Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်ကြီးတံခွန်မြို့နယ်ထဲက ကျုးကျော်လို့သတ်မှတ်ထားတဲ့နေရာကို ပြောင်းရွှေ့ချိန်မပေးဘဲ ဖယ်ရှားနေ

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ မဲနဲ့တက်လာတဲ့အစိုးရမဟုတ်တဲ့အတွက် အခုလို ကျုးကျော်ရှင်းလို့ရတာလို့ ပြောထားတာရှိပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်
ပြည်ကြီးတံခွန်မြို့နယ်

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမှာကျုးကျော်လို့သတ်မှတ်ထားတဲ့နေရာတွေကို ဆက်တိုက်ဆိုသလိုပဲ ရှင်းလင်းတာတွေ လုပ်နေပါတယ်။

လက်ရှိမှာတော့ မန္တလေး ၊ပြည်ကြီးတံခွန် မြို့နယ် ၊ ဋ ရပ်ကွက် က နေအိမ်တွေကို နေ့ချင်းပြီး ဖယ်ရှားတာတွေ လုပ်နေတာကိုတွေ့ရပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်
ပြည်ကြီးတံခွန်မြို့နယ်

“ရွှေ့ဖို့ အချိန်မပေးဘူး ၊ ဘူဒိုဇာနဲ့ တန်းထိုးပြီး ဖျက်ဆီးသွားတာ ” လို့ ဖယ်ရှားရှင်းလင်းခံရသူတစ်ဦးက လူထုနွေဦးကိုပြောပါတယ်။ ဖယ်ရှားခံရသူတွေက မူလမြေပိုင်ရှင်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ငွေပေးပြီး ဖယ်ခိုင်းတာတွေရှိနေတယ်လို့ ယူဆတာတွေလည်းရှိနေပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ မဲနဲ့တက်လာတဲ့အစိုးရမဟုတ်တဲ့အတွက် အခုလို ကျုးကျော်ရှင်းလို့ရတာလို့ ပြောထားတာရှိပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်
ပြည်ကြီးတံခွန်မြို့နယ်

မန္တလေးမှာ စစ်ကောင်စီဟာ မဟာဓာတ်အားလိုင်းအောက်ကနေအိမ်တွေ ၊ မီးရထားသံလမ်းဘေးက အိမ်တွေကို ဦးစားပေးပြီး ရှင်းလင်းတာတွေလုပ်ခဲ့ပါတယ်။ မန္တလေး ၊မြစ်ငယ်မြို့မှာ ဆိုရင် မီးရထားဝန်းအနီးက အိမ်တွေကို တရားမဝင်ကျုးကျော်တွေလို့ဆိုကာ ဖယ်ရှားတာတွေရှိခဲ့ပါတယ်။