Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဝပြည်နယ် တည်ထောင်လိုကြောင်း UWSAက စစ်ကောင်စီခေါင်းဆောင်ထံ ထပ်မံတောင်းဆို

နိုင်ငံတော်မှ ခွဲထွက်ခြင်း လုံး၀မပြုဟု UWSAက ယခင် ပြောဆိုချက်အတိုင်း ထပ်မံပြောဆိုခဲ့ပြီး နိုင်ငံတော် ကာကွယ်ရေးနှင့် သံတမန်ရေးရာမှလွဲ၍ မိမိကို မိမိတို့ စီမံအုပ်ချုပ်သွားမည်ဟု စစ်ကောင်စီကို အသိပေးသည်။

UWSAက စစ်ကောင်စီခေါင်းဆောင်ထံ ထပ်မံတောင်းဆို
UWSAက စစ်ကောင်စီခေါင်းဆောင်ထံ ထပ်မံတောင်းဆို

▪️စစ်တပ်အာဏာသိမ်းမှု ဗမာတိုင်းရင်းသားများ၏ အတွင်းရေးဟု UWSAမှတ်ချက်ပြု

ယခင် ပြည်ထောင်စုအစိုးရသို့ အဆိုပြုတင်ပြခဲ့သည့် နိုင်ငံရေး ဆွေးနွေးမှု အထွေထွေမူဝါဒအရ အခြားတိုင်းရင်းသားပြည်နယ်နှင့် တန်းတူရည်တူသော ၀ အမျိုးသား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်တည် ထောင်ရန် တောင်းဆိုကြောင်း ၀ပြည်သွေးစည်း ညီညွတ်ရေးပါတီ(UWSP/UWSA)ကိုယ်စားလှယ်အဖွဲ့က စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံစဉ် တောင်းဆိုခဲ့သည်။

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ၀ လက်နက်ကိုင်အဖွဲ့ဘက်မှ ပြောဆိုခဲ့သည့် အချက်အလက်များကို UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ထုတ်ပြန်ခဲ့သည်။

အဆိုပါ တောင်းဆိုမှုနှင့်ပတ်သက်ပြီး ဆွေးနွေးသဘောတူညီချက် မရရှိနိုင်ပါက လက်ရှိ အနေအထားကို ထိန်းသိမ်းရန်၊ နှစ်ဖက်ကြားပဋိပက္ခများကို ရှောင်ရှားရန် နှင့် အနာဂတ်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှု အဆင်ပြေစေရေးအတွက် ငြိမ်းချမ်းရေးကို အတက်နိုင်ဆုံး ထိန်းသိမ်းသွားရန် တောင်းဆိုကြောင်းလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

နိုင်ငံတော်မှ ခွဲထွက်ခြင်း လုံး၀မပြုဟု UWSAက ယခင် ပြောဆိုချက်အတိုင်း ထပ်မံပြောဆိုခဲ့ပြီး နိုင်ငံတော် ကာကွယ်ရေးနှင့် သံတမန်ရေးရာမှလွဲ၍ မိမိကို မိမိတို့ စီမံအုပ်ချုပ်သွားမည်ဟု စစ်ကောင်စီကို အသိပေးသည်။

စစ်တပ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး UWSA က သဘောထား ဖော်ပြရာတွင်လည်း အစိုးရဘက်မှ မည်သူ အုပ်ချုပ်သည် ဖြစ်စေ ဗမာတိုင်းရင်းသားများ၏ အတွင်းရေးသာဖြစ်ပြီး ပဋိပက္ခပို၍ မဖြစ်စေလို၍ မည်သည့်ဘက်မှပါဝင်မည် မဟုတ်ကြောင်း အသိပေးသည်။

လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကျော်ကြာ ပဋိပက္ခ သည် မည်သည့် အခြေခံ ပြဿနာကိုမျှ အင်အားသုံး၍ မဖြေရှင်းနိုင်ကြောင်း သက်သေပြနေကြောင်း၊ ၎င်းသည် လူမျိုးစု အသီးသီးနှင့် ပဋိပက္ခ များအတွက်သာ မက ဗမာ လူမျိုးအတွင်းရှိ ပဋိပက္ခများအတွက်လည်း သင့်လျော်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းမှ မြန်မာနိုင်ငံ၏ အခြေအနေကို ဖြေရှင်းရန် ကြိုးစားနေသော်လည်း နောက်ဆုံးဖြေရှင်းရာတွင် ပြည်တွင်း ပဋိပက္ခဖြစ်ပွားသော သက်ဆိုင်သူဖက်ကိုသာ အားကိုးရမည်ဖြစ်ကြောင်း UWSAက ဆိုသည်။

ပဋိပက္ခ ဖြစ်ပွားသော သက်ဆိုင်သူ ဖက်အနေဖြင့် စစ်ရေး ပဋိပက္ခကြောင့် တန်ဖိုးရှိသော အသက်ပေါင်းများစွာ ပိုမို ဆုံးရှုံးခြင်း၊ လူမှုအသိုင်းအဝိုင်းနှင့် လူမျိုးစုများ ကွဲပြားခြင်း၊ အမုန်းတရားများ သားစဉ်မြေးဆက်အထိ လက်ဆင့်ကမ်းသည့် လုပ်ဆောင်မှု ရှောင်ရှားနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများမှ တဆင့်အမြန်ဆုံး ဖြေရှင်းရန် မိမိတို့ ဘက်မှ စိုးရိမ်မှုကြီးစွာဖြင့် အနူးအညွတ် တိုက်တွန်းပန်ကြားကြောင်း UWSA၏ ဆွေးနွေးချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။