Connect with us

Hi, what are you looking for?

သတင်း

ရွှေကူနယ်တွင် သင်္ဘောလုံခြုံရေးစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိဟု မြို့လှ PDF အသိပေး

အပြန်အလှန် ပစ်ခတ်မှု မိနစ်၃၀ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးရှိနိုင်ကြောင်း၊ ၈ ဦးခန့် ဒဏ်ရာရသွားခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး မြို့လှ KPDF အရံတပ်မှ ထိခိုက်မှုမရှိအောင်မြင်စွာ အသာစီးရယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။

မြို့လှ PDF
မြို့လှ PDF

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် သင်္ဘောလုံခြုံရေး စစ်ကြောင်းကို မြို့လှ ပြည်သူ့ကာကွယ်ရေးတပ်(PDF) က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု မြို့လှ PDFက ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့ (ဇွန်လ ၃ရက်) မွန်းလွဲပိုင်း၌ သင်္ဘောလုံခြုံရေးယူရန် မိုးစစ်ရွာဘက်မှ ဆင်တပ်ရွာဘက်သို့ ခြေလျင် စစ်ကြောင်းထိုးလာသည့် အင်အား ၄၀ပါ စစ်ကောင်စီတပ်ကို မြို့လှ PDF အရံတပ်မှ လမ်းခုလတ်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

စစ်ကောင်စီတပ်စစ်ကြောင်းကို လက်လုပ်ရှေ့ထွက်မိုင်း ၄လုံးအပြင် လက်ထောက်ကျည် (40 mm) အချို့ဖြင့် စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စကစဘက်မှ လက်ထောက်သီးကျည်များ ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် ရွှေကူဆိပ်ကမ်းရှိ စစ်သင်္ဘောပေါ်မှ လက်နက် ကြီးများဖြင့် အဆက်မပြတ် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

အပြန်အလှန် ပစ်ခတ်မှု မိနစ်၃၀ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးရှိနိုင်ကြောင်း၊ ၈ ဦးခန့် ဒဏ်ရာရသွားခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး မြို့လှ KPDF အရံတပ်မှ ထိခိုက်မှုမရှိအောင်မြင်စွာ အသာစီးရယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ