Connect with us

Hi, what are you looking for?

News

ဖယ်ခုံ၊ ထီရိရွာအနီးရှိ စစ်ကော်စီတပ်စွဲရာနေရာကို ကရင်နီပူးပေါင်းတပ် တိုက်ခိုက်

ကရင်နီဒေသ ဘောလခဲနှင့် ဖရူဆိုကြား၌လည်း ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ပြီး စစ်ကောင် စီယာဉ်များလည်း ပျက်စီးခဲ့သည်။

▪️စစ်ကောင်စီတပ် ၃၀ခန့်သေပြီး အရှင်ဖမ်းမိသူနှင့် လက်နက်ခဲယမ်းများလည်းရရှိဟု KNDF တာဝန်ရှိသူပြော

ရှမ်း- ကယား(ကရင်နီ)နယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲဒေသရှိ စစ်ကောင်စီတပ်စွဲရာနေရာကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုများပြီး အရှင်ဖမ်းမိသူများလည်းရှိကြောင်း ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ်(KNDF) တာဝန်ရှိသူတစ်ဦးက ပြော သည်။

မေ ၁၂ရက် နံနက်က ဖယ်ခုံမြို့နယ် ထီရိရွာအနီးရှိ စစ်ကောင်စီတပ်ကို KNDF တပ်ရင်း(၃)နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်ကြားရတာက စစ်ကောင်စီက ၃၀လောက်ကျတယ်လို့ပြောတယ်။ နောက်အရှင်ဖမ်းရတာလည်းရှိတယ်။ လက်နက်လည်း သိမ်းဆည်းရမိတယ်တဲ့။ ဘယ်နှစ်လက် ဘယ်နှစ်ယောက်လောက် ဖမ်းမိတယ်ဆိုတာတော့အတိအကျ မသိရသေးဘူး”ဟု KNDF တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ကရင်နီဒေသ ဘောလခဲနှင့် ဖရူဆိုကြား၌လည်း ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ပြီး စစ်ကောင် စီယာဉ်များလည်း ပျက်စီးခဲ့သည်။

ကရင်နီဒေသနှင့် ရှမ်း-ကယား နယ်စပ်တွင် စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော်(KA)၊ KNDF၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် အခြားတော်လှန် ရေးအင်အားစုများစုပေါင်း၍ ခုခံတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။