Connect with us

Hi, what are you looking for?

LuduNwayOo

News

KNDFက မူးယစ်ဆေးဝါးရောင်း၀ယ်ဖြန့်ဖြူးနေသူသုံးဦးကို ရှောင်တခင်ဝင်ရောက်ဖမ်းဆီး

ဖမ်းဆီရမိသူသုံးဦးထံမှ WYအနီရောင်စာတန်းပါ ဆေးပြားအလုံးရေ ၃,၂၀၀ခန့်ကိုလည်း တပါးတည်းသိမ်းဆည်းရမိပြီး တိကျမှန်ကန်မှန်မှုရှိစေရန် စစ်ဆေးမှုများပြုလုပ်၍ သက်ဆိုင်ရာတာ၀န်ရှိသူများထံသို့ လွှဲပြောင်းခဲ့ကြောင်း အသိပေးထားသည်။

မူးယစ်ဆေးဝါးရောင်း၀ယ်ဖြန့်ဖြူးနေသူသုံးဦးကို ရှောင်တခင်ဝင်ရောက်ဖမ်းဆီးရာ WYဆေးပြား ၃,၀၀၀ကျော်နှင့်အတူဖမ်းဆီးရမိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း – ၉က ယနေ့(မေ ၁၇ ရက်) တွင် ထုတ်ပြန်သည်။

ဖမ်းဆီးမှုဖြစ်စဥ်အရ ယမန်နေ့ ည ၇ နာရီခန့်တွင် အဆိုပါမူးယစ်ရောင်းဝယ်ဖြန့်ဖြူးသူများ၏ နေအိမ်တွင် ကရင်နီတပ်မတော်(KA)နှင့်အတူ ပူးပေါင်းဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီရမိသူသုံးဦးထံမှ WYအနီရောင်စာတန်းပါ ဆေးပြားအလုံးရေ ၃,၂၀၀ခန့်ကိုလည်း တပါးတည်းသိမ်းဆည်းရမိပြီး တိကျမှန်ကန်မှန်မှုရှိစေရန် စစ်ဆေးမှုများပြုလုပ်၍ သက်ဆိုင်ရာတာ၀န်ရှိသူများထံသို့ လွှဲပြောင်းခဲ့ကြောင်း အသိပေးထားသည်။

နောင်တွင်လည်း လူငယ်‌များအား ဖျက်ဆီး‌မှုပြုလုပ်‌နေသည့် တရားမ၀င်မူးယစ်ဆေးဝါး ပို့ချဖြန့်ဖြူးနေသူများအားလုံးကို ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ကရင်နီ(ကယား)ပြည်နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲ၊ရောင်းဝယ်ဖောက်ကားမှုကို လုံးဝ လက်သင့်ခံမည်မဟုတ်ဘဲ ထိရောက်စွာအရေးယူသွားမည်ဟု ကရင်နီတပ်ပေါင်းစုများက သတိပေး ထုတ်ပြန်ထားသည်။

ထိုအမှုများနှင့်ဆက်စပ်သူများကိုလည်း ဖမ်းဆီးချုပ်နှောင်ထားကြောင်း ကရင်နီပြည်ရဲဌာန KSP ဌာနမှူး ဆိုတေးရိုက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်တွင်တာဝန်ထမ်း‌ ဆောင်ရန် တပ်ရင်းသို့ဆက်သွယ်လာသူများရှိနေပြီး စိစစ်လက်ခံလျက်ရှိကြောင်းလည်း အသိပေးသည်။

သတင်း

ယမန်နှစ် နိုဝင်ဘာ ၁၁ ရက်ကစတင်ခဲ့သော ကရင်နီဒေသ ၁၁၁၁ စစ်ဆင်ရေး၏ အဓိက စစ်ရေးနေရာ ဖြစ်သည့် လွိုင်ကော်မြို့တိုက်ပွဲမှာ သုံးလ နှင့် ၁၇ ရက်ရှိလာပြီဖြစ်သည်။

သတင်း

ရွှေတိဂုံဘုရားသို့ မကြာခဏသွား​ရောက်ဘုရာဖူး​လေ့ရှိ​သောပြည်သူတစ်ဦးကလည်း "အနောက်ဘက်စောင်းတန်းက အိမ်သာတွေဆို ညနေဘက်သွားရင် ပေါ်တင်လုပ်နေတာ ဆေးနံ့တွေ မွှန်ထူနေတာပဲ။ " ဟုပြောသည်။

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။