Connect with us

Hi, what are you looking for?

News

ဆိုင်ကလုန်းမုန်တိုင်းအား​လျော့ပြီး မုန်တိုင်းငယ်အဖြစ်ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနယ်စပ်မှ​မေ ၁၇ ဖြတ်သန်းနိုင်

မုန်တိုင်းအရှိန်ကြောင့်မေ ၁၀ ရက်မှ မေ ၁၄ရက်အတွင်း မြန်မာနိုင်ငံအနှံ့ မိုးရွာသွန်းနိုင်ကာ ဒေသအများစု သာမာန်ထက်ပိုသည့် မိုးရေချိန်များဖြင့် မိုးကောင်းနိုင်သည်ဟု GDACSက ခန့်မှန်းထားသည်။

●နိုင်ငံတစ်ဝန်းမိုး​ကောင်းပြီးရခိုင်ကမ်းရိုးတန်း​နေပြည်သူများသတိထားရန်လို

ဆိုင်ကလုန်းမုန်တိုင်း (ASANI)သည် ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံကြားကမ်းရိုးတန်းသို့ စစ်တကောင်းမြို့အနီးမှမုန်တိုင်းငယ်အဖြစ်​မေ ၁၇ ရက်တွင်ဖြတ်ကျော်ဝင်​ရောက်နိုင်​ခြေရှိ၍ရခိုင်ကမ်းရိုးတန်းနေပြည်သူများ အထူးဂရုစိုက်နေထိုင်ရန်အမျိုးသားညီညွတ်ရေးအစိုးရက သတိပေးထားသည်။

ASANI ရွေ့လျားမည့်လမ်းကြောင်းသည် သည် မေလ ၉ရက်နံနက်ပိုင်း ခန့်မှန်းချက်များအရ အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေကို ဦးတည်နေသော်လည်း ယင်းနေရာမှ ပြန်ကွေ့၍ မုန်တိုင်းငယ်အဖြစ်ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံကြားကမ်းခြေသို့ စစ်တကောင်းမြို့အနီးမှ ​မေလ ၁၇ ရက်တွင်ဖြတ်ကျော်တိုက်ခတ်နိုင်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာ ဝန်ကြီးဌာနက ခန့်မှန်းထုတ်ပြန်ထားသည်။

ထို့​​ကြောင့် ရခိုင်ပြည်နယ်ဒေသခံများကို မုန်တိုင်းအန္တရာယ်သတိပြုရန် သတိပေး ထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ASANIသည် ယနေ့(မေ ၁၀ရက်) တိုင်းတာချက်အရဗဟိုလေတိုက်နှုန်း တစ်နာရီ ၆၅ မိုင်ခန့်ဖြင့် အိန္ဒိယနိုင်ငံကမ်းရိုးတန်းဖက်သို့ ဦးတည်ရွေ့လျားနေပြီး မေလ ၁၄ ရက်နေ့ညနေတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေအားဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသအခြေအနေတိုင်းတာရေး ကွန်ပြူတာမော်ဒယ်တစ်ခုဖြစ်သော GDACS(Global Disaster Alert and Coordination System)က တွက်ချက်ဖော်ပြထားသည်။

မုန်တိုင်းအရှိန်ကြောင့်မေ ၁၀ ရက်မှ မေ ၁၄ရက်အတွင်း မြန်မာနိုင်ငံအနှံ့ မိုးရွာသွန်းနိုင်ကာ ဒေသအများစု သာမာန်ထက်ပိုသည့် မိုးရေချိန်များဖြင့် မိုးကောင်းနိုင်သည်ဟု GDACSက ခန့်မှန်းထားသည်။

ASANI မုန်တိုင်းအရှိန်ကြောင့် ” တစ်ပြည်လုံး မိုးပျံ့ပျံ့နှံ့နှံရွာပြီး မိုးသည်းထန်နိုင်ပါသည်”ဟုလည်း လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

(NUG ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာ ဝန်ကြီးဌာန၏တစ်ပါတ်တာခန့်မှန်းချက်)

ယခုရက်ပိုင်းအတွင်း မြန်မာကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင်လေတိုက်နှုန်း ၃၅မိုင် မှ ၄၅ မိုင်ခန့်နှင့် ရေလှိုင်း အမြင့် ၈ ပေမှ ၁၀ ပေခန့်မြင့်တက်နိုင်ကြောင်း၊မေလ ၁၃ရက်နှင့် မေလ ၁၄ရက်တွင် ရခိုင် ကမ်းရိုးတန်းတလျှောက် လေ တိုက်နှုန်း မြင့်တက်လာနိုင်ပြီး တစ်နာရီလျှင် ၄၅မိုင်မှ ၅၀မိုင် အထိတိုက်ခတ်နိုင်ကြောင်း သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။