Connect with us

Hi, what are you looking for?

News

KNDFက မူးယစ်ဆေးဝါးရောင်း၀ယ်ဖြန့်ဖြူးနေသူသုံးဦးကို ရှောင်တခင်ဝင်ရောက်ဖမ်းဆီး

ဖမ်းဆီရမိသူသုံးဦးထံမှ WYအနီရောင်စာတန်းပါ ဆေးပြားအလုံးရေ ၃,၂၀၀ခန့်ကိုလည်း တပါးတည်းသိမ်းဆည်းရမိပြီး တိကျမှန်ကန်မှန်မှုရှိစေရန် စစ်ဆေးမှုများပြုလုပ်၍ သက်ဆိုင်ရာတာ၀န်ရှိသူများထံသို့ လွှဲပြောင်းခဲ့ကြောင်း အသိပေးထားသည်။

မူးယစ်ဆေးဝါးရောင်း၀ယ်ဖြန့်ဖြူးနေသူသုံးဦးကို ရှောင်တခင်ဝင်ရောက်ဖမ်းဆီးရာ WYဆေးပြား ၃,၀၀၀ကျော်နှင့်အတူဖမ်းဆီးရမိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း – ၉က ယနေ့(မေ ၁၇ ရက်) တွင် ထုတ်ပြန်သည်။

ဖမ်းဆီးမှုဖြစ်စဥ်အရ ယမန်နေ့ ည ၇ နာရီခန့်တွင် အဆိုပါမူးယစ်ရောင်းဝယ်ဖြန့်ဖြူးသူများ၏ နေအိမ်တွင် ကရင်နီတပ်မတော်(KA)နှင့်အတူ ပူးပေါင်းဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီရမိသူသုံးဦးထံမှ WYအနီရောင်စာတန်းပါ ဆေးပြားအလုံးရေ ၃,၂၀၀ခန့်ကိုလည်း တပါးတည်းသိမ်းဆည်းရမိပြီး တိကျမှန်ကန်မှန်မှုရှိစေရန် စစ်ဆေးမှုများပြုလုပ်၍ သက်ဆိုင်ရာတာ၀န်ရှိသူများထံသို့ လွှဲပြောင်းခဲ့ကြောင်း အသိပေးထားသည်။

နောင်တွင်လည်း လူငယ်‌များအား ဖျက်ဆီး‌မှုပြုလုပ်‌နေသည့် တရားမ၀င်မူးယစ်ဆေးဝါး ပို့ချဖြန့်ဖြူးနေသူများအားလုံးကို ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ကရင်နီ(ကယား)ပြည်နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲ၊ရောင်းဝယ်ဖောက်ကားမှုကို လုံးဝ လက်သင့်ခံမည်မဟုတ်ဘဲ ထိရောက်စွာအရေးယူသွားမည်ဟု ကရင်နီတပ်ပေါင်းစုများက သတိပေး ထုတ်ပြန်ထားသည်။

ထိုအမှုများနှင့်ဆက်စပ်သူများကိုလည်း ဖမ်းဆီးချုပ်နှောင်ထားကြောင်း ကရင်နီပြည်ရဲဌာန KSP ဌာနမှူး ဆိုတေးရိုက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။