Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်က စစ်ကောင်စီစခန်းတွေကို KNLA တပ်မဟာ ၅ ဝင်ရောက်တိုက်ခိုက်

မေ ၂၈ ရက် မနက် ၇ နာရီခွဲအချိန်က ဖာပွန်ဗျူဟာကုန်းကနေ စစ်ကောင်စီတပ်တွေဟာ မူတြော်(ဖာပွန်)ခရိုင် ဒွယ်လိုးမြို့နယ်ရှိ ပွယ်ပါကကျေးရွာထဲကို အမြောက်လက်နက်ကြီးပစ်ချခဲ့ရာ အသက်(၁၀)နှစ်အရွယ် ကလေးတစ်ဦး ခြေထောက်မှာ ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

KNLA
KNLA

ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီရဲ့တပ်စခန်းတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ က သုံးကြိမ်တိုင်တိုင်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။

မေလ ၂၈ ရက် က KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေဟာ ဖာပွန်အခြေစိုက်တပ်စခန်းတွေကို သုံးကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီလိုဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က သေကြေထိခိုက်မှုစာရင်း အတိအကျမရရှိသေးပဲ KNLA ဘက်ကတော့ ထိခိုက်ကျဆုံးမှုမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မေ ၂၈ ရက် မနက် ၇ နာရီခွဲအချိန်က ဖာပွန်ဗျူဟာကုန်းကနေ စစ်ကောင်စီတပ်တွေဟာ မူတြော်(ဖာပွန်)ခရိုင် ဒွယ်လိုးမြို့နယ်ရှိ ပွယ်ပါကကျေးရွာထဲကို အမြောက်လက်နက်ကြီးပစ်ချခဲ့ရာ အသက်(၁၀)နှစ်အရွယ် ကလေးတစ်ဦး ခြေထောက်မှာ ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါအပြင် မနေ့ မေ ၂၉ ရက် မနက် ၆ နာရီကစတင်ပြီး စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်တစ်စီးဟာ ကေအဲန်ယူ-မူတြော်ခရိုင်ထိန်းချုပ်ရာဒေသတွေအပေါ် အကြိမ်ကြိမ်လာရောက်ကင်းထောက်ခဲ့သေးတယ်လို့ တပ်မဟာ ၅ ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို စစ်ကောင်စီလေတပ်က လာရောက်ကင်းထောက်စုံစမ်းပြီး အချက်အလက်ရယူတာဟာ ဗုံးလာရောက်ကြဲချနိုင်ခြေရှိတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ သတိထားပြီး သွားလာနေထိုင်ကြဖို့ ဒေသခံတွေက အသိပေးပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ခမရ(၅၅၇)တပ်သား ၂ဦး လက်နက် ၃လက်ယူလာပြီး အလင်းဝင်လာ