Connect with us

Hi, what are you looking for?

သတင်း

ကျောက်ထု – ပခုက္ကူ လမ်းပိုင်းကို ပြန်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ကျောက်ထု PDF အသိပေး

လမ်းပိုင်းအသုံးပြုချိန် ကားလမ်းမကြီး ၏ ဘေးအစပ်များကိုကပ်၍ယာဉ်များ မောင်းနှင်ခြင်း ၊ ကားလမ်းမကြီး၏ဘေး ဝဲ/ယာ တောထဲသို့မည်သည့်အကြောင်းကိစ္စနှင့်မှ ဝင်ထွက်သွားလာခြင်းများ လုံးဝ(လုံးဝ)မပြုလုပ်ကြပါရန် အသိပေးမေတ္တာရပ်ခံကြောင်း ထုတ်ပြန်သည်။

ကျောက်ထု - ပခုက္ကူ လမ်းပိုင်း
ကျောက်ထု - ပခုက္ကူ လမ်းပိုင်း

▪️လမ်းမဘေးအစပ်များ ကပ်မောင်းခြင်းမပြုရန် နှင့် လမ်းမဘေးဝဲ/ယာ တောထက်မဝင်ရန် မေတ္တာရပ်ခံ

စစ်ကောင်စီတပ်ယာဉ်တန်းများ ဖြတ်သန်းသွားလာခြင်း အပါအဝင် စစ်ရေးအခြေအနေကြောင့် သွားလာခြင်းမပြုရန် တားမြစ်ထားသည့် ကျောက်ထု – ပခုက္ကူ လမ်းပိုင်းကို ယနေ့မှစ၍ ပြန်လည်အသုံးပြုနိုင်ကြောင်း ကျောက်ထု ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

အဆိုပါလမ်းပိုင်းကို မေလ ၁၂ရက်မှစ၍ ပိတ်ထားခြင်းဖြစ်ပြီး လဝက်အကြာတွင် ယခုကဲ့သို့ ပြန်လည် အသုံး ပြုနိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီး လမ်းအသုံးပြုခြင်းဆိုင်ရာ အသိပေးမှုများကို ဖော်ပြသည်။

လမ်းပိုင်းအသုံးပြုချိန် ကားလမ်းမကြီး ၏ ဘေးအစပ်များကိုကပ်၍ယာဉ်များ မောင်းနှင်ခြင်း ၊ ကားလမ်းမကြီး၏ဘေး ဝဲ/ယာ တောထဲသို့မည်သည့်အကြောင်းကိစ္စနှင့်မှ ဝင်ထွက်သွားလာခြင်းများ လုံးဝ(လုံးဝ)မပြုလုပ်ကြပါရန် အသိပေးမေတ္တာရပ်ခံကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

လိုအပ်၍ ထုတ်ပြန်ထားသောစည်းကမ်းများအားလိုက်နာဆောင်ရွက်ပေးခြင်းဖြင့် ကူညီပေးကြပါရန်နှင့် လိုက်နာမှုမရှိ၍ ဖြစ်ပေါ်လာမည့် အကျိုးဆက်များအား မိမိတို့ကိုယ်တိုင်သာအပြည့်အဝတာဝန်ယူရမည် ဖြစ်ကြောင်း ကျောက်ထု PDFက သတိပေးခဲ့သည်။

ချင်းပြည်နယ် မတူပီသို့ စစ်အင်အားနှင့် လက်နက်ခဲယမ်း၊ ရိက္ခာများ သွားရောက်ပို့ဆောင်သည့် ယာဉ်စီးရေ ၈၀ကျော်ယာဉ်တန်းသည် မတူပီမှ ဧပြီ ၂၇ရက်တွင် ပြန်လည်ထွက်ခွာလာရာ မတူပီ – မင်းတပ်- ကျောက်ထု – ပခုက္ကူအတိုင်း ပြန်လာရာ လမ်းတလျှောက်တွင် သက်ဆိုင်ရာဒေသရှိ ချင်းကာကွယ်ရေးတပ်(CDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်များက တိုက်ခိုက်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်