Connect with us

Hi, what are you looking for?

သတင်း

က​လေးမြို့ တာဟန်းရပ်ကွက်ရှိ စစ်​ကောင်စီတပ်ကို ​ဒေသကာကွယ်​ရေးတပ်များ တိုက်ခိုက်၊ စစ်​ကောင်စီတပ်သားလေးဦး​သေဟု ဇိုမီး PDF ​ပြော

ဒေသခံကာကွယ်ရေးတပ်များ တိုက်ခိုက်ပြီးနောက်တွင် စစ်ကောင်စီတပ်က ကလေးမြို့၊ တာဟန်း ရပ်ကွက်အတွင်းရှိ လူနေအိမ်များထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

စစ်ကိုင်းတိုင်း ကလေးမြို့၊ တာဟန်းရပ်ကွက် နေကြာတိုက်အနီးတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ​လေးဦးသေဆုံးခဲ့ကြောင်း PDF(ဇိုမီး)က ထုတ်ပြန်သည်။

ပြည်သူအပေါ် မီတာကြေးမကောက်ခံရန် ဒေသခံကာကွယ်ရေးတပ်များက သတိပေးခဲ့ခြင်းကို မသိကျိုးကျွန်ပြုခဲ့သည့်အတွက် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ​ဖော်ပြထားသည်။

ဝင်ရောက်တိုက်ခိုက်မှုကို ယမန့်နေ့ ညနေ ၅နာရီမှ စတင်ခဲ့ပြီး ည ၈နာရီတွင် ပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ​လေးဦးသေဆုံးသည့်အပြင် ၈ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု PDF(ဇိုမီး)က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲကို PDF(ဇိုမီး), CNDF, PDF(ကလေး) , CSSနှင့် GRF အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဒေသခံကာကွယ်ရေးတပ်များ တိုက်ခိုက်ပြီးနောက်တွင် စစ်ကောင်စီတပ်က ကလေးမြို့၊ တာဟန်း ရပ်ကွက်အတွင်းရှိ လူနေအိမ်များထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

ထိုပစ်ခတ်မှုကြောင့် မင်းကင်းမြို့မှ ကလေးမြို့ကို စစ်ဘေးရှောင်လာသည့် စစ်ဘေးရှောင် သုံးဦးသေဆုံးခဲ့ပြီး နှစ်ထပ်စာသင်ကျောင်းဆောင် တစ်ခုမီးလောင်ပျက်စီးခဲ့ရသည်။

“ကလေးမြို့မှာ စစ်ကောင်စီ ကင်းစခန်းကို လစ်ရင်လစ်သလို နေတိုင်းနီးပါး တိုက်ခိုက်နေတာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့တိုက်ခိုက်မှုပြုလုပ်တိုင်း စစ်ကောင်စီက လူနေအိမ်များကို ဦးတည်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု ၎င်းကဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook