Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲကျင်းပရန်ကြိုးပမ်းမှုနှင့် ပူးပေါင်းပါဝင်သူများကို ဆန့်ကျင်ကန့်ကွက်ကြောင်း လွှတ်တော်ကိုယ်စားပြုကော်မတီများပူးပေါင်းထုတ်ပြန်

တရားမဝင်ရွေးကောက်ပွဲအသစ်ကျင်းပရန် ကြိုးပမ်းနေမှုကို ကန့်ကွက်နေကြသည့် နွေဦးတော်လှန် ရေးအင်အားစုများ၊ အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အားလုံးကို ထောက်ခံကြောင်း ပူးပေါင်းကြေညာချက်၌ ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီက တရားမဝင်ရွေးကောက်ပွဲအသစ်ကျင်းပရန် ကြိုးပမ်းနေမှုနှင့် ယင်း ကြိုးပမ်းမှုတွင် ပူးပေါင်းပါဝင်သူမှန်သမျှကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြည်နယ်နှင့်တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီများက ပူးပေါင်းထုတ်ပြန်သည်။

တရားမဝင်ရွေးကောက်ပွဲအသစ်ကျင်းပရန် ကြိုးပမ်းနေမှုကို ကန့်ကွက်နေကြသည့် နွေဦးတော်လှန် ရေးအင်အားစုများ၊ အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အားလုံးကို ထောက်ခံကြောင်း ပူးပေါင်းကြေညာချက်၌ ဖော်ပြသည်။

မကြာသေးမီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ၏ သတင်းထုတ်ပြန်ချက် ကိုလည်း အပြည့်အ၀ထောက်ခံပြီး ယင်းထုတ်ပြန်ချက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အလွဲသုံးစားပြုလျက် လွဲမှားသော နိုင်ငံရေးလုပ်ဆောင်ချက်များ လုပ်ဆောင်လာနိုင်ခြင်းမှ ကာကွယ်နိုင်ခဲ့ခြင်း၊ ရွေးကောက်ပွဲအသစ်ကျင်းပရန် ကြိုး ပမ်းနေမှုတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုဟန်ဖြင့် ပါဝင်ဆောင်ရွက်ခြင်း မပြုနိုင်အောင် တားဆီးထားနိုင်ခြင်းတို့ကြောင့်ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်းမည့် အကြမ်းဖက်စစ်ကောင်စီ၏ အတု အယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်အား ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ ဖိတ်ခေါ်ချက်အပေါ် ပြတ်ပြတ်သားသား ငြင်းဆန်ပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ နွေဦးတော်လှန်ရေး အင်အားစုများအဖြစ် ရပ်တည်ပေးခဲ့ကြသော နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ အားလုံးကို အထူး လေးစားကျေးဇူးတင် ကြောင်း ပြည်နယ်နှင့်တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီများက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်