Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမြို့နယ်နှင့် ပျူအဖွဲ့တစ်ဖွဲ့ကိုBCFကမိုင်းခွဲတိုက်ခိုက်

ပြည်သူများအနေဖြင့် ဒေသတွင်း PDFများ၏ ထုတ်ပြန်ချက်များအား အလေးအနက်ထားလိုက်နာပေးကြပါရန် Black cobra force pakokku (BCF) အဖွဲ့က တိုက်တွန်းထားသည်။

(စစ်ကိုင်းတိုင်းတွင်အကြမ်းဖက်စစ်တပ်ကပျူစောထီးများအားစစ်သင်တန်းသင်ကြားနေသည်ကိုတွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(စစ်ကိုင်းတိုင်းတွင်အကြမ်းဖက်စစ်တပ်ကပျူစောထီးများအားစစ်သင်တန်းသင်ကြားနေသည်ကိုတွေ့ရစဥ်။ ဓါတ်ပုံ-CJ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ပျူစောထီးခေါင်းဆောင်နှင့်အဖွဲ့အား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Black cobra force pakokku (BCF)အဖွဲ့က ပြောသည်။

ယမန်နေ့ ​(ဇွန်လ ၄ ရက်) မွန်းလွဲ ၂နာရီ၁၃မိနစ်ခန့်က မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် လယ်ယာရွာနှင့် ကံလှရွာကြားတွင် ပျူစောထီးအဖွဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပျူခေါင်းဆောင်စန်းသော်ဦးဆောင်သည့်အဖွဲ့ဖြစ်ပြီးထိခိုက်မှုအခြေအနေကို ဆက်လက်စုံစမ်းကြောင်းပခုက္ကူအ​ခြေစိုက် Black cobra force pakokku (BCF) အဖွဲ့က ပြောသည်။

ပြည်သူများအနေဖြင့် ဒေသတွင်း PDFများ၏ ထုတ်ပြန်ချက်များအား အလေးအနက်ထားလိုက်နာပေးကြပါရန် Black cobra force pakokku (BCF) အဖွဲ့က တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ Black cobra force pakokku (BCF) အဖွဲ့က ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ထုတ်ပြန်ချက်များအား မလိုက်နာသည့် ပြည်သူများကြောင့် ၎င်းတို့အဖွဲ့အပါအဝင် Pdfအဖွဲ့ များ၏ ဖျက်သိမ်းလိုက်ရသည့် စစ်ဆင်ရေးများရှိကြောင်း၊ နောက်လာမည့်စစ်ဆင်ရေးများတွင်စည်းကမ်းမလိုက်နာသည့် ပြည်သူများအား လျစ်လျူရှုတော့မည်ဖြစ်ကြောင်း Black cobra force pakokku (BCF) အဖွဲ့ကသတိပေးထားသည်။

ယမန်နေ့က စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်လည်း ခရီးသွားပြည်သူများအား သေနတ်ပြခြိမ်းခြောက်ငွေညှစ်နေသည့် ပျူစောထီးနှစ်ဦးအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း Monywa Satan အဖွဲ့နှင့် မုံရွာ PDFတို့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။