Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနား – ပူတာအိုလမ်း၌ စစ်ကောင်စီယာဉ်တန်းကို KIA/PDF ပူးပေါင်းတပ် ကြားဖြတ်တိုက်ခိုက်

မြစ်ကြီးနား – ပူတာအိုလမ်းတွင် စစ်ကောင်စီတပ် ယာဉ်တန်းများ၊ စစ်ကြောင်းများ ဖြတ်သန်းသွားလာတိုင်း KIA/PDF ပူးပေါင်းတပ်များက တိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိသည်။

မြစ်ကြီးနား - ပူတာအိုလမ်း
မြစ်ကြီးနား - ပူတာအိုလမ်း

ကချင်ပြည်နယ် မြစ်ကြီးနား – ပူတာအို လမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့၍ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ပူတာအိုဒေသခံ တစ်ဦးက ပြောသည်။

ပူတာအိုဘက်မှ မြစ်ကြီးနားဘက်သို့ ပြန်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ယနေ့(ဇွန်လ ၈ရက်)နေ့လည် ၁၂နာရီဝန်းကျင်၌ KIA/PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

“ဆွမ်ပရာဘွမ်နဲ့ ခါကရမ်းကြားမှာဟုတ်တယ် တိုက်ပွဲဖြစ်တာ။ အသေအပျောက်ရယ်တော့ မသိသေးဘူး ဖြစ်တာတော့ နည်းနည်းကြာအောင်ဖြစ်တာ။ KIAနဲ့ PDF တွေ ပူးပေါင်း တပ်ဖွဲ့တွေက ရိက္ခာပို့ပြီး မြစ်ကြီးနားကို ပြန်ဆင်းလာတဲ့ ယာဉ်တန်းအဖွဲ့တွေကို လမ်းခုလက်မှာ ဝင်တိုက်တာ။ အဲဒီကနေ တိုက်ပွဲက ပြင်းထန်ပြီး အဲဒီလိုမျိုးတွေဖြစ်ကြတာ”ဟု ဒေသခံက ပြောသည်။

ထိုသို့ တိုက်ပွဲဖြစ်၍ ဆွမ်ပရာဘွမ်ရှိ စစ်ကောင်စီ၏ ရဲဂိတ်က ကားများကို အသွားအလာပိတ်ပင်ထားခဲ့ကြောင်း၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

မြစ်ကြီးနား – ပူတာအိုလမ်းတွင် စစ်ကောင်စီတပ် ယာဉ်တန်းများ၊ စစ်ကြောင်းများ ဖြတ်သန်းသွားလာတိုင်း KIA/PDF ပူးပေါင်းတပ်များက တိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိသည်။

ဓာတ်ပုံ – မြစ်ကြီးနားသတင်းဂျာနယ်

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။