Connect with us

Hi, what are you looking for?

သတင်း

သထုံခရိုင်ထဲ တစ်လအတွင်းဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၇၁ ဦးသေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်

KNLA KNDO ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ နှစ်ဦးကျဆုံးခဲ့ပြီး (၁၁) ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တာပါ။

KNU
KNU

ကေအဲန်ယူထိန်းချုပ်နယ်မြေ ဒူးသထူ(သထုံ)ခရိုင်ထဲမှာ KNLA တပ်မဟာ ၁ နဲ့ စစ်ကောင်စီ BGF တပ်တို့အကြား တစ်လတာအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က (၇၁)ဦးသေဆုံးခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

မေလအတွင်း စစ်ကောင်စီ နယ်ခြားစောင့်တပ် BGF ပူးပေါင်းတပ်ဖွဲ့နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA KNDO တပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှု (၄၁)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၇၁)ဦးသေဆုံးကာ (၅၃)ဦး ထိခိုက်ဒဏ်ရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်ကားငါးစီးလည်း ပျက်စီးသွားခဲ့ပါသေးတယ်။

Public Service Announcement

မေလအတွင်းက သထုံခရိုင်ထဲမှာ စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူတွေရဲ့ နေအိမ်(၁၁)လုံး မီးလောင်ပျက်စီးခဲ့သလို စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်ကောင်စီတပ်က ဒေသခံပြည်သူထံကနေ ငွေကျပ် သိန်း(၂၀၀) ကျော်ကို အတင်းအဓမ္မယူဆောင်သွားခဲ့ပြီး အရပ်သား (၂၄)ဦးကို ပေါ်တာအဖြစ် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ပြည်သူရဲ့ရာဘာခြံ သုံးခြံ စုစုပေါင်းဧက ၁၃ ဧကကို မီးရှို့ဖျက်ဆီးသွားခဲ့သေးတာပါ။

စစ်ကောင်စီနဲ့ BGF တပ်ဖွဲ့တွေဟာ အရပ်သားပြည်သူတွေရဲ့ ကျွဲနဲ့ နွား ၈ ကောင်ကို ပစ်သတ်ခဲ့ပြီး စားသောက်ကုန်နဲ့ အခြားပစ္စည်းအများအပြားကိုလည်း ယူဆောင်ဖျက်ဆီးတာတွေ ကျူးလွန်ခဲ့တယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook