Connect with us

Hi, what are you looking for?

News

တရုတ်က ရထားဖြင့်မြန်မာသို့စက်ပစ္စည်းကွန်တိန်နာ ၆၀ ပို့မည်ဟုထုတ်ပြန်

ထိုသို့ပို့ဆောင်းခြင်းသည်တရုတ်-မြန်မာလမ်းကြောင်းအသစ်ဖြစ်သည့် ချုံချင့်-လင်းချန်း-မြန်မာ နိုင်ငံတကာရထားလမ်းအရဖြစ်ပြီး မေ ၂၃ရက်တွင် ချုံချင့်မြို့၊ ကော်ယွမ်ဆိပ်ကမ်း၊ ယွီကြွေဘူတာက စတင်ထွက်လာခြင်းဖြစ်သည်ဟု တရုတ်သံရုံးထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

(တရုတ်ကုန်ရထားတွဲကို​တွေ့ရစဥ်။ ဓါတ်ပုံ-တရုတ်သံရုံး)

●နိုင်ငံ​ရေးရှုပ်​ထွေး​နေချိန် တရုတ်ပို့​သောပစ္စည်းများကို ​​တော်လှန်​ရေးအဖွဲ့များစောင့်ကြည့်သင့်ဟုလုပ်ငန်းရှင်တစ်ဦး​ပြော

တရုတ်နိုင်ငံကမြန်မာနိုင်ငံကိုရထားဖြင့်စက်ပစ္စည်းကွန်တိန်နာပေါင်း ၆၀ ပေးပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ယ​နေ့ထုတ်ပြန်သည်။

ထိုကွန်တိန်နာ အလုံး ၆၀တွင် စက်ပစ္စည်းများ၊ အီလက်ထရောနစ်အပိုပစ္စည်း၊ ကားနှင့်ဆိုင်ကယ် အပိုပစ္စည်းများပါဝင်သည်ဟု တရုတ်သံရုံးကဆိုသည်။

ထိုသို့ပို့ဆောင်းခြင်းသည်တရုတ်-မြန်မာလမ်းကြောင်းအသစ်ဖြစ်သည့် ချုံချင့်-လင်းချန်း-မြန်မာ နိုင်ငံတကာရထားလမ်းအရဖြစ်ပြီး မေ ၂၃ရက်တွင် ချုံချင့်မြို့၊ ကော်ယွမ်ဆိပ်ကမ်း၊ ယွီကြွေဘူတာက စတင်ထွက်လာခြင်းဖြစ်သည်ဟု တရုတ်သံရုံးထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထိုကွန်တိန်နာများကို ရထားလမ်းနှင့်ကားလမ်းတို့ဖြင့် ၁၅ရက်အတွင်း မန္တလေးမြို့ကို ပို့ဆောင်မည်ဟုလည်းဆိုထားသည်။

မြန်မာ့နိုင်ငံရေး ရှုပ်ထွေးနေချိန်တွင် တရုတ်နိုင်ငံက ကွန်တိန်နာ အလုံး ၆၀ ပေးပို့ခြင်းသည် သာမန်ကုန်သွယ်မှုမဖြစ်နိုင်ကြောင်း တရုတ်နိုင်ငံတွင် ကုန်သွယ်ရေးဆောင်ရွက်နေသည့် လုပ်ငန်းရှင်တစ်ဦးကမှတ်ချက်ပေးသည်။ ထို ရထားကို တော်လှန်ရေးအင်အားစုများက ဂရုတစိုက်စောင့်ကြည့်ရန်လိုသည်ဟုလည်းအဆိုပါလုပ်ငန်းရှင်ကပြောသည်။

“ဒီအချိန်မှာ တရုတ်ဘက်က ဒီလို ပမာဏများများတင်လာတာ သာမန်ကုန်သွယ်မှုမဖြစ်နိုင်ဘူး၊ PDFတွေ သတိထားစေချင်တယ်”ဟု ၎င်းကဆက်ပြောသည်။

အဆိုပါကွန်တိန်နာများသည် တရုတ်-မြန်မာနယ်စပ် အထိ ရထားနှင့်လာပြီးမြန်မာနိုင်ငံအတွင်းသို့ကားဖြင့်သယ်ဆောင်နိုင်သည်အထက်ပါလုပ်ငန်းရှင်ကသုံးသပ်သည်။

တရုတ်နိုင်ငံက အဆိုပါကွန်တိန်နာများကို ရထားလမ်းဖြင့် သယ်ဆောင်ခြင်းသည့် သမားရိုးကျနည်းလမ်းထက် ရက် ၂၀ လျော့ကျပြီး ကုန်စည်ပို့ဆောင်ခ ၂၀ ရာခိုင်နှုန်းလျှော့ချနိုင်မည်ဟုလည်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

Facebook