Connect with us

Hi, what are you looking for?

News

အုတ်ဖိုမြို့နယ်ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတစ်ဦးကို ပဲခူးတိုင်း PDF သုတ်သင်

အထက်ပါတိုက်ခိုက်မှုကို ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းအမှတ် (၃၈၀၂)တပ်ခွဲ – ၄မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သာရာဝတီခရိုင် အုတ်ဖိုမြို့နယ်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတစ်ဦးကို သုတ်သင်ရှင်းလင်းလိုက်ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ယနေ့(မေ ၁၁)ထုတ်ပြန်သည်။

အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ပျုစောထီးခေါင်းဆောင် ခင်မောင်သန်းနှင့် တာဝါတိုင်ကျေးရွာ ရာအိမ်မှူးအောင်မျိုးဇော်တို့ကို ယနေ့ညနေ ၆ နာရီခန့်က သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ထိုသို့ရှင်းလင်းရာတွင် အကြမ်းဖက်စစ်ကောင်စီခန့် ပျုစောထီး အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့နှစ်ဦးစလုံး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

အထက်ပါတိုက်ခိုက်မှုကို ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းအမှတ် (၃၈၀၂)တပ်ခွဲ – ၄မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။