Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ အမျိုးသားတစ်ဦး စစ်ကောင်စီတပ် ပစ်ခတ်လို့သေဆုံး

မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက်မှာ လူလတ်ပိုင်းအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းလယ်ခေါင်မှာ ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ် ဒီနေ့မနက်အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မြို့ခံဆီကသိရပါတယ်။

ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားတဲ့အမျိုးသားကို တွေ့ရစဉ်

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက်မှာ လူလတ်ပိုင်းအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းလယ်ခေါင်မှာ ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ် ဒီနေ့မနက်အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မြို့ခံဆီကသိရပါတယ်။

ပြည်ကြီးတံခွန်မြို့နယ် ၊ (စ) ရပ်ကွက် စျေးရဲ့အနောက်ဘက် ၊ ၅၉ လမ်းနဲ့ လမ်း ၆၀ ကြား ၊ ၁၂၅ လမ်းမှာ ဒီနေ့ မနက် ၆ နာရီဝန်းကျင်က အဲဒီ ဖြစ်စဉ်ဖြစ်ပွားခဲ့တာပါ။

” သေနတ်သံကြားမှထွက်ကြည့်တော့ ကောင်လေးက ဗိုက်ပွင့်ပြီးသေနေပြီ ” လို့ အခင်းဖြစ်ရာ အနီးတဝိုက်မှာ နေထိုင်တဲ့ အမျိုးသမီးကြီးတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်သူတွေဟာ အရပ်ဝတ်တွေနဲ့ ဖြစ်ကာ လူ ၅ ဦးခန့်မနည်းရှိပြီး ဆိုင်ကယ်သမားကို ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ ပစ်သတ်ခံရသူရဲ့ အချက်အလက်တွေကိုတော့မသိရသေးပါဘူး။

မန္တလေးကို ပစ်မှတ်ထားဝါဒဖြန့်တဲ့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် အချို့မှာတော့ အမျိုးသားကို လုယက်မှုနဲ့ဖမ်းဆီးချိန် ဓားနဲ့ ပြန်ခုတ်တဲ့ အတွက် သေနတ်နဲ့ ပစ်ခတ်ခဲ့ရတာလို့ ရေးသားဖြန့်ဝေပါတယ်။

အခုလို ဖြစ်စဉ်ဖြစ်ပွားတဲ့ (စ)ရပ်ကွက်ဟာ စစ်တပ်လက်ဝေခံ ပြည်သူ့စစ် ခေါ် ပျုစောထီးတွေ ကြီးစိုးရာရပ်ကွက် ဖြစ်ပြီး ရပ်ကွက်ရုံးမှာလည်း ပျုစောထီးတွေ အထိုင်ချထားကြတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook