သိမ်းထားသည့် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူနှင့် အမြန်ဆုံးပူးပေါင်းရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်တွန်းထားကြသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။