Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ် ဇီးဖြူကုန်းရွာမှ စစ်တပ်နှင့်ပျူစခန်းကိုတိုက်ခိုက်စီးနင်းရာရန်သူ ၂၀ ခန့်​သေဟု ဗိုလ်နဂါး​ပြော

ဇီးဖြူကုန်းပျူစခန်းကို စစ်ကောင်စီဘက်က ရဟတ်ယာဥ် လာရောက်ကူညီခဲ့သော်လည်း မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)၏ နဂါးစစ်သည်တော်များအနေဖြင့် ပျူစခန်းကျအောင်ဆက်လက်၍ စီးနင်းနိုင်ခဲ့သည်ဟုလည်း အသိပေးထားသည်။

(MRDA တပ်ဖွဲ့ဝင်အချို့)

PDF ရဲ​ဘော်တစ်ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ဇီးဖြူကုန်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီနှင့် ပျူစောထီးစခန်းကို​မေလ ၁၀ ရက်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ အနည်းဆုံး ၂၀ ဦးခန့်သေဆုံးကြောင်းမြန်မာ့တော်ဝင်နဂါးတပ်တော် MRDA က ယနေ့(မေ ၁၂ ရက်)တွင် ထုတ်ပြန်သည်။

မေ ၁၀ ရက် နံနက် ၁၁ နာရီခန့်က မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)မှ ဦးဆောင်ကာ KUG ကိုယ်စားပြု G.Y.Zအဖွဲ့နှင့် ပူးပေါင်းကာ အကြမ်းဖက်စစ်​ကောင်စီနှင့်ပျူ ပူးပေါင်းစခန်းဝင်ရောက်စီးနင်းနိုင်ခဲ့သည်ဟု​ဖော်ပြထားသည်။

“သူပစ်ကိုယ်ပစ် ဝင်စီးခဲ့တာ ။ဝင်စီးဖို့အတွက်က စနစ်တကျနဲ့ ဗျူဟာ သေချာ ချထားခဲ့ပြီးသား။ဒါကြောင့် ရန်သူအနေနဲ့ အကျအဆုံးများခဲ့တာ”ဟု MRDA ဦးဆောင်သူ ဗိုလ်နဂါးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့တိုက်ခိုက်​နေချိန်တွင် နေ့ခင်း ၂ နာရီ ၄၅ မိနစ်ခန့်တွင် မုံရွာ နမခ(အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်) မှ ရဟတ်ယာဥ်တစ်စီး ရောက်လာပြီး ၄၅ မိနစ်ခန့်ကြာအောင် စစ်ကူပေးခဲ့ရသည့်အပြင် မြေပြင်တပ်ကူစစ်​ယာဥ်တန်းပါ လာခဲ့သည်ဟုသိရသည်။

အဆိုပါ စစ်ကူလာ​သော စစ်​ကောင်စီတပ်ကားတန်းကို ဆားလင်းကြီးအခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော် M.R.D.A (ဆားလင်းကြီး)နှင့်အတူ တစ်ဇောက်ကန်းဘဂျမ်းအဖွဲ့တို့ပူးပေါင်း၍ မိုင်းဆွဲခဲ့ရာ စစ်ကောင်စီ ယာဥ်တန်းမှ ကားတစ်စီး လုံးဝပျက်စီးလောင်ကျွမ်းပြီး သုံး စီး ထိခိုက်ပျက်စီးခဲ့သည်ဟုထုတ်ပြန်ထားသည်။

ဇီးဖြူကုန်းပျူစခန်းကို စစ်ကောင်စီဘက်က ရဟတ်ယာဥ် လာရောက်ကူညီခဲ့သော်လည်း မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)၏ နဂါးစစ်သည်တော်များအနေဖြင့် ပျူစခန်းကျအောင်ဆက်လက်၍ စီးနင်းနိုင်ခဲ့သည်ဟုလည်း အသိပေးထားသည်။

ထို့နောက် ညနေ ၆ နာရီ မိနစ် ၅၀ ခန့်တွင် မုံရွာ နမခ မှ ရဟတ်ယာဥ် ဒုတိယအကြိမ်ရောက်လာပြီး ၂၅ မိနစ်ခန့်ကြာအောင် အပြင်းအထန်ထပ်မံပစ်ခတ်ခဲ့သည်ဟုဆိုသည်။

ထိုရဟတ်ယာဥ် ရဟတ်ယာဥ် ပြန်သွားချိန်တွင် ည ၇ နာရီ မိနစ် ၃၀ ခန့်ရှိပြီဖြစ်ပြီး မိုးလည်းရွာလာသောကြောင့်သာ ကိုယ့်လူသူ့လူ ခွဲခြားရန်ခက်ခဲ၍ ပြည်သူ့ရဲဘော်များအနေဖြင့် ပြန်လည်ဆုတ်ခွာခြင်းပြုခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အလားတူ ဇီးဖြူကုန်းကျေးရွာပျူစခန်းစီးနင်းမှုနောက်ဆက်တွဲအဖြစ် မေလ ၁၀ ရက်က မုံရွာ နမခ မှ ထွက်လာသော စစ်ကောင်စီ ကားတန်းကို မေလ ၁၁ ရက် ညနေ ၆ ခန့်တွင် ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာတောင်ဘက်၌ မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) တပ်ခွဲမှ မိုင်းဆွဲခဲ့ရာ ယာဥ်တန်းမှ ကားတစ်စီး လုံးဝပျက်စီးသွားပြီး ယာဥ်တန်းလည်း ခေတ္တရပ်သွားခဲ့ရသည်ဟု​ပါရှိသည်။ယခုအခါ အဆိုပါကားတန်းသည် ပုလဲမြို့သို့ ရောက်ရှိသွားပြီဟုသိရသည်၊

အဆိုပါတိုက်ပွဲများအတွင်း မြန်မာ့တော်ဝင်နဂါးတပ်တော်၏ ပူးပေါင်းမဟာမိတ် KUG ကိုယ်စားပြု G.Y.Z အဖွဲ့မှ ပြည်သူ့ရဲဘော်တစ်ဦး ကြွေလွင့်ခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။