Connect with us

Hi, what are you looking for?

သတင်း

နောင်တစ်ချိန်တွင် ခွင့်မလွှတ်နိုင်လောက်မည့် အမှားမျိုး ရှောင်ရှားဖို့ KIOခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော် ဆန္ဒပြု

စစ်ကောင်စီအနေဖြင့် တရားစီရင်ရေးကို ဥပဒေမဲ့အညိုးအတေး အာဃာတများနှင့် စိတ်ထင်ရာ တစ်ဖက်သတ် လုပ်ဆောင်နေခြင်းဖြစ်ပြီး သေဒဏ်ကို အတည်ပြုလုပ်ဆောင်ခြင်းသည် ကြီးလေးသည့်ပြစ်မှုကြီးကို ကျူးလွန်ခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး ထိုသို့ဆောင်ရွက်မှုအပေါ် ထိရောက်စွာ အရေးယူသွားမည်ဟု ထုတ်ပြန်သည်။

ဗိုလ်ချုပ်ဂွန်မော်
ဗိုလ်ချုပ်ဂွန်မော်

▪️ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်အပါအဝင် လူလေးဦးအား ကွပ်မျက်ရန် စစ်ကောင်စီ၏ ဆုံးဖြတ်ချက်ကို ရှုတ်ချကြောင်းဖော်ပြ၍ ဆန္ဒပြုထား

နောင်တချိန်တွင် ခွင့်မလွှတ်နိုင်လောက်မည့် အမှားမျိုးများ ရှောင်ရှားနိုင်ကြပါစေလို့ဆန္ဒပြုပါတယ်ဟု ဗိုလ်ချုပ်ဂွန်မော်က ရေးသား၍ ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော် အပါအဝင် လူလေးဦးအား ကွပ်မျက်ရန် စစ်ကောင်စီ၏ ဆုံးဖြတ်ချက်ကို ရှုတ်ချကြောင်းဖော်ပြခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက စစ်ကောင်စီ အနေဖြင့် ဦးဂျင်မီဟု လူသိများသော စာရေးဆရာ ကျော်မင်းယု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဖြိုးဇေယျာသော်တို့ အပါအဝင် လူလေးဦးကို ကွပ်မျက်ရန် ဆုံးဖြတ်ကြောင်း ယနေ့ ကြေညာခဲ့ခြင်းကို ပြင်သစ်နိုင်ငံမှ ပြင်းပြင်း ထန်ထန် ရှုတ်ချကြောင်း ထုတ်ပြန်ချက်ကို ဗိုလ်ချုပ်ဂွန်မော်က ဖော်ပြခဲ့ခြင်းဖြစ်သည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်အပါအဝင် လူလေးဦးကို နိုင်ငံတစ်ဝန်း စစ်ကောင်စီ၏ သေဒဏ်အတည်ပြုခြင်းနှင့် စစ်ကောင်စီ လက်အောက်ခံတားရုံးများက ချမှတ်သည့် ပြစ်ဒဏ်အားလုံးသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများကိုပြောင်ပြောင် တင်းတင်းချိုးဖောက်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားရေးဝန်ကြီးဌာနက ဇွန်လ ၄ရက်တွင် ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအနေဖြင့် တရားစီရင်ရေးကို ဥပဒေမဲ့အညိုးအတေး အာဃာတများနှင့် စိတ်ထင်ရာ တစ်ဖက်သတ် လုပ်ဆောင်နေခြင်းဖြစ်ပြီး သေဒဏ်ကို အတည်ပြုလုပ်ဆောင်ခြင်းသည် ကြီးလေးသည့်ပြစ်မှုကြီးကို ကျူးလွန်ခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး ထိုသို့ဆောင်ရွက်မှုအပေါ် ထိရောက်စွာ အရေးယူသွားမည်ဟု ထုတ်ပြန်သည်။

နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အကျိုးဆက်များအား လုံးအတွက် အကြမ်းဖက်စစ်ကောင်စီက လုံး၀တာဝန်ခံရမည်ဖြစ်ကြောင်း တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

Facebook