Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကို​​မြေဌားရမ်းခ​ပေး​နေ​သောဂျပန်ကုမ္ပဏီနှစ်ခု၏ ရင်းနှီးမြှုပ်နှံသူများကို အရပ်ဘက်အဖွဲ့အစည်း ၈ ခုစာပို့ တောင်းဆို

တစ်နှစ်လျှင် ​မြေငှားရမ်းခ အမေရိကန် ဒေါ်လာ ၂ သန်းခန့် ရှိသည့် Y Complex ရန်ကုန်အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် အထက်ပါဂျပန် ကုမ္ပဏီနှစ်ခု၏ မြေငှားရမ်းခငွေပေးချေမှုသည် မြန်မာစစ်တပ်အတွက် ရန်ပုံငွေ အရင်းအမြစ်တရပ် ဖြစ်နေကြောင်း JFM က ​မေ ၂၈ ရက်တွင် ထုတ်ပြန်သည်။

(ရန်ကုန်မြို့လယ်ရှိ Y Complex စီမံကိန်း။ ဓါတ်ပုံ-CJ)
(ရန်ကုန်မြို့လယ်ရှိ Y Complex စီမံကိန်း။ ဓါတ်ပုံ-CJ)

မြန်မာစစ်တပ်နှင့် စီးပွားရေးဆက်ဆံနေသည့် ဂျပန်ကုမ္ပဏီနှစ်ခု၏ ရင်းနှီးမြှုပ်နှံသူ ၁၀၁ ဦးထံ အရပ်ဘက်အဖွဲ့အစည်း ၈ ဖွဲ့က အလေးအနက်စိုးရိမ်ကြောင်းစာ ပေးပို့ကြောင်း Justice For Myanmar က ထုတ်ပြန်သည်။

ရန်ကုန်မြို့ရှိ Y Complex စီမံကိန်းနှင့်ပတ်သက်၍ Tokyo Tatemono ၊ Daiwa House Industry ကုမ္ပဏီတို့၏ စီမံကိန်းအသုံးပြုမြေ ငှားရမ်းခများသည် မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ဘဏ္ဍာငွေအထောက်အပံ့ဖြစ်စေနိုင်သည့်ကိစ္စအပေါ် ထိုကုမ္ပဏီ ၂ ခုတို့နှင့် တွေ့ဆုံဆွေးနွေးရန် ရင်းနှီးမြှုပ်နှံသူ ၁၀၁ ဦးထံ စာရေးသား ပေးပို့ခြင်းဖြစ်သည်ဟု ဆိုသည်။

တစ်နှစ်လျှင် ​မြေငှားရမ်းခ အမေရိကန် ဒေါ်လာ ၂ သန်းခန့် ရှိသည့် Y Complex ရန်ကုန်အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် အထက်ပါဂျပန် ကုမ္ပဏီနှစ်ခု၏ မြေငှားရမ်းခငွေပေးချေမှုသည် မြန်မာစစ်တပ်အတွက် ရန်ပုံငွေ အရင်းအမြစ်တရပ် ဖြစ်နေကြောင်း JFM က ​မေ ၂၈ ရက်တွင် ထုတ်ပြန်သည်။

Tokyo Tatemono ကုမ္ပဏီ နှင့် Daiwa House Industry ကုမ္ပဏီတို့သည် မြန်မာစစ်တပ် ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် အလိုတူအလိုပါ အားပေးသူများ ဖြစ်နေသည်ဟု အကြိမ်ကြိမ်ထောက်ပြခဲ့ပြီး ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ လူ့အခွင့်အရေးမူဝါဒ၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ လုပ်ဆောင်ရန် တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

သို့သော် အဆိုပါကုမ္ပဏီနှစ်ခုလုံးသည် အကြမ်းဖက်မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ် သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံတကာရာဇ၀တ်မှုများတွင် ပါဝင်ပတ်သက်အားပေးနေမှုများကို ရှောင်ရှားရန် တိကျရေရာသည့်အစီအစဉ်များကို တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

အရပ်ဘက်အဖွဲ့အစည်း ၈ ခု၏ပေးစာတွင် Tokyo Tatemono နှင့် Daiwa House ကုမ္ပဏီများတွင် ရင်းနှီးမြုပ်နှံထားသူများသည် ၎င်းတို့၏ စီးပွါးရေးလုပ်ငန်းများက မြန်မာစစ်တပ်ကိုအကျိုးဖြစ်ထွန်းမှု မရှိစေရေး အစီအမံများ သေချာစွာချမှတ်ဆောင်ရွက်ရေး အမြန်ဆုံးတွန်းအားပေးရန် တောင်းဆို ထားသည်။

ထို့အပြင် ယင်းကုမ္ပဏီနှစ်ခုက လုံလောက်သည့် အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ခြင်း မရှိပါက ထိုကုမ္ပဏီများတွင် ရင်းနှီးမြုပ်နှံထားခြင်းမှ နုတ်ထွက်ရန် စဉ်းစားသင့်ကြောင်း ရင်းနှီးမြှုပ်နှံသူများအား ထပ်လောင်း တောင်းဆိုကြောင်း ပေးစာ၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။