Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခရီးသွားများကို ​သေနတ်ပြ​ငွေ​တောင်း​နေ​သောပျူနှစ်ဦးကို​တော်လှန်​ရေးအဖွဲ့များကသုတ်သင်ရှင်းလင်း၊​ သေနတ်တစ်လက်ရ

ပြည်သူများအ​နေဖြင့် စစ်​ကောင်စီတပ်များ ၊ရဲများ စ​သောစစ်​​ကောင်စီ​ထောက်တိုင်များနှင့်​ဝေး​ဝေး​နေရန် MPDF ကအသိ​ပေးသည်။

(ပျူ နှစ်ဦးထံမှ သိမ်းဆည်းရမိ​သော​သေနတ်။ ဓါတ်ပုံ-MPDF)
(ပျူ နှစ်ဦးထံမှ သိမ်းဆည်းရမိ​သော​သေနတ်။ ဓါတ်ပုံ-MPDF)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ခရီးသွားပြည်သူများအားသေနတ်ပြခြိမ်းခြောက်ငွေညှစ်နေသည့် ပျူစောထီးနှစ်ဦးအားသုတ်သင်ရှင်းလင်းခဲ့ကြောင်း Monywa Satan နှင့် မုံရွာPDFအဖွဲ့တို့ကသတင်းထုတ်ပြန်သည်။

ယနေ့ (ဇွန်-၄)နံနက်ပိုင်းက မုံရွာမြို့ ကြေးမုံရွာအဝင်ဇရပ်အနီးတွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။ ၎င်းပျူစောထီးနှစ်ဦးသည် တောပုကျေးရွာမှ ချစ်သဲ နှင့် နန်းအောင်တို့ဖြစ်ပြီး လာသမျှ ကား၊ဆိုင်ကယ်များကို သေနတ်ပြ၍ ဓားပြတိုက် တောင်းရမ်းနေကြောင်း၊ ၎င်းတို့နှစ်ဦးအား အလစ်အငိုက်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးလုံးနေရာတွင် ပွဲချင်းပြီး သေဆုံးကာ သေနတ် တစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်း Monywa Satan အဖွဲ့က ပြောသည်။

“​နှစ်ဆန်းတစ်ရက်နေ့က တောပုကပျူတွေသတ်သွားတဲ့ရဲဘော်ငါးယောက်အတွက် ကလဲ့စားချေခွင့်ရလို့အရမ်းကျေနပ်ပါတယ်။ ပြီးတော့ ဒီကောင်တွေက လမ်းသွားလာနေတဲ့ ပြည်သူတွေကိုအမြဲဒုက္ခပေးနေတဲ့ကောင်တွေပါ။”ဟု Monywa Satan အဖွဲ့တာဝန်ရှိသူက People’s Springသို့ ပြောသည်။

၎င်းပျူစောထီးနှစ်ဦးရှင်းလင်းသည့်ဖြစ်စဥ်တွင်MPDF၊ Special Force 11၊ Monywa Hero Group၊ Monywa The Boy၊ Special ဒိတ်ဒိတ်​ကြဲ၊ Monywa Satan တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ပြည်သူများအ​နေဖြင့် စစ်​ကောင်စီတပ်များ ၊ရဲများ စ​သောစစ်​​ကောင်စီ​ထောက်တိုင်များနှင့်​ဝေး​ဝေး​နေရန် MPDF ကအသိ​ပေးသည်။

မေလ ၃၀ ရက်နေ့ကလည်း ပြည်သူကိုလက်နက်အားကိုးဖြင့် အနိုင်ကျင့်နှိပ်စက်နေပြီး PDFများကို စစ်ကောင်စီနှင့်ပေါင်းကာ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခဲ့သည့် တောပုကျေးရွာမှ ပျူစောထီးတစ်ဦးကို ​တော်လှန်​ရေးအဖွဲ့များကသုတ်သင်ရှင်းလင်းခဲ့​သေးသည်။

ပြီးခဲ့သည့် ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့က မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့်ပြည်သူများအား လုံခြုံရေးကင်းစောင့်ပေးနေသည့် ချောင်းဦး PDF မှ ရဲဘော် ၅ဦးကို တောပုကျေးရွာပျူများက သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဆက်လက်၍ LLPDF အနေဖြင့် ပျူစောထီးစာရင်း၀င် သောင်းကျန်းသူများအား အလျဉ်း သင့်သလို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးလိုပါက လက်နက်နှင့်တ ကွ‌ လောင်းလုံး(ပကဖ)ထံ အလင်း၀င်ရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

သတင်း

အထက်ပါ ပျူခေါင်းဆောင်ဆိုသူအား ပစ်ခတ်ရှင်းလင်းသည့် စစ်ဆင်ရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သတင်း

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်၊၁၇ရက်နှင့် ၁၉ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။