Connect with us

Hi, what are you looking for?

News

နေပူပူ၊ မိုးရွာရွာ စစ်ကောင်စီတပ်တိုက်ခိုက်ရေး Mission များရှိနေဟု ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်များပြော

ပြည်သူ့ကာကွယ်ရေးရဲဘော်များ​က ရှေ့တန်းမှတိုက်ခိုက်နေစဥ် လူထုအနေဖြင့် ကြောက်ရွံ့မနေဘဲ စစ်အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့များကို ကူညီပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

(Young Force(UG) တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေစဥ်)

နေပူပူ၊ မိုးရွာရွာမည်သည့်အခြေအနေမဆို စစ်ကောင်စီတပ်ဖွဲ့အား တိုက်ခိုက်ရေး Mission များရှိနေကြောင်း ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက ထုတ်ပြန်လိုက်ပြီး ပြည်သူလူထုအနေဖြင့် အကြောက်တရားကင်းစွာ ပူးပေါင်းကူညီပေးရန် တိုက်တွန်းလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီအား ပုံစံမျိုးစုံဖြင့် တိုက်ခိုက်သွားမည့်အကြောင်းကို ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်များဖြစ်သည့် Ranger (PKU)၊RSO (PKU)နှင့်Young Force( UG)တို့က ယနေ့( မေ ၁၇ရက်)ညနေတွင် အသိပေးထုတ်ပြန်ခြင်းဖြစ်သည်။

(Young Force(UG) တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေစဥ်)

” မိုးရွာရွာ၊နေပူပူ mission ရှိပါသည်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များ​က ထုတ်ပြောထားပြီး ပြည်သူလူထုနှင့် အ​မြဲတစေအတူရှိနေမည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေးရဲဘော်များ​က ရှေ့တန်းမှတိုက်ခိုက်နေစဥ် လူထုအနေဖြင့် ကြောက်ရွံ့မနေဘဲ စစ်အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့များကို ကူညီပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

မဟာမိတ်သုံးဖွဲ့သည် ယမန်နေ့(မေလ ၁၇ရက်)ညက ပခုက္ကူမြို့ မြဝတီဘဏ်တွင် လုံခြုံရေးယူထားသော စစ်ကောင်စီတပ်အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီဘက်က သေဆုံးသူအချို့ရှိခဲ့ပြီး နောက်ဆက်တွဲ သတင်းများအားစုံစမ်းနေပြီး သိရှိရပါကဆက်လက် အသိပေးသွားပါမည်ဟု Ranger(PKU)က ထုတ်ပြန်သည်။

(Young Force(UG) တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေစဥ်)

မကွေးတိုင်းဒေသကြီးအတွင်း ပခုက္ကူမြို့သည် စစ်အာဏာရှင်အား လက်နက်ကိုင်တော်လှန်ရေးတွင် ရဲရင့်တက်ကြွနေပြီး စစ်ကောင်စီဒေါက်တိုင်များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ ရှင်းလင်းနေသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။