Connect with us

Hi, what are you looking for?

သတင်း

ပြည်ကြီးတံခွန်မြို့နယ်(ဇ)ရပ်ကွက်ရုံး တိုက်ခိုက်ခံရ

အောက်တိုဘာ ၁၈ ရက်ကလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ တရုတ်ကောင်စစ်ဝန်ရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံတိုက်ခိုက်မှုခံခဲ့ရသည်။

(ပြည်ကြီးတံခွန်မြို့နယ် (ဇ)ရပ်ကွက်ရုံး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ - စကစ)
(ပြည်ကြီးတံခွန်မြို့နယ် (ဇ)ရပ်ကွက်ရုံး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ - စကစ)

အင်ကြင်း/People’s Spring

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ (ဇ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်တိုက်ခိုက်ခံရပြီး ပျူစောထီးအချို့ ထိခိုက်မှုရှိကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၃၀ရက်) ညနေ ၆ နာရီဝန်းကျင်က ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆လမ်းနှင့် ၁၃၃ လမ်းထောင့်ရှိ(ဇ)ရပ်ကွက်အုပ်ချုပ်ရေးရုံး ဗုံးပစ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ရုံးတွင်းရှိ ပျူစောထီးအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ​ဒေသခံအချို့က ပြောသည်။

(ပြည်ကြီးတံခွန်မြို့နယ် (ဇ)ရပ်ကွက်ရုံး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ - စကစ)
(ပြည်ကြီးတံခွန်မြို့နယ် (ဇ)ရပ်ကွက်ရုံး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ – စကစ)

“ပျူအထိအခိုက်တော့ရှိပေမယ့် ကနဦးသတင်းအရတော့ အတိအကျကို မသိရသေးပါဘူး။”ဟု မန္တလေးမြေပြင်သတင်းများ ရေးသားနေသည့် Voice Of Mandalay ချန်နယ်က ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် (၁၀)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် (၂၉)နှစ်အရွယ် အမျိုးသားတစ်ဦး မစိုးရိမ်ရသည့် အသေးစားဒဏ်ရာ ရရှိခဲ့ကြောင်း၊ ရုံးရှေ့ရှိ အိမ်စီးကား ၂စီးလည်း ပျက်စီးမှုရှိကြောင်း ဒေသခံအချို့က ပြောသည်။

(ပြည်ကြီးတံခွန်မြို့နယ် (ဇ)ရပ်ကွက်ရုံး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ - စကစ)
(ပြည်ကြီးတံခွန်မြို့နယ် (ဇ)ရပ်ကွက်ရုံး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ – စကစ)

ဗုံးကွဲပြီးနောက် စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီး လမ်းသွားလမ်းလာ လူငယ်များအား ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား မည်သည့်အဖွဲ့က ပြုလုပ်ခဲ့သည်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။

အောက်တိုဘာ ၁၈ ရက်ကလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ တရုတ်ကောင်စစ်ဝန်ရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံတိုက်ခိုက်မှုခံခဲ့ရသည်။

သို့သော် အဆိုပါ ပစ်ခတ်မှုကိုမူ တော်လှန်ရေးအဖွဲ့အစည်းများနှင့် တရုတ်အစိုးရကြား နားလည်မှုလွဲစေရန် စစ်ကောင်စီက တမင်လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း တော်လှန်ရေးရဲဘော်အချို့က သုံးသပ်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။