Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖာပွန်က စစ်ကောင်စီစခန်းတွေကို KNLA တပ်မဟာ ၅ ဝင်ရောက်တိုက်ခိုက်

မေ ၂၈ ရက် မနက် ၇ နာရီခွဲအချိန်က ဖာပွန်ဗျူဟာကုန်းကနေ စစ်ကောင်စီတပ်တွေဟာ မူတြော်(ဖာပွန်)ခရိုင် ဒွယ်လိုးမြို့နယ်ရှိ ပွယ်ပါကကျေးရွာထဲကို အမြောက်လက်နက်ကြီးပစ်ချခဲ့ရာ အသက်(၁၀)နှစ်အရွယ် ကလေးတစ်ဦး ခြေထောက်မှာ ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

KNLA
KNLA

ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီရဲ့တပ်စခန်းတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ က သုံးကြိမ်တိုင်တိုင်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။

မေလ ၂၈ ရက် က KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေဟာ ဖာပွန်အခြေစိုက်တပ်စခန်းတွေကို သုံးကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီလိုဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က သေကြေထိခိုက်မှုစာရင်း အတိအကျမရရှိသေးပဲ KNLA ဘက်ကတော့ ထိခိုက်ကျဆုံးမှုမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မေ ၂၈ ရက် မနက် ၇ နာရီခွဲအချိန်က ဖာပွန်ဗျူဟာကုန်းကနေ စစ်ကောင်စီတပ်တွေဟာ မူတြော်(ဖာပွန်)ခရိုင် ဒွယ်လိုးမြို့နယ်ရှိ ပွယ်ပါကကျေးရွာထဲကို အမြောက်လက်နက်ကြီးပစ်ချခဲ့ရာ အသက်(၁၀)နှစ်အရွယ် ကလေးတစ်ဦး ခြေထောက်မှာ ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါအပြင် မနေ့ မေ ၂၉ ရက် မနက် ၆ နာရီကစတင်ပြီး စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်တစ်စီးဟာ ကေအဲန်ယူ-မူတြော်ခရိုင်ထိန်းချုပ်ရာဒေသတွေအပေါ် အကြိမ်ကြိမ်လာရောက်ကင်းထောက်ခဲ့သေးတယ်လို့ တပ်မဟာ ၅ ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို စစ်ကောင်စီလေတပ်က လာရောက်ကင်းထောက်စုံစမ်းပြီး အချက်အလက်ရယူတာဟာ ဗုံးလာရောက်ကြဲချနိုင်ခြေရှိတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ သတိထားပြီး သွားလာနေထိုင်ကြဖို့ ဒေသခံတွေက အသိပေးပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။