Connect with us

Hi, what are you looking for?

News

ပြည်ပခရီးသွားတွေ ဖိတ်ခေါ်ဖို့အလည်အပတ်ဗီဇာကို စစ်ကောင်စီပြန်ဖွင့်ပေး

မြန်မာနိုင်ငံမှာ ကိုဗစ်စတင်တွေ့ရှိပြီးနောက် နိုင်ငံတကာလေကြောင်းလိုင်းတွေ နဲ့ ပြည်ပ ကနေ ခရီးသွားဝင်ရောက်တာကို ပိတ်ထားတာပါ။ အဲဒီနောက် ၂ နှစ်ကျော်လာကြာချိန် မှာ စစ်ကောင်စီက ခရီးသွားလုပ်ငန်း ကို ပြန်ဖွင့်ဖို့ စီစဉ်လာတာလည်းဖြစ်ပါတယ်။

နိုင်ငံအတွင်းမတည်မငြိမ်မှုတွေဖြစ်နေပေမယ့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ဆိုပြီး ၂ နှစ်ကြာ ရပ်နားထားတဲ့ အလည်အပတ်ဗီဇာကို မေလ၁၅ ရက်ကစတင်ပြီး ပြန်ထုတ်ပေးမယ်လို့စစ်ကောင်စီက ကြေညာထားပါတယ်။

အိမ်နီးချင်းနိုင်ငံတွေနဲ့ခရီးသွားလုပ်ငန်း ဟန်ချက်ညီအောင်ထိန်းညှိနိုင်ဖို့ ပြည်ပကလာရောက်မယ့်ခရီးသွားတွေအတွက်အလည်အပတ် e-Visa ကို ထုတ်ပေးဖို့ စီစဉ်တာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်စတင်တွေ့ရှိပြီးနောက် နိုင်ငံတကာလေကြောင်းလိုင်းတွေ နဲ့ ပြည်ပ ကနေ ခရီးသွားဝင်ရောက်တာကို ပိတ်ထားတာပါ။ အဲဒီနောက် ၂ နှစ်ကျော်လာကြာချိန် မှာ စစ်ကောင်စီက ခရီးသွားလုပ်ငန်း ကို ပြန်ဖွင့်ဖို့ စီစဉ်လာတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်ကစတင်ပြီး ပြည်ပလေကြောင်းလိုင်းတွေ ပြန်လည်ပြေးဆွဲခွင့်စစ်ကောင်စီက ခွင့်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်အာဏာသိမ်းထားတဲ့ နိုင်ငံကို ပြန်ဖွင့်ဖို့ လုပ်နေပေမယ့် ပြည်ပခရီးသွားအေဂျင်စီတွေက မြန်မာနိုင်ငံကိုမလာရောက်ကြဖို့နဲ့ ခရီးသွားတွေ သုံးစွဲတဲ့ငွေကြေးဟာ စစ်ကောင်စီအတွက်ပဲ အကျိုးဖြစ်ထွန်းစေမယ်လို့ ထုတ်ဖော်ပြောဆိုထားကြပါတယ်။

ရန်ကုန်မြို့က အမေရိကန်သံရုံးကလည်း စစ်တပ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံဟာ ပဋိက္ခတွေ ၊မတည်မငြိမ်မှုတွေကြောင့် အမေရိကန်နိုင်ငံသားတွေအနေနဲ့ခရီးသွားဖို့လာရောက်တာမျိုးမလုပ်ကြဖို့သတိပေးထားပါတယ်။

မြန်မာနိုင်ငံကိုလာရောက်လည်ပတ်မယ့် ပြည်ပခရီးသွားတွေဟာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်းစာရွက်စာတမ်း ၊လေယာဉ်ပေါ်မတက်ခင်စစ်ဆေးထားတဲ့ကိုဗစ်ကင်းစင်ကြောင်း ဆေးစစ်ချက် ၊ခရီးသွားအာမခံ တို့ လိုအပ်မှာဖြစ်ပြီး ဆိုက်ရောက်ချိန်မှာကိုဗစ်ထပ်မံစစ်ဆေးရမှာဖြစ်တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲကာလအတွင်း ဗီဇာ ပြဿနာတွေကို ထိထိရောက်ရောက် ပါဝင်ဖြေရှင်းနိုင်စွမ်း ကင်းမဲ့နေတာနဲ့ ပတ်သက်လို့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ ဥက္ကဋ္ဌက ကာကွယ် ပြောကြားသွားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

အတွေးအမြင်

လူအများစုက "သဘာဝအလှအပနဲ့ ရှေးဟောင်းသမိုင်းဝင်ဗိသုကာတွေရှိရင် ခရီးသွားဧည့်သည်တွေ လာမှာပဲလို့ " ရိုးရှင်းစွာ ထင်မြင်တတ်ကြပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုတွေးခေါ်ယူဆတဲ့ ခေတ်ကာလက ကျော်လွန်သွားခဲ့ပါပြီ။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။