Connect with us

Hi, what are you looking for?

သတင်း

ခရီးသွားများကို ​သေနတ်ပြ​ငွေ​တောင်း​နေ​သောပျူနှစ်ဦးကို​တော်လှန်​ရေးအဖွဲ့များကသုတ်သင်ရှင်းလင်း၊​ သေနတ်တစ်လက်ရ

ပြည်သူများအ​နေဖြင့် စစ်​ကောင်စီတပ်များ ၊ရဲများ စ​သောစစ်​​ကောင်စီ​ထောက်တိုင်များနှင့်​ဝေး​ဝေး​နေရန် MPDF ကအသိ​ပေးသည်။

(ပျူ နှစ်ဦးထံမှ သိမ်းဆည်းရမိ​သော​သေနတ်။ ဓါတ်ပုံ-MPDF)
(ပျူ နှစ်ဦးထံမှ သိမ်းဆည်းရမိ​သော​သေနတ်။ ဓါတ်ပုံ-MPDF)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ခရီးသွားပြည်သူများအားသေနတ်ပြခြိမ်းခြောက်ငွေညှစ်နေသည့် ပျူစောထီးနှစ်ဦးအားသုတ်သင်ရှင်းလင်းခဲ့ကြောင်း Monywa Satan နှင့် မုံရွာPDFအဖွဲ့တို့ကသတင်းထုတ်ပြန်သည်။

ယနေ့ (ဇွန်-၄)နံနက်ပိုင်းက မုံရွာမြို့ ကြေးမုံရွာအဝင်ဇရပ်အနီးတွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။ ၎င်းပျူစောထီးနှစ်ဦးသည် တောပုကျေးရွာမှ ချစ်သဲ နှင့် နန်းအောင်တို့ဖြစ်ပြီး လာသမျှ ကား၊ဆိုင်ကယ်များကို သေနတ်ပြ၍ ဓားပြတိုက် တောင်းရမ်းနေကြောင်း၊ ၎င်းတို့နှစ်ဦးအား အလစ်အငိုက်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးလုံးနေရာတွင် ပွဲချင်းပြီး သေဆုံးကာ သေနတ် တစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်း Monywa Satan အဖွဲ့က ပြောသည်။

“​နှစ်ဆန်းတစ်ရက်နေ့က တောပုကပျူတွေသတ်သွားတဲ့ရဲဘော်ငါးယောက်အတွက် ကလဲ့စားချေခွင့်ရလို့အရမ်းကျေနပ်ပါတယ်။ ပြီးတော့ ဒီကောင်တွေက လမ်းသွားလာနေတဲ့ ပြည်သူတွေကိုအမြဲဒုက္ခပေးနေတဲ့ကောင်တွေပါ။”ဟု Monywa Satan အဖွဲ့တာဝန်ရှိသူက People’s Springသို့ ပြောသည်။

၎င်းပျူစောထီးနှစ်ဦးရှင်းလင်းသည့်ဖြစ်စဥ်တွင်MPDF၊ Special Force 11၊ Monywa Hero Group၊ Monywa The Boy၊ Special ဒိတ်ဒိတ်​ကြဲ၊ Monywa Satan တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ပြည်သူများအ​နေဖြင့် စစ်​ကောင်စီတပ်များ ၊ရဲများ စ​သောစစ်​​ကောင်စီ​ထောက်တိုင်များနှင့်​ဝေး​ဝေး​နေရန် MPDF ကအသိ​ပေးသည်။

မေလ ၃၀ ရက်နေ့ကလည်း ပြည်သူကိုလက်နက်အားကိုးဖြင့် အနိုင်ကျင့်နှိပ်စက်နေပြီး PDFများကို စစ်ကောင်စီနှင့်ပေါင်းကာ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခဲ့သည့် တောပုကျေးရွာမှ ပျူစောထီးတစ်ဦးကို ​တော်လှန်​ရေးအဖွဲ့များကသုတ်သင်ရှင်းလင်းခဲ့​သေးသည်။

ပြီးခဲ့သည့် ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့က မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့်ပြည်သူများအား လုံခြုံရေးကင်းစောင့်ပေးနေသည့် ချောင်းဦး PDF မှ ရဲဘော် ၅ဦးကို တောပုကျေးရွာပျူများက သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးကျေးရွာတွေ တိုက်ခိုက်ခံနေရလို့ စစ်တပ်ကလေကြောင်းကနေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။