Connect with us

Hi, what are you looking for?

သတင်း

ဝပြည်နယ် တည်ထောင်လိုကြောင်း UWSAက စစ်ကောင်စီခေါင်းဆောင်ထံ ထပ်မံတောင်းဆို

နိုင်ငံတော်မှ ခွဲထွက်ခြင်း လုံး၀မပြုဟု UWSAက ယခင် ပြောဆိုချက်အတိုင်း ထပ်မံပြောဆိုခဲ့ပြီး နိုင်ငံတော် ကာကွယ်ရေးနှင့် သံတမန်ရေးရာမှလွဲ၍ မိမိကို မိမိတို့ စီမံအုပ်ချုပ်သွားမည်ဟု စစ်ကောင်စီကို အသိပေးသည်။

UWSAက စစ်ကောင်စီခေါင်းဆောင်ထံ ထပ်မံတောင်းဆို
UWSAက စစ်ကောင်စီခေါင်းဆောင်ထံ ထပ်မံတောင်းဆို

▪️စစ်တပ်အာဏာသိမ်းမှု ဗမာတိုင်းရင်းသားများ၏ အတွင်းရေးဟု UWSAမှတ်ချက်ပြု

ယခင် ပြည်ထောင်စုအစိုးရသို့ အဆိုပြုတင်ပြခဲ့သည့် နိုင်ငံရေး ဆွေးနွေးမှု အထွေထွေမူဝါဒအရ အခြားတိုင်းရင်းသားပြည်နယ်နှင့် တန်းတူရည်တူသော ၀ အမျိုးသား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်တည် ထောင်ရန် တောင်းဆိုကြောင်း ၀ပြည်သွေးစည်း ညီညွတ်ရေးပါတီ(UWSP/UWSA)ကိုယ်စားလှယ်အဖွဲ့က စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံစဉ် တောင်းဆိုခဲ့သည်။

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ၀ လက်နက်ကိုင်အဖွဲ့ဘက်မှ ပြောဆိုခဲ့သည့် အချက်အလက်များကို UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ထုတ်ပြန်ခဲ့သည်။

အဆိုပါ တောင်းဆိုမှုနှင့်ပတ်သက်ပြီး ဆွေးနွေးသဘောတူညီချက် မရရှိနိုင်ပါက လက်ရှိ အနေအထားကို ထိန်းသိမ်းရန်၊ နှစ်ဖက်ကြားပဋိပက္ခများကို ရှောင်ရှားရန် နှင့် အနာဂတ်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှု အဆင်ပြေစေရေးအတွက် ငြိမ်းချမ်းရေးကို အတက်နိုင်ဆုံး ထိန်းသိမ်းသွားရန် တောင်းဆိုကြောင်းလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

နိုင်ငံတော်မှ ခွဲထွက်ခြင်း လုံး၀မပြုဟု UWSAက ယခင် ပြောဆိုချက်အတိုင်း ထပ်မံပြောဆိုခဲ့ပြီး နိုင်ငံတော် ကာကွယ်ရေးနှင့် သံတမန်ရေးရာမှလွဲ၍ မိမိကို မိမိတို့ စီမံအုပ်ချုပ်သွားမည်ဟု စစ်ကောင်စီကို အသိပေးသည်။

စစ်တပ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး UWSA က သဘောထား ဖော်ပြရာတွင်လည်း အစိုးရဘက်မှ မည်သူ အုပ်ချုပ်သည် ဖြစ်စေ ဗမာတိုင်းရင်းသားများ၏ အတွင်းရေးသာဖြစ်ပြီး ပဋိပက္ခပို၍ မဖြစ်စေလို၍ မည်သည့်ဘက်မှပါဝင်မည် မဟုတ်ကြောင်း အသိပေးသည်။

လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကျော်ကြာ ပဋိပက္ခ သည် မည်သည့် အခြေခံ ပြဿနာကိုမျှ အင်အားသုံး၍ မဖြေရှင်းနိုင်ကြောင်း သက်သေပြနေကြောင်း၊ ၎င်းသည် လူမျိုးစု အသီးသီးနှင့် ပဋိပက္ခ များအတွက်သာ မက ဗမာ လူမျိုးအတွင်းရှိ ပဋိပက္ခများအတွက်လည်း သင့်လျော်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းမှ မြန်မာနိုင်ငံ၏ အခြေအနေကို ဖြေရှင်းရန် ကြိုးစားနေသော်လည်း နောက်ဆုံးဖြေရှင်းရာတွင် ပြည်တွင်း ပဋိပက္ခဖြစ်ပွားသော သက်ဆိုင်သူဖက်ကိုသာ အားကိုးရမည်ဖြစ်ကြောင်း UWSAက ဆိုသည်။

ပဋိပက္ခ ဖြစ်ပွားသော သက်ဆိုင်သူ ဖက်အနေဖြင့် စစ်ရေး ပဋိပက္ခကြောင့် တန်ဖိုးရှိသော အသက်ပေါင်းများစွာ ပိုမို ဆုံးရှုံးခြင်း၊ လူမှုအသိုင်းအဝိုင်းနှင့် လူမျိုးစုများ ကွဲပြားခြင်း၊ အမုန်းတရားများ သားစဉ်မြေးဆက်အထိ လက်ဆင့်ကမ်းသည့် လုပ်ဆောင်မှု ရှောင်ရှားနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများမှ တဆင့်အမြန်ဆုံး ဖြေရှင်းရန် မိမိတို့ ဘက်မှ စိုးရိမ်မှုကြီးစွာဖြင့် အနူးအညွတ် တိုက်တွန်းပန်ကြားကြောင်း UWSA၏ ဆွေးနွေးချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

၀လက်နက်ကိုင်တပ်(UWSP/UWSA) ကိုယ်စားလှယ်တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးနေကြောင်း စစ်အုပ်စုဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။