Connect with us

Hi, what are you looking for?

သတင်း

ယော​ဒေသကို စစ်​ကောင်စီက အင်အားအများအပြား တိုးချဲ့​နေ

မေလနောက်ဆုံးပတ်ကစ၍ ယောဒေသအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနှင့် ကုန်းကြောင်းအသုံးပြု၍ အင်အားဖြည့်တင်းမှုသည် ပြင်းထန်မည့်တိုက်ပွဲများ မကြာမီဖြစ်ပေါ်လာနိုင်သည်ဟု ဆိုသည်။

ယော​ဒေသကို စစ်​ကောင်စီက အင်အားအများအပြား တိုးချဲ့​နေ
ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

မကွေးတိုင်း၊ ယောဒေသ(ဂန့်ဂေါ၊ကျော၊ထီးလင်း ၊ဆောနှင့်ကျောက်ထု)မြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင် စီတပ်က အင်အားအများအပြားတိုးချဲ့နေကြောင်း ဒေသတွင်း စစ်ရေးစောင့်ကြည့်သူနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူများက People’s Springသို့ ပြော သည်။

မေလနောက်ဆုံးပတ်ကစ၍ ယောဒေသအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနှင့် ကုန်းကြောင်းအသုံးပြု၍ အင်အားဖြည့်တင်းမှုသည် ပြင်းထန်မည့်တိုက်ပွဲများ မကြာမီဖြစ်ပေါ်လာနိုင်သည်ဟု ဆိုသည်။

“ကျွန်တော်တို့လည်း အသီးသီးပြင်ဆင်နေတယ်။ တချို့ကိစ္စတွေကျ ပေါက်ကြားလို့မရတဲ့ အနေအထားတွေရှိနေတော့ပြောဖို့ စောသေးတယ်။အခု သူတို့ အင်အားတိုးလာနေတာ အရင်နှစ်လကျော်လောက်ကထက် နှစ်ဆ နီးပါး တိုးလာတယ်”ဟု YDF တာဝန်ရှိသူက ရှင်းပြသည်။

ကျောက်ထုမြို့နယ်တွင် စစ်ကောင်စီတပ်သား ရဲနှင့် စစ်သား ၂၀၀ကျော်ရှိရာမှ မေလ ၂၉ရက်တွင်

Public Service Announcement

Public Service Announcement

လေကြောင်းမှတစ်ဆင့် အင်အား ၃၂၀ထပ်မံ ဖြည့်တင်းလိုက်သည်ဟု ဒေသတွင်းစစ်ရေးစောင့် ကြည့်သူတစ်ဦးက အသိပေးသည်။

အလားတူ ထီးလင်းမြို့နယ်တွင် မြို့ပေါ်ရှိ စစ်ကောင်စီတပ်သား ၁၀၀ကျော် ၊ရေမျက်နီရဲစခန်း၌ စစ်ကောင်စီတပ်သား ၅၀ နှင့်အထက်ရှိနေသည်ဟု ဆိုသည်။

မေလ ၂၆ ရက်ကလည်း ဂန့်ဂေါမြို့နယ် တောင်ပိုင်း၊မြစ်သာဆည်တမံ အနီးရှိ ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်စခန်းတစ်ခုကို ရဟတ်ယာဥ်လေးစီးဖြင့် စီးနင်းတိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေး ရဲဘော်ခုနှစ်ဦး ကျဆုံးခဲ့သည်။

ထိုတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်က အင်အား ၈၀ ဝန်းကျင်ဖြင့် မြစ်သာဆည်တမံတွင် တပ်စွဲခဲ့ပြီး အနီးနားရှိ ရွာများသို့ နယ်မြေရှင်း လင်းမှုများပြုလုပ်နေသည်ဟု သိရသည်။

ယမန်နေ့(မေ ၃၁ ရက်)တွင်လည်း အစီးရေ ၆၀ကျော်ပါသည့် စစ်ကောင်စီယာဥ်တန်းသည် ကျောမြို့သို့ ရောက်ရှိလာပြီးနောက် ဂန့်ဂေါနယ်အတွင်းသို့ ဦးတည်မည်ဟု ယောဒေသကာ ကွယ်ရေးအဖွဲ့များက ယူဆသည်။

“ယခုရက်ပိုင်းအတွင်းတိုက်ပွဲတွေကို ကြည့်ရင် PDF (ကလေး)၊ PDF(ဖောင်ပြင်)၊ PDF(ကနီ)တို့နဲ့ မြစ်သာတမံပေါ်က PDFစခန်းတခုကို လေကြောင်း အသုံးပြုပြီး စခန်းသိမ်းနိုင်ဖို့ ကြိုးစားနေတာ တွေ့ရတယ်။ဒီအခြေ အနေက စခများသည် ကုန်းကြောင်းကနေ PDF တွေကို အသာစီးရဖို့ ခက်နေတယ်။ဒါကြောင့် လေ ကြောင်းကို အဓိကအားပြုနေပါတယ်”ဟု အထက်ပါ စစ်ရေးစောင့်ကြည့်သူက သုံးသပ်သည်။

ထို့ကြောင့် လေကြောင်းစောင့်ကြည့်ရေးကို စခန်းတိုင်းတွင် စနစ်တကျစီမံဆောင်ရွက်ရန် လိုအပ်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ အနေဖြင့် စခန်းနှင့်ပတ်သက်၍ စခန်းသိမ်းမခံရရေးနှင့် စခန်းသိမ်းခံရမှုများဖြစ်ပွားခဲ့သော် ပစ္စည်းဆုံးရှုံးမှုနည်းနိုင်သမျှနည်းရေး ၊ ရဲဘော်များ အထိခိုက်နည်းနိုင်သမျှနည်းရေးအတွက် မဟာဗျူဟာမြောက်ကြိုတင်ပြင်ဆင်ထားရန် တိုက်တွန်းမှုများရှိလာသည်။

(ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဖြစ်သည်။)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook