Connect with us

Hi, what are you looking for?

သတင်း

WHO မြန်မာရဲ့ ယာဉ်မောင်းအမျိုးသား ရုံးကနေအပြန် သေနတ်နဲ့ပစ်သတ်ခံရ

သေဆုံးသွားတဲ့ ဝန်ထမ်းဟာWHO မြန်မာရုံးမှာ ၅ နှစ်နီးပါး ကားဒရိုင်ဘာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့သိရပါတယ်။

WHO
WHO

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ဝန်ထမ်းအမျိုးသားတစ်ဦးဟာ မနေ့က ညနေပိုင်း မော်လမြိုင်မှာ သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားကြောင်း WHO မြန်မာက သတင်းထုတ်ပြန်အသိပေးပါတယ်။

WHO ဝန်ထမ်းမျိုးမင်းထွဋ်ဟာ ရုံးကနေ အိမ်ကို မော်တော်ဆိုင်ကယ်နဲ့အပြန် သံလွင်ဥယျာဉ်လမ်းမှာ သေနတ်နဲ့ပစ်ခတ်ခံလိုက်ရတာပါ။

သေဆုံးသွားတဲ့ ဝန်ထမ်းဟာWHO မြန်မာရုံးမှာ ၅ နှစ်နီးပါး ကားဒရိုင်ဘာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့သိရပါတယ်။

အသတ်ခံရတဲ့ မျိုးမင်းထွဋ်ဟာ စစ်​ကောင်စီ အတွင်း​ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး​အောင်လင်း​​ဒွေးရဲ့ ​ဆွေးမျိုး​တော်စပ်သူလို့ စစ်ကောင်ရဲတပ်ဖွဲ့ရဲ့ ရင်းမြစ်တစ်ဦးက People’s Spring ကို​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“မော်လမြိုင်မှာ မနေ့က ပွဲဆူသွားတဲ့သတင်း။ ဟုတ်တယ်။ အသတ်ခံရတဲ့သူက ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ အမျိုးတော်တယ်” ဟုအထက်ပါရဲအရာရှိက​ပြောတယ်။

ဒါအပြင်မျိုးမင်းထွဋ် ဟာ စစ်​ကောင်စီရဲ​တွေနဲ့နီးစပ်ပြီး​မော်လမြိုင်မြို့မှာ ဧည်စာရင်းစစ်ဆေးတာ​တွေမှာ ၊CDM ဝန်ထမ်းမိသားစုဝင်​​တွေကိုခြိမ်း​ခြောက်တာ၊ သက်ငယ်မုဒိန်းမှု​တွေကျူးလွန်းပြီး sex tape နဲ့ခြိမ်း​ခြောက်အကြပ်ကိုင်တက်သူဖြစ်တာ​ကြောင့် ​မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်​ရေးအဖွဲ့ (​မော်လမြိုင် PDO)က ဇွန် ၈ရက်မှာ​သေနတ်နဲ့ပစ်ခတ် ရှင်းလင်းခဲ့တာလို့ ထိုအဖွဲ့ကထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံဟာ စစ်ရေးပဋိပက္ခနဲ့ ကူးစက်ရောဂါဆိုး တပြိုင်နက် ထိုးနှက်တဲ့ဒဏ်ကို ကြုံတွေ့နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂို နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါဟာ ကူးစက်နှုန်း အရရော၊ ကူးစက်မှု အတိုင်းအတာတွေ အရပါ အရမ်းစိုးရိမ်စရာ အခြေအနေမျိုးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အာဖရိက နိုင်ငံနှစ်ခုမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ ကူးစက်မှုတွေကို ကမ္ဘာ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ တစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ နှစ်ပတ်လည် ကမ္ဘာ့ကျန်းမာရေး ညီလာခံ (WHA)ဆီ ထိုင်ဝမ် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဖို့ ခွင့်ပြုမှာ မဟုတ်ကြောင်း တရုတ် အစိုးရက သတိပေး ပြောကြားလိုက်ပါတယ်။