Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရှမ်းတောင်(၁၀၀၈)တပ်ရင်းမှ ရဲဘော်နောင်ခမ်း ရှေ့တန်းတစ်နေရာတွင် မိုင်းမတော်တဆဖြင့် ကျဆုံး

ရဲဘော်ကိုနောင်ခမ်းသည် ကလောမြို့ရပ်ကွက် (၁)မှ ဖြစ်ပြီး ၎င်း၏ မိသားစုကို အကြမ်းဖက် စစ်တပ်မှ ယခင်နှစ်လကတည်းကအကြောင်းမဲ့ဖမ်းဆီးထားခဲ့သည်ဟု ဆိုသည်။

ရှမ်းတောင်(၁၀၀၈)တပ်ရင်း
ရှမ်းတောင်(၁၀၀၈)တပ်ရင်း

ရှေ့တန်းတစ်နေရာတွင် မိုင်းမတော်တဆဖြစ်၍ ရဲဘော်အောင်ဇော်ထွန်း (ခ)နောင်ခမ်းအားဆုံးရှုံးခဲ့ရကြောင်း ရှမ်းတောင် (၁၀၀၈)တပ်ရင်းက ယနေ့(မေ ၂၉ ရက်) ထုတ်ပြန်သည်။

ရဲဘော်ကိုနောင်ခမ်းသည် ကလောမြို့ရပ်ကွက် (၁)မှ ဖြစ်ပြီး ၎င်း၏ မိသားစုကို အကြမ်းဖက် စစ်တပ်မှ ယခင်နှစ်လကတည်းကအကြောင်းမဲ့ဖမ်းဆီးထားခဲ့သည်ဟု ဆိုသည်။

ကျဆုံးခဲ့သည့်ရဲဘော်အားသူရဲကောင်းအဖြစ် အသိမှတ်ပြု အလေးနီပြုကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

လက်ရှိတွင် ဖယ်ခုံအရှေ့ကမ်း လွယ်ပေါကျေး ရွာအရှေ့တောင်ပေါ် စေတီကုန်းနှင့် လက်ဝါးကပ်တိုင်အနီး တစ်ဝိုက်တွင် တပ်စွဲထားသော တပ်မ(၅၅)ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နှင့် ရှမ်းတောင် (၁၀၀၈)တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်လျှက်ရှိသည်။

Public Service Announcement

Public Service Announcement

ရှမ်းတောင်(၁၀၀၈)တပ်ရင်း
ရှမ်းတောင်(၁၀၀၈)တပ်ရင်း

စစ်ကောင်စီတပ်က ယခုထိတိုင် လက်နက်ကြီးများဆက်လက်အသုံးပြု၍ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော ကျေးရွာတွင်းထိပါ လက်နက်ကြီး များဖြင့် အကြောင်းမဲ့ပစ်ခတ်နေဆဲဖြစ်ကြောင်းလည်းအသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

မြဝတီမြို့နယ်အတွင်း ကျန်နေသည့် ခမရ(၃၅၇)၊ ခမရ (၂၇၅)နှင့် သင်္ဃန်းညီနောင်ဗျူဟာစခန်း တို့ကို ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ယနေ့တွင် ခမရ (၃၇၅)နှင့် သင်္ဃန်းညီနောင်ဗျူဟာစခန်းကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။

သတင်း

စစ်ကောင်စီက လေကြောင်း ပစ်ကူပေးခုခံတိုက်ခိုက်မှုများကြားမှ စခန်းကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်း၊ ရန်သူ့အလောင်းများနှင့်အတူ လက်နက်ချအညံ့ခံသောရန်သူအချို့ကို လက်ရဖမ်းဆီး မိခဲ့သည်ဟု AAက ထုတ်ပြန်သည်။