Connect with us

Hi, what are you looking for?

သတင်း

PDFစခန်းဝင်စီးခံရစဥ်ဒဏ်ရာရရဲ​​ဘော်ကဗုံးနှစ်လုံးဖြင့်​နေရစ်ပြီးကျန်ရဲ​ဘော်များလွတ်​မြောက်​အောင်ခုခံရင်းကျဆုံး

အဖွဲ့သားများ၏ အသက်အားလုံးကို မိမိအသက်နှင့်လဲ၍ ရဲဝံ့စွာ ပြန်လည်ခုခံရင်း ကျဆုံးခဲ့ရသော သပိတ်ကျင်းမြို့နယ် ဗိုလ်လင်းယုန်Local ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်02 အား အလေးနီပြုကြောင်း သပိတ်ကျင်းမြို့နယ် (ပကဖ) TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ပြောသည်။

(စစ်ကောင်စီအား ပြန်လည်ခုခံရင်းအသက်ပေးကျဆုံးခဲ့ရသည့် ရဲဘော်)
(စစ်ကောင်စီအား ပြန်လည်ခုခံရင်းအသက်ပေးကျဆုံးခဲ့ရသည့် ရဲဘော်)

ဗုံးခွဲတိုက်တိုက်မှု​ကြောင့်စစ်ကောင်စီတပ်သားခြောက်ဦးသေ

မန္တလေးတိုင်း စဥ့်ကူးနှင့် မတ္တရာမြို့နယ်ကျား PDFတပ်ပေါင်းစုစခန်း ဝင်ရောက်စီးနင်းခံရစဥ် ဒဏ်ရာရရဲဘော်မှ ဗုံးနှစ်လုံးဖြင့် နေရစ်ခဲ့ပြီး ဗုံးခွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၆ ဦးထက်မနည်းသေဆုံးခဲ့ကြောင်းစဥ့်ကူး မြေပြင်ပြောက်ကျား မဟာမိတ်တပ်ပေါင်းစုက ပြောသည်။

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်ကြားရှိ သ.စ.မ တပ်ပေါင်းစုစခန်းကို ဇွန်လ ၃ရက်နေ့ နေ့လယ်ပိုင်းက အကြမ်းဖက် စစ်ကောင်စီမှ စစ်ကြောင်းလေးကြောင်းဖြင့် ဝင်ရောက်စီးနင်းခဲ့သည်။

စခန်းအားစီးနင်းရာတွင် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်၍ဝင်ရောက်ခဲ့သည်။ မြေပြင်ပျောက်ကြား မဟာမိတ်တပ်ပေါင်းစုများက လက်နက်အင်အား၊လူအင်အားမမျှသဖြင့် မိုင်းများဆင်ထားခဲ့ကာ ဆုတ်ခွာခဲ့ရကြောင်း စဥ့်ကူး မြေပြင်ပြောက်ကျား မဟာမိတ်တပ်ပေါင်းစုက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုအချိန်တွင် ရဲဘော် ဇီးတူး(02) အားကျည်ထိမှန်ခဲ့ပြီး၊ ဇီးတူးမှသူ့အားဗုံးနှစ်လုံးပေး၍ ထားခဲ့ပြီး အားလုံးအမြန်ဆုတ်ခွာကြရန် ပြောသဖြင့်မတတ်သာသည့်အဆုံးတွင် သူရဲကောင်းဇီးတူးအားထားရစ်ခဲ့ရကြောင်းစဥ့်ကူး မြေပြင်ပြောက်ကျား မဟာမိတ်တပ်ပေါင်းစုက ပြောသည်။

ယမန်နေ့(ဇွန်လ၄ရက်) နံနက်ပိုင်းတွင်မဟာမိတ်တပ်ပေါင်းစု(သ.မ.စ)ရဲဘော်များအား လုံး ဘေးကင်းလုံခြုံသောနေရာသို့ ရောက်ရှိခဲ့သည်။

နေ့လယ် တစ်နာရီခန့်တွင် အကြမ်းဖက်စစ်တပ်မှာ ပြည်သူ့ရဲဘော်များ ဆင်ထားခဲ့သောမိုင်းများကြောင့် မိုင်းခုနှစ်လုံး ဆက်တိုက်ကွဲခဲ့ကြောင်း၊မိုင်းများကွဲမိုင်းများကွဲသံကြားသဖြင့် ဖုန်းများခေါ်ဆိုကြရာ နောက်ထပ်ငါးလုံး ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း စဥ့်ကူး မြေပြင်ပြောက်ကျား မဟာမိတ်တပ်ပေါင်းစုက အသိပေးသည်။

အကြမ်းဖက်စစ်တပ်ဘက်မှ ၆ ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း စဥ့်ကူး မြေပြင်ပြောက်ကျား မဟာမိတ်တပ်ပေါင်းစုက ပြောသည်။

“ပရဟိတကားများခေါက်တုံ့ခေါက်ပြန်သယ်ယူနေရ၊ ကားပေါ်တွင် သွေးအိုင်များ ဖြစ်ထွန်းသွားကြောင်းအသိပေးအပ်ပါတယ်။”ဟု စဥ့်ကူး မြေပြင်ပြောက်ကျား မဟာမိတ်တပ်ပေါင်းစုက ပြောသည်။

အဖွဲ့သားများ၏ အသက်အားလုံးကို မိမိအသက်နှင့်လဲ၍ ရဲဝံ့စွာ ပြန်လည်ခုခံရင်း ကျဆုံးခဲ့ရသော သပိတ်ကျင်းမြို့နယ် ဗိုလ်လင်းယုန်Local ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်02 အား အလေးနီပြုကြောင်း သပိတ်ကျင်းမြို့နယ် (ပကဖ) TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ပြောသည်။

“တစ်ဖွဲ့လုံးကို အကာကွယ်ပေးခဲ့ရင်း အသက်ပေးသွားတဲ့အပြင် ခင်ဗျားရဲ့ ရဲရင့်တဲ့စိတ်နဲ့ ခုခံမှု့ကြောင့် ခွေး၆ကောင် နေရာမှာတင် ပွဲခြင်းပြီးခဲ့တဲ့အပြင် အများအပြားဒဏ်ရာရသွားခဲ့ကြသေးတယ်တဲ့ဗျ။ ခဗျားအသက်ပေးခဲ့ရတဲ့အတွက် ခွေးတွေသေတာတောင် မပျော်နိုင်ခဲ့တော့ဘူး။”ဟုTR အဖွဲ့က ဝမ်းနည်း​ကြောင်းပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။